Tuesday, August 31, 2021

စိုးရိမ်ရေအမှတ်


နိူင်ငံရေးမှာတိုက်ဆိုင်မှု့မရှိဘူး ကြိုတင်ကြံစီထားလို့သာတိုက်ဆိုင်မှု့တစ်ခုအနေနဲ့ဖြစ်ပေါ်လာတာ

ယူနီကုတ်သုံးစွဲမှု့ကိုပြောင်းလဲပေးသင့်တယ် နောက်တစ်ခုကပညာရေးဝန်ကြီးဌာနအနေနဲ့ ဗျည်းအက္ခရာတွေယနေ့သင်ကြားနေမှု့အပေါ်ပြန်လည်ပြောင်းလဲပြင်ဆင်သင့်ပြီ

ယူနီကုတ်ရဲ့ရလဒ်ကဘာသာတရားနဲ့အမျိူးသားရေးကိုရည်ရွယ်ချက်ရှိရှိရိုက်ချိူးထားတာကိုတွေ့ရတယ် ဘာသာတရားနဲ့အမျိူးသားရေးကိုဖျက်ဆီးတာအလုံးစုံပျက်သုန်းရေးကိုဉီးတည်နေတာပါဘဲ

ယူနီကုတ်ကဘာကြောင့်ဘာသာရေးကိုဖျက်ဆီးသလဲ ယူနီကုတ်နဲ့ဗုဒ္ဓ စာပေတွေ ပါဠိပတ်ဆင့်တွေကိုအသုံးမပြုနိူင်အောင်တမင်ရည်ရွယ်ထားတာတွေ့ရပါတယ် တချိူ့ရေးတိုင်းအမှန်ထွက်မလာတာတွေရှိပါတယ် ဗုဒ္ဓကိုယုံကြည်သက်ဝင်တဲ့နိူင်ငံမှာဗုဒ္ဓစါပေတွေကိုနေရာမပေးတာအလုံးစုံပျက်သုန်းရေးသို့ဉီတည်တာပါဘဲ

ဘာသာတရားကိုကိုးကွယ်မှု့အားမပေးတာ ဘာသာတရားနဲ့စာပေတွေအပေါ်မှာကန့်သတ်ချက်တွေရှိနေတာက ဗုဒ္ဓကိုသက်ဝင်ယုံကြည်မှု့ကိုအားနည်းစေတာပါဘဲ ဘာသာတရားသက်ဝင်ယုံကြည်မှု့နည်းလာလေလေ အမျိူးသားရေးကျဆုံးလာလေလေပါဘဲ ဘာကြောင့်လဲဆိုတော့မြန်မာနိူင်ငံကဗုဒ္ဓဘါသာအပေါ်မှာဘဲအမျိူးသားရေးကအခြေခံထားလို့ဘဲ

နောက်ထပ်ဆိုးကျိူးက ပျားရည်နဲ့ဝမ်းချတာမည်သည့်ဘာသာစကားမဆိုဘာသာပြန်နိူင်တယ်ဆိုတဲ့မက်လုံးလေးကယူနီကုတ်နဲ့အတူတူယှဉ်တွဲလာတယ် ကျွန်နော်ကအဲလိုဘာသာပြန်နိူင်တဲ့အပေါ်မှာဆိုးကျိူးတစ်ခုကိုမြင်တယ် မိမိနိူင်ငံရေးစီးပွားရေ းစစ်ရေး လျှိူ့ဝှက်ထားတဲ့အရာမှန်သမျှကမ္ဘာကိုချပြထားသလိုမြင်ရတယ် ယူနီကုတ်ဟာမြန်မာနိူင်ငံအတွက်ကပြည်ပသူလျိူတစ်ခုပါဘဲ

နောက်တစ်ခုကဗျည်းအက္ခရာတွေကိုမူလတန်းမှာသင်ကြားတဲ့စနစ်တစ်ခု က၊ခ၊ဂ၊င ဘာကြောင့်(ဃ)ကိုမသင်တော့တာလဲ ဗုဒ္ဓစါပေနဲ့ပတ်သက်တာမှန်သမျှကိုကလေးတွေကိုမသင်တော့တာ ဘာသာတရားနဲ့အလှမ်းဝေးသွားအောင်ကြိုတင်စီမံဆောင်ရွက်ခြင်းမဟုတ်ပေဘူးလား 

ဒီနိူင်ငံမှာဗုဒ္ဓဘါသာကျရှုံးခြင်းဟာနိူင်ငံအတွက်အလုံးစုံပျက်သုံးခြင်းပါဘဲ ဘာကြောင့်လဲဆိုတော့မြန်မာဆိုတာဗုဒ္ဓဘါသာကိုအခြေခံထားလို့ 

အာဖဂန် အင်ဒိုစသည်နိူင်ငံတွေဟာ ကြိုတင်စီမံမှု့အောက်မှာကျရှုံးခဲ့လို့ဘဲ 

မဘသကိုအသက်သွင်းပါ ဓမ္မစကူးတွေတပြည်လုံးပြန့်နှံ့ပါစေ အမျိူးသားရေးကိုရှေ့ရှူပါ မျိူးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်အောင်ဆောင်ရွက်ပါ
မသိသလိုနေသူတွေအတွက် စိုးရိမ်စရာမရှိပေမဲ့ သိနေသူတွေအတွက်က မြန်မာဆိုတာဘာသာရေးအရစိုးရိမ်ရေအမှတ်မှာရှိနေတဲ့နိူင်ငံတစ်ခုပါ

ဗုဒ်ဓသါသနံစိရံတိဌတု
အမျိူးဂုဏ်ဇာတိဂုဏ်