Thursday, August 26, 2021

အစ္စလာမ်မစ်အစွန်းရောက်တွေ..စတင်လှုပ်ရှားလာပြီ


လှုပ်တာနဲ့ငြိလာမဲ့ဂွင်းဆက်တွေ..တနိုင်ငံလုံးက.အစ္စလာမ်တွေပါ..အချိန်တိုအတွင်း.ဖော်ထုတ်နေပါပြီ
အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တစ်ဦးရွှေဘိုမြို့တွင် ဖမ်းဆီးရမိ။

ညလယ်ပိုင်းမှာရွှေဘိုမြို့ရဲ့စည်းကမ်းအရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဗိုလ်မှူးကြီးရဲထွဋ်ဝင်းရဲ့စုဆောင်းရေး၄တပ်ကိုလက်ပစ်ဗုန်းနဲ့လာရောက်ပစ်ခတ်သူတစ်ဦးအားဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကနာမည်ကျော်လူဆိုးထိန်းဘကြီးအောင်လို့နာမည်ကြီးသူဗိုလ်မှူးကြီးအောင်အောင်ရဲ့လေ့ကျင့်ရေး၈က၊ရွှေဘိုသိမ်းငှက်နာမည်နဲ့လူသတ်မိုင်းခွဲပြုလုပ်နေသောPDFအကြမ်းဖက်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူဖောက်ခွဲရေးတာဝန်ခံအောင်ကိုကိုနှင့်အပေါင်းအပါအချို့အားဖမ်းမိခဲ့တာပါ။

ဒါကိုနစကမှလူမှုကွန်ယက်မှာဖော်ပြခဲ့တာကြောင့်ရွှေဘိုတစ်နယ်လုံးမှPDFအကြမ်းဖက်သမားတွေထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

အချို့မှာထွက်ပြေးပုန်းရှောင်ကုန်ကြတဲ့အတွက်NUGအဆိုးရအနေနဲ့ရွှေဘိုခွင်အကြမ်းဖက်စည်းရုံးမှုအစီအစဉ်ပျက်ပြားခဲ့ရပါတယ်။

ဒါကိုကုစားဖို့လိုနေတဲ့NUGအစိုရဟာရွှေဘိုမှာရွှေဘိုသိမ်းငှက်ရှိသေးကြောင်း၊အဖမ်းခံရသည်ဆိုခြင်းမှာမှန်ကန်မှုမရှိကြောင်း၎င်းတို့၏အားထားရသောလော်ဘီပန်ဆယ်လိုနှင့်အခြားမြောက်များစွာသောလော်ဘီတို့မှတဆင့်တုန့်ပြန်ခဲ့ပါတယ်။

ရွှေဘိုသိမ်းငှက်အဖွဲ့ရှိသေးတဲ့အကြောင်းလက်တွေ့သက်သေပြဖို့အတွက်ရွှေဘိုမြို့မှာဗုန်းများလိုက်လံခွဲဖို့NUGအစိုးရမှလက်ကျန်ရွှေဘိုPDFများအားညွှန်ကြားခဲ့ပါတယ်။

နစကအစိုးရဘက်မှာရွှေဘိုPDFတွေအရမ်းကြောက်ရတဲ့နောက်တစ်ယောက်ရှိသေးတယ်လို့ဆိုပါတယ်။ဒုတိယဗိုလ်မှူးကြီးဇော်အောင်လတ်လို့PDFတို့အသိုင်းအဝိုင်းမှသိရပါတယ်။

သူ့ကိုတော့PDFတွေကသားတစ်ထောင်ရှိသူလို့ဆိုကြပါတယ်
။ဒလံမြောက်များစွာမွေးထားပြီးရွှေဘိုတစ်မြို့လုံးရဲ့သတင်းကိုအကုန်သိသူတစ်ယောက်ဖြစ်ပြီးလက်ဦးမှုယူတတ်တဲ့အတွက်PDFတွေသိပ်ကြောက်ကြတယ်လို့ဆိုပါတယ်။

သြဂုတ်လ၂၁ရက်မှာရွှေဘိုမြို့တွင်းဖောက်ခွဲရေးများပြုလုပ်ဖို့အစည်းအဝေးပြုလုပ်ကြရာမှာတော့တာဝန်ယူဖောက်ခွဲဖို့PDFအတော်များများကညင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။

နောက်ဆုံးမှာတော့PDFများအားပြန်တက်လာစေဖို့ဦးဆောင်ဖောက်ခွဲပြရန်အစ္စလာမ်မစ်အကြမ်းဖက်တစ်ဦးကတာဝန်ယူလိုက်ပါတယ်။

၎င်းအကြမ်းဖက်အစ္စလာမ်မစ်ဟာရွှေဘိုစုဆောင်းရေး၄ကိုသွားရောက်ဖောက်ခွဲစဉ်မှာပဲသတင်းအရစောင့်ဆိုင်းနေတဲ့ပူးပေါင်းအဖွဲ့မှဖမ်းဆီးလိုက်တာပါ။

၎င်းရဲ့နာမည်နဲ့နေရပ်ကိုလတ်တလောလျှို့ဝှက်ထားပြီးမကြာခင်ဖော်ပြမယ်လို့ဆိုပါတယ်။

၎င်းအကြမ်းဖက်သမားနဲ့အတူဗုန်းများသေနတ်များဖမ်းမိတယ်လို့လည်းသိရပါတယ်။

ဒီသတင်းဟာမကြာခင်မှာပဲလူမှုကွန်ယက်မှာနာမည်ကြီးလာဦးမယ့်သတင်းတစ်ပုဒ်ဖြစ်လာဦးမယ်လို့သုံးသပ်လိုက်ရပါတယ်။

sittway thitsar(ကရင်ပြည်နယ်)