Monday, August 30, 2021

တပ်မဟာ ၆ နဲ့ PDF


ငြိမ်းချမ်းရေးလိုချင်တဲ့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်းနဲ့ PDF အကြမ်းဖက်သမားတွေကို လက်ခံသင်တန်းပေးနေပြီး NUG ပြည်ပြေးအကြမ်းဖက်အဖွဲဆီကနေ ဒေါ်လာ သန်း ၂၀ကျော်ကို ၂ရစ်ခွဲလက်ခံကာ ကရင်ပြည်နယ်အား စစ်မီးတောက်စေချင်တဲ့ တပ်မဟာ ၆ အတွင်းရေးမှူး စောလစ္စတန်တိုရဲ့ အကွဲအပြဲကြားမှာ KNU တပ်မဟာ ၆ အဖွဲတွေဟာ ၃ဖွဲခန့် ကွဲနေတယ်လို သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၄ရက်ခန့်က KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌပဒိုရွှေမောင်းရဲ့ ဒူးပလာယာခရိုင်အတွင်း PDF နဲ့ NUG စခန်းတွေ ရှိမရှိ စီစစ်အရေးယူရန်ကိစ္စ လက်ရေးမူနဲ့ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဒူးပလာယာခရိုင်အတွင်းရေးမှူး စောလစ္စတန်အနေနဲ့ ယင်းညွှန်ကြားချက်ဟာ ဗဟိုနဲ့ အောက်ခြေတပ်မှူးများရဲ့ သဘောထားမပါဘူးဆိုတဲ့အကြောင်း ပြာပြာသလဲ ငြင်းချက်ထုတ်ခဲ့ပါတယ်။

ပဒိုရွှေမောင်းဘက်ကတော့ ယင်းညွှန်ကြားချက်ဟာ ဗဟိုနဲ့ အောက်ခြေတပ်မှူးတွေဆီကို အကြောင်းကြားပြီးမှ ထုတ်ပြန်ညွှန်ကြားခဲ့တာဖြစ်ကြောင်းနဲ့ ဗဟိုမသိဘဲ လုပ်ဆောင်ခဲ့တာမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဥက္ကဌနဲ့ အတွင်းရေးမှူးကြားက ထင်ရှားလွန်းတဲ့ သဘောထားကွဲလွဲမှုနဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားမှာ ဝေခွဲရခက်နေတဲ့ အောက်ခြေတပ်တွေဟာ နစကတပ်ရဲ့ ကရင်ပြည်နယ်အတွင်း စစ်အင်အားတိုချဲ့ပိတ်ဆိုမှုကြောင့် စစ်မီးတောက်လာမယ့်အရေး စိုးရိမ်ကာ မိသားစုတွေတဲ့အတူ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို တဖွဲဖွဲဝင်ရောက်နေကြပြီး ယခုရက်ပိုင်းမှာ ထိုင်းနယ်စပ် မယ်လဦးဒုက္ခသည်စခန်းမှာ စစ်ရှောင်ဦးရေ တိုးပွားလာနေတယ်လို ထိုင်းသတင်းဌာနတွေက သိရှိရပါတယ်။

အွန်လိုင်းစာမျက်နှာတွေမှာ NLD လော်ဘီတွေရဲ့ အမြဲနိုင်နေသလို ဝါဒဖြန့်ခံနေရပေမယ့် တကယ့်မြေပြင်မှာ နစကစစ်တပ်ရဲ့ နယ်မြေပိတ်ဆိုထားမှုကြားမှာ မလူးသာမလွန်သာဖြစ်နေပြီး စစ်မတိုက်လိုတဲ့အဖွဲ၊ စစ်ဖြစ်လာမယ့်အနေအထားကြောင့် မိသားစုနဲ့အတူ ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးနေတဲ့အဖွဲ၊ အတွင်းရေးမှူး စောလစ္စတန်ရဲ့ ကြေးစားအမိန့်အောက်မှာ မဖြစ်မနေ ခံစစ်ပြင်နေရတဲ့အဖွဲဆိုပြီး KNU တပ်မဟာ ၆ဟာ အဖွဲ ၃ ဖွဲခန့် ကွဲနေကြောင်း ထိုင်းဒုက္ခသည်စခန်းရောက် KNU မိသားစုတချိုဆီက ကြားသိရပါတယ်။

#Credit


Related Posts:

  • #နိုင်ငံရေးခွဲခန်း!🇲🇲#အလွန်နာမည်ကြီးတဲ့ခွဲစိပ်အထူးကု သမားတော်ကြီးတစ်ယောက်ရှိတယ်။#ခွဲစိပ်ခန်းထဲရောက်ပြီဆိုတာနဲ့ သူဆိုတဲ့ သီချင်းလေးရှိတယ်။ ဘာတဲ့!---      " မသေရင်နေ---ရှင်ရင်ရွှေထီးပါကွယ်!--       မရှင်ရင်သေ---သေရင်မြေကြီးပါကွယ်!--"#သူ့သီချင်းလေးက… Read More
  • နိုင်ငံရေး တိုက်စစ် ကစားကွက်       ဒီရက်ပိုင်းမှာ နစက ရဲ့ ထူးခြားတဲ့ တိုက်စစ်ကစားကွက်တွေ ဆက်တိုက် တွေ့လာရပါတယ် ။        ပထမဆုံး ပြည်တွင်း တိုက်စစ်အဖြစ် သမိုင်းမှန်ရေးသားပြုစုရေး အဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာလိုက်တယ် ။ ဘာကြောင့် ဖွဲ့ရသလဲ ဆိုရင် NUG လက်စေ… Read More
  • လုပ်တတ်ဖို့ပဲ လိုတယ်           ထီမရောင်းရလို့ အခွန် နည်းနေသတဲ့လား....?          လျှပ်စစ်မီတာခ မပေးကြလို့ အခွန် နည်းနေသတဲ့လား....?        အရောင်းအဝယ် ပျက်နေကြလို့ အခွန် နည်းနေသတဲ့လား.....?        ခင်ဗျားတို့က ဘာတွေ ပူနေကြတာလဲ ဗျာ.....    ရွှေအုန်း… Read More
  • စိတ်ကူးရေစီး နဲ့ ကျနော်လူညံ့         ကျနော်ငယ်စဥ်က ကလေးတွေ စုပြီး ဘောလုံးကစားတဲ့ အခါ ကိုယ့်စိတ်ကူးပေါက်ရာ ကစားတတ်တယ် ၊ ဘောလုံးလိမ်တာ လူပေးတာပေါ့ ။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ နိုင်တာများသဗျ ။       တနေ့တော့ ရပ်ကွက် လက်ရွေးစင် ရောက်လာပြီး နည်းစနစ်တွေ ပြ… Read More
  • သရဝက် (ပြည်ပြေး) ဖတ်ဖို့......စိန်မာတင်ကျွန်းကိုလွတ်လပ်ရေး မရမှီ အောင်ဆန်းအက်တလီ စာချုပ်စဥ်ကတည်းက ပါမလာပဲ ဆုံးရှုံးခဲ့ရတာကို မသိပဲ ဦးသိန်းစိန်လက်ထက်ကျမှ အမှုရှုံးလို့ ပေးလိုက်ရတယ် ဆိုပြီး သမိုင်းမသိပဲ တိုးရစ်ဂိုက် နဲ့ စာရေးဆရာ လုပ်စားနေတဲ့ သရဝက် (ပ… Read More