■ Information Sheet ဆိုပြီး
ဘာသာ(၄)မျိုးလောက်နဲ့ သံရုံးတွေကို
နေ့စဉ် ပို့နေတာဖြစ်တဲ့အတွက်ကြောင့်
ဒီအချက်အလက်တွေက သံရုံးအတွက်တော့
သိပ်ထူးခြားမှာမဟုတ်ဘူး…..
ဒါပေမယ့် …..
တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ
တရားဝင်ဖိတ်ကြားပြီးရှင်းလင်းနိုင်တာက
ကိုယ့်မှာခိုင်လုံတဲ့ သက်သေရှိတယ်ဆိုတာကို
စိန်ခေါ်ပြနိုင်ခြင်းပါပဲ။
ဥပမာ-
NLD ကိုမဲစာရင်းရှင်းခိုင်းပေမယ့်
ခုလိုမရှင်းနိုင်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးပါပဲ။
■ နိုင်ငံအခြေစိုက်သံရုံးတချို့နဲ့
ထုတ်ဝေရေးသားခွင့်ပိတ်သိမ်းခံထားရတဲ့
မီဒီယာတွေအနေနဲ့
အမှန်တရားတွေကိုဖုံးကွယ်ပြီး
ရေးသားဖော်ပြ
ဘက်လိုက်နေတယ်ဆိုတဲ့ အချက်တွေကို
နိုင်ငံတကာသံရုံးတွေရှေ့မှာ ပြောကြားခဲ့တာက
ထူးခြားမှု တစ်ခုပါ….။
■ ကျန်းမာရေးပစ္စည်းထောက်ပံ့မှု၊
ကာကွယ်ရေးပစ္စည်းလှူဒါန်းမှုတွေအတွက်
မိတ်ဆွေနိုင်ငံတွေကိုကျေးဇူးတင်ကြောင်း
ပြောကြားခဲ့တာတွေ့ရတယ်။
■ နောင်လာမဲ့ ရွေးကောက်ပွဲဟာ
သေချာပေါက် PR စနစ်ဖြစ်လာလိမ့်မယ်ဆိုတာ
အရိပ်အမွတ်ပြောခဲ့တာတွေ့ရတယ်။
■ Fair & Free မဖြစ်တဲ့
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို
ဥပဒေနဲ့အညီဖျက်သိမ်းခဲ့တာဖြစ်တယ်လို့
ရှင်းပြခဲ့ပြီး ၂၀၂၃ မှာ တရားမျှတစွာ
ပြန်လည်ကျင်းပပေးသွားမယ်လို့
ထုတ်ဖော်ပြောကြားသွားခဲ့တာတွေ့ရတယ်။
ဒီလောက်ပါပဲ။
#ဖိုးစီ