ဆေးသိပ္ပံ ပညာရှင်တို့၏ အသည်းနှလုံးကို ကိုင်လှုပ်သည်က ရဲယိုဖြစ်သည်။ ကင်ဆာဖြစ်သည် က သေမိန့် စောင့်ရသူနှင့်လည်း တူလှသည်။ သို့သော် ရဲယို အစွမ်းဖြင့်ကင်ဆာ ကို ပျောက်ကင်းစေမည် လား၊
ကာ ကွယ်နိုင်စေမည်လား စဉ်းစားဖွယ်ဖြစ် တော့၏။
ကင်ဆာရောဂါ အတွက်
အကောင်းဆုံး စမ်းသပ်မှုများကို တိရစ္ဆာန်များဖြင့် စမ်းသပ်ခြင်း ၊ ခန္ဓာကိုယ် ပြင်ပတွင် စမ်းသပ်ခြင်း စသည်
ဖြင့် များစွာပြုလုပ်ခဲ့ကြသည်။
ကင်ဆာဆဲလ် များကို ရဲယို၏ အာနိသင်က တိုက်ဖျက်နိုင်သည်ဟု ဆေး သိပံ္ပပညာရှင် တို့၏ ကြေညာချက်သည် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည် မဟုတ်ပါလား။
ကင်ဆာ ရောဂါရှင်တို့ အတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်ခဲ့သည်။ ရဲယိုသီးတွင် ပါ၀င်သော (xeronine) သည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး ခန္ဓာ ကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာ ဆဲလ် အဖြစ် မပြောင်းလဲနိုင်အောင် ထိထိရောက် ရောက် ကာကွယ်ပေးပါသည်။
ဒါကြောင့် ရဲယိုသီး မှန်မှန် စားသူတွေဟာ အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာ နည်းလှပါသည် ။ ရဲယို တွင် ပါ၀င်တဲ့ ဆေးဖက်၀င် ဓာတုပစ္စည်း (xeronine) ကို ၁၉၇၂ ခုနှစ် က ဟာဝုိင်ရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက်ကီ က စတင်တွေ့တာဖြစ်ပါတယ်။ Xeronine သည် လူတိုင်း အတွက် အနည်းငယ်သာလိုသော ဟိုမုန်း တစ်မျိုးဖြစ်ပါသည်။
ကြွက် များဖြင့် စမ်းသပ်
ဆေးသိပ္ပံ ပညာရှင်များသည် ကင်ဆာရောဂါ ရှိသောကြွက် များအား ရဲယို ကျွေးသော ကြွက်များ နှင့် မကျွေးထားသောကြွက် များအား စမ်းသပ်ရာ ရဲယို ကျွေးထားသော ကင်ဆာရောဂါရှိ သောကြွက် များသည် မကျွေးထား သောကြွက်များ ထက် အသက် ပိုရှည်စွာ နေရကြောင်းတွေ့ရှိရ လေသည်။
*** ကင်ဆာသမား အတွက် အရေးကြီး သောဖြည့်စွက် အစာ *****
အမေရိကန် နဲ့ ဂျပန်နိုင်ငံတွေရဲ့ဆေးရုံ များတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ကုသခံယူသူတိုင်း ရဲယို ကို အဓိက ကျသောဖြည့်စွက်အစာ အဖြစ် စား စေသည်ဟုဆိုပါသည်။
**** ကင်ဆာ ဝေဒနာရှင်အတွက် အထောက်အကူ **
ဝေဒနာရှင်ဟာ ရဲယို ကို အမြဲ တွဲဖက်စားသုံးမယ် ဆိုရင် ကင်ဆာပြန့်ပွားမှုနည်းပြီး၊ နာကျင်မှု ဝေဒနာသက်သာ စေကာ၊ အဟာရဓာတ် ပြည့်ဖြိုးလာပြီး ကိုယ်ခံအား ကောင်းလာစေတဲ့ အကျိုးကို အသေအချာရ မှာဖြစ်ပါသည်။
**** ရဲယို စားသုံးခြင်း ****
ရဲယိုသီး ကိုလည်း စားနိုင်၏ ။ ရဲယို ပါ၀င်သော ဆေးဝါးဖျော်ရည်ကိုလည်း သောက်နိုင်၏။ အစား မစားမီ နာရီ၀က် ကြိုတင် စားသင့်၏။ အကြောင်းမှာ ရဲယိုတွင် ပါ၀င်သော Xeronine ဓာတ်များအား အစာခြေရည်များက ပျက်ဆီးစေနိုင်သောကြောင့်ဖြစ်လေသည်။
**** ထပ်မံ တွေ့ရှိချက် ****
ဟာဝိုင်ရီတက္ကသိုလ်ဆေးသိပ္ပံရှင်များသည် ပိုဆီဆက်ခရိုက်ဒြပ်ပေါင်းတစ်မျိုးကို ထပ်မံ တွေ့ရှိခဲ့ကြသည်။ယင်းဒြပ်ပေါင်းမှာ လူတို့၏ သွေးဖြူဥများအား ကင်ဆာရောဂါကို သာမက အထွေထွေရောဂါဖျက်အစွမ်းသတ္တိများကိုပါ ပေးစွမ်းနိုင်သည်ဟုဖော်ထုတ် ကြေညာခဲ့ သည်ဆိုသည်။
*** အစွမ်းထက်သော ရဲယို *****
ဂျပန် ဆေးပညာရှင်များ ဖေါ်ထုတ်အတည်ပြုသည်မှာ ရဲယိုသီး၊ ရဲယိုရွက်၊ ရဲယိုပင်နှင့် အပင် ၏ အစိတ် အ ပိုင်း အားလုံးသည် လူ၏ ခန္ဓာကိုယ် အထွေထွေ ကျန်းမာ ရေးအတွက် လွန်စွာ အစွမ်းထက်သော သဘာဝဆေးဖြစ် သည်ဟုဆိုလေသည်။
***** ရဲယိုသီး အစေ့ဆီ ****
အသိးအစေ့မှ အဆီအနှစ်ကို ထုတ်ယူ၍ ရောဂါများ ကုသရာတွင် အသုံးပြုကြသည်။ အဆီ တွင် လီနိုလီ် ယယ် အက်စစ် ပါ၀င်မှုကြောင့် အဖောရောဂါ ကုသရာတွင် အသုံး ၀င်ပြီး အရေပြား များကို အစိုဓာတ် ရရှိအောင် ထိန်းထားနိုင်လေသည်။
#ကမ္ဘာ့ သဘာ၀ အစွမ်းထက် ဆေးဝါး
ဟာဝိုင်ရီ ကျွန်းသည် ကမ္ဘာတွင် ရဲယိုသီး ကို ကုန်ကြမ်း အနေဖြင့် ထုတ်လုပ်ရာ နေရာဖြစ်သည်။
ထင် ရှားသော ရဲယိုဆေးဝါးမှာ ရဲယိုသီး အဆီနှင့် ရဲယိုမှုန့် တို့ကို စံချိန်ကိုက် သိပ္ပံနည်းကျ ထုတ်လုပ်ထား သည်။
ကမ္ဘာပေါ်ရှိ အပင်များထဲ တွင် ရဲယိုပင် သည် XERONINE အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီး တွင် ပါ၀င်မှုထက် ရှစ်ဆ ပိုများလေသည်။
*** သွေးကြောကျဉ်း ၊သွေးတိုး ****
ရဲယိုသီး ကို စားသုံးခြင်းဖြင့် သွေးကြောများကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါသည်။ ဆေးဝါး ၏ အပူ ကို ခံစားရပြီး သွေးတိုးရောဂါ ၊သွေးကြောကျဉ်း ရောဂါတို့တွင် အကျိုးရှိအောင်ဆောင်ရွက်ပေးသောဒြပ်ပေါင်း Secpoltin ဖြစ်သည်။
**** မြန်မာ့ ဆေးဝါးပင်များမှ ရဲယို ****
ရဲယို သည် ပုဏ္ဏရိပ် မျိုးရင်းဖြစ်သည်။ ရုက္ခဗေဒ အမည် မှာ Morindaangustifolia Roxb ဖြစ်သည် ။ မြန်မာပြည် အနှံံ့ ပေါက်ရောက်သည်။ မြန်မာ ဆေးကျမ်း များ အလိုအရ ရဲယို သည် ခါး၏၊ အနံ့ပြင်း၏ ။ အနည်းငယ်ပူပြီး လေနှင့် ၀မ်းကို ရွှင်စေ တတ်လေသည်။ ပူစပ်သော အရသာ ရှိ၍ အနည်းငယ် ချဉ်သည်။ သွေး ၊ သည်းခြေ၊ လေ၊ သလိပ် ကိုနိုင်လေသည်။
အသုံးပြုပုံ
======
အရွက်ကို ပြုတ်တို့ စားလျှင် လေချုပ်ရောဂါ၊ ၀မ်းဗိုက်နာ၊ အာခေါင်ပူ၊ သည်းခြေ ဖေါက်ပြန် နှင့် သွေးတိုး ရောဂါ ကို ပျောက်ကင်းသည်။
**** ရဲယိုရွက် ကို ငါးမြွေထိုးသားနှင့်ပြုတ်ပြီး သုပ်စားက ပင်လယ်အူနာ ပျောက်သည်။
*** အရွက်ကို သုပ်စားပါက နို့ချောင်းပိတ်၊ နို့ရေခမ်း၊ သကျည်းကိုက်၊ ၀မ်းရစ်နာ နှင့်နှာခေါင်းသွေးလျှံခြင်း ကိုပျောက်စေသည်။
*****နှလုံးရောဂါ ၊သွေးသွန်ရောဂါ၊ ဆီးချိုရောဂါ များအတွက် ရဲယိုရွက် ကို ဒန့်ဒလွန်ရွက်နှင့် ဟင်းချို ချက်သောက်က ပျောက်သည်။
***** ရဲယိုသီး ကို ပျားရည်နှင့် ခေါက်စားပါက ချောင်းဆိုး၊ ပန်းနာရောဂါပျောက်သည်။
**** ထန်းလျက်နှင့် အသီး ကိုခေါက်စားပါက အစာမကြေရောဂါပျောက်သည်။
အသီးနု ကို သုပ်စား ပါက လေထိုး လေအောင့်နှင့် သွေးတက်ရောဂါပျောက်သည်။
မြန်မာ ဆေးနည်း
============
ရဲယိုသီး အမှည့်(၁၀) လုံး အား ဆန်ကာနှင့် တိုက်ပြီး ထန်းလျက် (၁၀) ဆယ်သားနှင့် ရော၍ လေ လုံအောင် ထားကာ နေလှန်းရသည်။ ထိုဆေးသည် သွေးဆုံးကိုင်ခြင်း၊ ဒူလာ ကိုင်ခြင်းနှင့် အဖေါ ရောဂါကို ပျောက်သည်ဟု နာမည်ကြီးသည်။
အချို့သမား တော်ကြီးများက " မောရင် ရဲယိုစား " ဟု ဆိုစမှတ်ပြုကြသည်။
ရဲယိုနှင့် ငါးခူ
========
ဓာတ်စာ အဖြစ်ပေးကြသည်။ ဟင်းလျာ အစားအစာ ကို ဆေးဖက် ၀င်အောင် စီမံ၍ပေးခြင်းဖြစ်သည် ။
ရှေးဆေးဆရာမြတ်တို့ ဆိုရိုးစကား ရှိသည် ̏ လေမဆက် သေဘက်သို့ နီးလာပြီ ˝ ဟူ၍ဖြစ်သည် ။
အသက်
ကြီးလာလျှင် ယောက်ျား၊ မိန်းမ တို့လေအား မကောင်းချင်ကြ တော့ပါ။
ထိုကြောင့် လေဆက်စေရန် အတွ က်ရဲယိုရွက်နှင့် ငါးခူကို ချက်စားရလေသည်။
ထိုသို့ ချက်စားခြင်းကြောင့် အကြော လေလျှောက်အား နည်းသူ၊ လေဖြတ် လေငန်း ဝေဒနာ ရှင်များ၊ ဆီးနှင့် ကျောက်ကပ် ရှိသူများ၊ အရိုးအဆစ် အားနည်းပြီး ကျီးပေါင်း ရောဂါရှင်များ သက်သာပျောက်ကင်းစေပါသည်။
ရဲယိုနှင့် ပတ်သက်သော အနောက်တိုင်း တွေ့ရှိချက် နှင့်ဆေးကျမ်းတို့က များလှပါသည်။
ဆေးဒါန ကျမ်းမာချမ်းသာ ကြပါစေ။
မူရင်းရေးသူအား ခရက်တစ်ပေးပါသည်။
Crd
yin yin aye