Friday, August 27, 2021

#NLDဦးဝင်းထိန်သားမဂ်လာဆောင်ကိစ္စပေါ်ကုန်ပြီ


NLD ပါတီဗဟိုကော်မတီဝင် 
ဦးဝင်းထိန်၏ ချွေးမနှင့် သမီးဖြစ်သူ တို 
စကားများ ရန်ဖြစ်ကာ 
အပြန်အလှန်ပုတ်ခတ် ပြောဆိုထားသည့် 
screenshot ၄ ခု 
လူမှုကွန်ယက်တွင် ပေါ်ထွက်လာ 
====================================

နှင်းရတနာဇော် ဆိုတာက 
ဦးဝင်းထိန်ရဲ့ သားဖြစ်တဲ့ 
ဆန်းဝင်းထိန် နဲ့ ယူပီး 
သူတို မင်္ဂလာဧည့်ခံပွဲကို 
နေပြည်တော်မှာ 
ခမ်းနားကြီးကျယ်စွာ လုပ်ခဲ့ပီး 
စီးပွားရေးလုပ်ငန်းရှင် အများအပြား 
တက်ရောက် လက်ဖွဲခဲ့ကျတဲ့ 
ထိန်ရီသောည ဆိုပီး 
နာမည်ကြီးခဲ့သည့် မင်္ဂလာဧည့်ခံပေါ့ 

အဲ့တာဆိုရင်တော့ လူတွေမှတ်မိကျမှာပါ။ 
နှင်းရတနာဇော် ဆိုတာက 
အရင်က ကုမုဒြာနှင့် မော်ဒန်ဂျာနယ်တိုမှာ 
သတင်းထောက် လုပ်ခဲ့ပြီး 
ဆန်းဝင်းထိန်နဲ့ လက်ထပ်ပီးတဲ့ နောက်
သတင်းလောကမှ အနားယူသွားခဲ့သူပြီး 
ဘယ်လိုတောင် နားယူသွားသလဲဆို 
၎င်းတို မင်္ဂလာပွဲကိုတောင် 
ဘယ် သတင်းမီဒီယာလောကမှ 
မိတ်ဆွေတစ်ဦးတစ်ယောက်ကိုမျှ 
ဖိတ်ကြားခြင်း မပြုအောင်ကိုပဲ 
အဲ့လောကကနေ 
အပြီးတိုင် အနားယူသွားတဲ့သူဖြစ်ပါတယ်..။

နှင်းရတနာဇော် 
သူ့အကောင့်မှာ ရေးထားတာက 
ဦးဝင်းထိန်၏ သမီးအကြီးဖြစ်သူ 
ဝင်းစုကြည်ဟာ  
လူငယ် ဓာတ်ပုံဆရာတစ်ဦးနှင့် 
ဖောက်ပြန်လျက်ရှိပြီး 
၎င်း၏ခင်ပွန်း၊ 
ဝင်းစုကြည်၏မောင်ဖြစ်သူ 
ဆန်းဝင်းထိန်မှ 
မိသားစုဂုဏ်သိက္ခာ အတွက် 
ဝင်ရောက်တားမြစ်ရာမှ 
၎င်းနှင့်ပါ စကားများရန်ဖြစ်ခဲ့ပြီး 
ဝင်းစုကြည်မှ 
၎င်း၏ လူမှုကွန်ယက်အကောင့်သို 
အောက်ကပုံမှာပါတဲ့ 
ဆဲဆိုကြိမ်းမောင်းသည့် စာ ၄ ခု 
ပေးပိုခဲ့သည်ဟု ရေးသားထားပါတယ်...။

၎င်းရေးသားတဲ့ စာ ၄ ခုမှာ 
နိုင်ငံရေးနှင့် ပတ်သက်သည့် 
အကြောင်းအရာ ၂ ပါတာ တွေ့ရပီး 
ပထမတစ်ခုမှာ 
နှင်းရတနာဇော်ရဲ့ 
မင်္ဂလာပွဲနှင့်ပတ်သက်ပီး 
ဒေါ်စုမှ ဦးဝင်းထိန်အား ခေါ်ယူ 
ဆူပူခဲ့တာကြောင့် 
ဦးဝင်းထိန်အား ဝင်းစုကြည်မှ 
၎င်းနေထိုင်ရာ ဩစတြေးလျသို 
ခေါ်ယူခဲ့ပေးခဲ့ရသာဖြစ်တဲ့ အကြောင်း၊ 
အဲ့နောက်ပိုင်းမှသာ 
ဒေါ်စုက ပြန်ခေါ်သည့်အတွက် 
မြန်မာနိုင်ငံသို ပြန်လာခဲ့ရသည့် 
အကြောင်းအရာဖြစ်ပါသည်။ 

ဒုတိယတစ်ခုမှတေ့ာ 
ဒေါ်စု ဩစတြေးလျ နိုင်ငံသို 
ရောက်တုန်းက 
ဝင်းစုကြည်အား ခေါ်တွေ့ပီး 
နှင်းရတနာဇော်နဲ့ 
သူ့ခင်ပွန်း ဆန်းဝင်းထိန်တိုက 
တရုတ်များနှင့် တွေ့ဆုံစဉ် 
ဒေါ်လာ ၇၀၀၀၀ ယူခဲ့တာကို သိလားလို 
မေးခဲ့တာကို ဝင်းစုကြည်မှ မသိပါဘူးဆိုပီး၊ 
မဖြစ်နိုင်ကြောင်း 
ကာပေးခဲ့သည့် အကြောင်းများ၊ 
အမှန်တကယ်တွင်မူ 
အဲ့တုန်းက ကာမပေးသင့်ဘဲ 
အမှန်အတိုင်း ထိုးချကာ 
ဖြေခဲ့ရမှာဟုဆိုပီး ရေးသားထားသည်များကို 
screenshot တွင် တွေ့ရပါတယ်။ 

ဦးဝင်းထိန်နဲ့ သူ့မိသားစုဆိုတာက 
စီးပွားရေးသမားများနှင့် 
ငွေကြေး အရှုပ်အရှင်းများစွာရှိတယ်ဆိုပီး 
နာမည်ထွက်နေတာဖြစ်ပီး 
ခုလို နှင်းရတနာဇော်ရဲ့ 
လူမှုကွန်ယက်အကောင့်တွင် 
ရေးသားဖော်ပြတဲ့ ထိုကိစ္စ များမှာ 
မှန်ကန်သည့်အပြင် 
ဦးဝင်းထိန်၏သားဖြစ်သူမှာ 
တရုတ်များထံမှ 
ဒေါ်လာ ၇၀၀၀၀ လက်ခံရယူခဲ့သည့် 
ကိစ္စရပ်ကိုပါ အသစ်ထပ်မံသိရှိရပါတယ်။ 
ဦးဝင်းထိန်မိသားစု၏ 
ထိုငွေကြေးအရှုပ်အရှင်း 
ကိစ္စအချိုကိုလည်း 
ဒေါ်စုမှ သိရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။ 

နှင်းရတနာဇော်က 
၎င်းတိုအချင်းချင်း 
ရန်ဖြစ် ပြောဆိုထားသည့် 
screenshot ၄ ခုကို 
လူမှုကွန်ယက်တွင် တင်ခဲ့ပီးနောက် 
မိနစ် ၄၀ ခန့်အကြာတွင် 
ပြန်လည် ဖြုတ်ချသွားခဲ့ပါတယ်။

#Credit