Tuesday, August 31, 2021

နမူနာ အရေးကြီးတယ်


        အိမ်စောင့်အစိုးရ အနေနဲ့ အကြမ်းဖက် သတင်းပေးသူတွေကို ဆုငွေ ချီးမြှင့်မယ်ဆိုတဲ့ ကြေညာချက်ကို ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ် ။ 

    အစိုးရ ရဲ့ ထုတ်ပြန်မှုကို ကြိုဆိုလက်ခံပါတယ် ၊ ဖြစ်စေလွန်းလို့ ရေးခဲ့ကြတာလည်း ကြာခဲ့ပါပြီ ။ ဒါပေမယ့် ယခု ထုတ်ပြန်ကြေညာချက်က လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ် ။ 

       ဥပမာ အကြမ်းဖက် တယောက်ကို ဖမ်းဆီးရမိဖို့ သတင်းအတိအကျ ပေးမယ်ဆိုရင် ဆုကြေး ဘယ်လောက် ၊ လက်နက် နဲ့ တကွ ဖမ်းမိရင် သေနတ်တလက် ဘယ်လောက် ဗုံးတလုံး ဘယ်လောက် အစရှိသည်ဖြင့် ကြေညာပေးနိုင်ရပါမယ် ။

(ဆယ်တန်း ဂုဏ်ထူးထွက်တဲ့ ကလေးကို ၅၀၀၀ ကျပ်သာ ချီးမြှင့်တာမျိုး ပေါက်ပန်းသေး လုပ်ဖူးလို့ မေးတာပါ ၊ သတင်းပေးသူကို သောင်းဂဏန်းလောက် ချီးမြှင့်ရင်ဖြင့် ဘယ်သူကမှ ခေါင်းနဲ့ရင်းပြီး သတင်းမပေးပါဘူး) 

      နောက်တချက် ဘယ်ကို တိုင်ကြားရမှာလဲ ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ် ။ လှို့ဝှက် ကြေးနန်စာတောင် ပေါက်ကြားနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၊ ခရိုင် အဆင့်ရဲစာရေးဒုတ်ကြောင်မတွေ ရှိနေတဲ့ အဖွဲ့အစည်း ၊ အဲသလို အုပ်ချုပ်သူဆီ သတင်းပို့မိရင် ကိုယ့်သေတွင်းကို တူးချိန်မရပဲ ခွေးသေ ၊ဝက်သေ သေရမှာ ပြည်သူဖြစ်ပါတယ် ။ 

(သတင်း​ပေး လုံ​ခြုံ​​ရေး အတွက်စိတ်ချရတဲ့ တိုင်ကြားရေး စနစ် လုပ်ပြီးပြီလား အထူးသဖြင့် အောက်ခြေက မြို့နယ် ခရိုင်အဆင့်မှာ ခိုကပ်နေသေးတဲ့ သစ္စာဖောက်တွေ မသိစေပဲ သတင်း ရယူဖမ်းဆီးဖို့ စီမံထားပါပြီလား ၊ သတင်းအတိပေးသော်လည်း မမိတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်)

         သတင်းပေးတာ နဲ့ အချိန် နဲ့ တပြေးညီ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ယာဥ် ၊ ဖမ်းဆီးရေး အဖွဲ့ တွေ ဖွဲ့စည်းပေးပြီးပြီလား...

(မနက်လင်းစ သတင်းပေးတယ် ညမိုးချုပ်မှ လာရှာတယ် ဝရမ်းပြေးက ကျီးကန်းတောင်းမှောက် နေကြတာလေ ပြေးပြီပေါ့)

         ဦးစွာ အဲသလို လုပ်သင့်တဲ့ အချက်တွေ လုပ်ပြီးပြီလား သိချင်ပါတယ် ။ ဝါးတားတား မက်လုံးပေး ကြေညာချက်တွေ နဲ့ သာယာကြတာ NUG ထောက်ခံနေတဲ့ စောက်ပိန်း အနီတွေပဲ ရှိပါတယ် ။ 

      တပ်မတော်ထောက်ခံသူတွေ အများစုက ဝါးတားတားဆို လက်မခံနိုင်ကြတဲ့ လူမှန်တွေ ဖြစ်ပါတယ် ။ 

      ပစ္စည်းကောင်းကြောင်း ကြေညာချင်ရင် နမူနာ အရင် ပေးသုံးပြခြင်း ၊ စားသုံးစေခြင်းတို့ဖြင့် လူသိများအောင် ပြုလုပ်ရလေ့ ရှိပါတယ် ။ 

    အဲဒါကြောင့် သတင်းပေး ဆုငွေ အဖြစ် နမူနာ ပေးပြဖို့ တောင်းဆိုပါတယ် ။ ဘယ်သူ့ကို ပေးရမလဲ ဆိုတာတော့ လိုင်းပေါ်ကတန်ဖိုးကြီး သတင်းတွေ ပေးနေသူတွေ နဲ့  တိုက်ရိုက်တင်ပြဖူးတဲ့ သူအချို့ကို ပေးလိုက်စမ်းပါ ဗျာ ၊ မြဝတီ နဲ့ မြန်မာ့ရုပ်မြင်သံကြားထက် ဆယ်ဆမက ကြေညာပေးကြပါလိမ့်မယ် ။

      နိဂုံးချုပ် ပြောချင်တာက လောင်းကစားဝိုင်းတွေမှာ ပြောလေ့ ရှိသလို လေထိုး လေလျှော် ၊ ငွေထိုး ငွေလျှော် မို့  လေနဲ့ ဆုငွေ ပေးနေရင် တန်ဖိုးရှိတဲ့ သတင်း ရမှာ မဟုတ်ပါဘူး ။

       ကိုရွှေမျိုးဝင်း


Related Posts:

  • ပြုံယမ်းမှသည် နေပြည်တော်၏အနာဂတ်ဆီသို့(၃)        မြန်မာဟာ 1990 ကျော်ကာလများမှာပြုံယမ်းနဲ့ သံအဆက်အသွယ် ဖြတ်ထားလို့တရားဝင် ဆက်သွယ်ဖို့ မလွယ်ပါဘူး ။ ပြဿနာက 10-10-1983  မှာ ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်အားမြောက်ကိုရီးယား မှ လာရောက် ဗုံးဖောက်ခွဲ၍ ဖြစ်ပါတယ် ။      အဲဒီမတိ… Read More
  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( ၁)      2004 ခုနှစ်၏ နိုင်ငံတော်အဆင့် မိတ်ဆုံစားပွဲတခုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ တဝိုင်းထဲထိုင်၍ အတူစားသောက်နေသော ဝန်ကြီး ၂ ပါးကတော့ကျောက်ဆည်သား ငယ်သူချင်း ၂ ဦးဖြစ်သူ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း နဲ့ တ… Read More
  • UN ဆိုသည်မှာမြောက်ကိုးရီးယားက ညူကလီးယားလက်နက်တွေပစ်လွှတ်ချင်သလောက်ပစ်လွှတ် UN နဲ့ US ကဘာမှမပြောရဲဘူး။မြောက်ကိုးရီးယားနောက်မှာ တရုတ်လက်မဲကြီးရှိလို့။အစ္စရေးက ပါလက်စတိုင်းတွေကို လေယာဉ်နဲ့ဘယ်လောက်ပဲ ဗုံးကြဲ ဗုံးကြဲ UN နဲ့ တရုတ်ကြီးကဘာမှမပြေ… Read More
  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၂)      1998 မေလ မှာ " ပင်လယ်ပြင် စိုးမိုးရေး " ဆိုတဲ့ စီမံချက် ပြုလုပ်ပြီး မြန်မာ့ပင်လယ်အတွင်းရှိ ကျွန်းများ အပေါ်မှာ တရားမဝင် လာရောက်နေထိုင်သူများအား ဖယ်ရှားဖို့ ဆောင်ရွက်ပါတယ် ။      မြန်မာ့ရေပိုင်နက် ကော့သောင်းခရိုင် ခရစ်စတ… Read More
  • တရုတ် + အာဆီယံ + NUGမင်းကိုနိုင်နဲ့ ဒေါတ်တာဇော်ဝေစိုးကPDF တွေကို အိမ်ပြန်ခိုင်းနေတယ်။နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ဆိုတယ်။ဒါက တရုတ်နဲ့ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်အခြေခံတဲ့ ပုံစံပါ။ခက်တာကတရုတ်က မြန်မာကို ငယ်နိုင်ပုံစံနဲ့အနိ… Read More