Monday, August 30, 2021

facebook (တကကဖိုးစီ)copyright credit "သမိုင်းတွေက စိတ်ဝင်စားစရာကောင်းတယ်"


■ ကုန်းဘောင်မင်းဆက် (၁၁)ဆက်ရှိတဲ့အထဲက  ဘကြီးတော်မင်းတရားကြီးက (၇)ဆက် မြောက်ဘုရင်လည်းဖြစ်တယ်။ စစ်ကိုင်းမြို့ကို စားရလို့ စစ်ကိုင်းမင်းလို့လည်း ခေါ်သလို ရွှေနန်းတော်မှာ ဖဲလ်မှန်တွေ အများအပြားနဲ့တည်ဆောက်လို့ ဖဲမှန်ရှင်လို့လည်း ခေါ်ကြတယ်။ နှစ်သက်(၁၈)နှစ်မှာပဲ “ဆင်ဖြူတော်တွေ”ဆက်သခံရလို့ “ဆင်ဖြူများ ရှင်”လို့လည်း နာမည်တွင်ခဲ့သူတစ်ဦးဖြစ်တယ်။  သူ့လက်ထက်မှာပဲ  ကမ္ဘာ့ဦးစကနေ မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ်အထိ အဖြစ်အပျက်တွေအကြောင်းကို ရေးထားတဲ့ “မှန်နန်း  မဟာ ရာဇဝင်တော်ကြီး”ဆိုတာ သူ့လက်ထက်မှာပဲပြုစုရေးသားခဲ့တာဖြစ်တယ်။ မိဖုရား ကတော့ ညီတော်သာယာဝတီမင်းရဲ့ ရေချသတ်ခြင်းကိုခံခဲ့ရရှာတဲ့ နန်းမတော်မယ်နု ဖြစ်တယ်။ (“ဆင်ဖြူမရှင်”ဟာ နန်းမတော်မယ်နုရဲ့သမီးဖြစ်ပြီး၊ စုဖုရားလတ်ကား ဆင်ဖြူမရှင်ရဲ့ သမီးဖြစ်တယ်။)

■ ကုန်းဘောင်မင်းဆက် (၁၁)ဆက်ထဲမှာ တတိယမြောက်မင်းဖြစ်တဲ့ ဆင်ဖြူရှင်မင်း လက်ထက်မှာ ဇင်းမယ်နဲ့ အာသံမဏိပူရတို့ကို အောင်နိုင်ခဲ့တယ်။ သမိုင်းမှာဆိုရင်တော့ ခမည်းတော် မသိမ်းပိုက်နိုင်ခဲ့တဲ့ ထိုင်းကို သူ့လက်ထက်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ တဲ့ မင်းလည်းဖြစ်တယ်။ ဒါပေမဲ့လည်း အဲဒီအချိန်မှာ တရုတ်တွေက မြန်မာနိုင်ငံကို  ကျူးကျော်စစ်(၄)ကြိမ်အထိဆင်နွှဲခဲ့ကြတယ်။ 

■ တရုတ်ကျူးကျော်စစ်(၄)ကြိမ်ရဲ့ ပထမအကြိမ်ဟာ ၊ဗန်းမော်ခရိုင်ထဲက ကောင်တုံမြို့ လေးမှာပဲ အဆုံးသတ်ခဲ့ရပြီး တရုတ်တွေစစ်ရှုံးပြန်ခဲ့ရတယ်။ တတိယအကြိမ်စစ်ပွဲမှာ တော့ တရုတ်မင်းဧကရာဇ်ရဲ့ သမက်ကိုယ်တိုင်  မြင်းစစ်သည်  ၃သောင်း၊ခြေလျင် စစ်သည် (၆)သိန်းနဲ့စစ်ချီလာခဲ့ပြီး စဉ့်ကူးမြို့အထိ ရောက်ခဲ့ပေမဲ့  ရိက္ခာထောက်ပံ့မှုလမ်းကြောင်း ကို ဖြတ်တောက်နိုင်ခဲ့လို့ တရုတ်တို့ စစ်ရှုံးပြန်ခဲ့တယ်။ သက္ကရာဇ် ၁၁၃၀ မှာ စတုတ္ထ အကြိမ်အဖြစ်နဲ့ စစ်သည် (၅)သိန်း(၅)သောင်းခေါ်ဆောင်လာပြီး ဗန်းမော်မြို့ကို သိမ်း ပိုက်ခဲ့ပြန်တယ်။  ဒါပေမဲ့လည်း ဗလမင်းထင်နဲ့ ရှင်ဖြူရှင်ရဲ့ မယားညီအစ်ကိုဖြစ်တဲ့ ဗိုလ်ချုပ် မဟာသီဟသူရတို့ရဲ့ ရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့် တရုတ်တို့စစ်ရှုံးရပြန်တယ်။ သို့သော်လည်း   အကျိုးဆက်အနေနဲ့ အယုဒ္ဓယနဲ့ စစ်ပြိုင်တိုက်ခိုက်နေရတဲ့ အတွက်  ထိုင်း နိုင်ငံဘက်အခြမ်းက နယ်တွေကို လက်လွတ်ခဲ့ရပြန်တယ်။ 

■ ကုန်းဘောင်ခေတ်လို့ဆိုတဲ့ အတိုင်း မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းဟာ အနောက်မြောက် မှာဆိုရင် “အာသံနဲ့ မဏိပူရ”အထိ ပိုင်ဆိုင်ခဲ့သလို တောင်ဘက်မှာဆိုရင် “ဇင်းမယ်”အထိ ကျယ်ပြန့်ခဲ့တာ တွေ့ရမှာဖြစ်တယ်။ ဘကြီးတော်လက်ထက်မှာပဲ အိမ်ရှေ့စံ နန်းတက်ပွဲ ကို ပဏ္ဏာဆက်နိုင်ငံဖြစ်တဲ့ မဏိပူရ ကသည်းစော်ဘွား တွေက မသိကျိုးကျွံပြုရာကနေ စစ်သူကြီး မဟာဗန္ဓုလ ကို အာသံကို စစ်ချီတိုက်ခိုက်စေခဲ့တယ်။ အဆုံးသတ်မှာတော့ “ရှင်မဖြူကျွန်း”မှာ မြန်မာတပ်နဲ့ ဗြိတိသျှတပ်တို့ အချေအတင်းဖြစ်ရာကနေ ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ ဖြစ်ပွားခဲ့တယ်။ အဲဒီစစ်ပွဲကြောင့်ပဲ အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီတို့ကို အင်္ဂလိပ် လက်ထဲ ပေးအပ်ခဲ့ရတယ်။ စစ်ပွဲပြီးစီးကြောင်း ကြေညာချက် ကိုတော့ တနေ့ကခေါင်းဖြတ်အသတ်ခံရတဲ့ “ရန္တပို”ရွာမှာပဲ စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ 

■ ပုဂံမင်းလက်ထက်မှာတော့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ဖြစ်ပွားခဲ့ပြီးအောက်မြန်မာ တနိုင်ငံလုံး  ဗြိတသျှ လက်အောက်ရောက်ခဲ့သလို သီပေါမင်းလက်ထက်မှာတော့ အလုံးစုံ သူကျွန်ဘဝကို ရောက်သွားခဲ့ကြရတယ်။ စစ်ရဲ့ အရှုံးကြောင့် စစ်ပွဲပြီးလို့ စာချုပ်တစ်ခါ ချုပ် တဲ့အချိန်တိုင်း ကြီးမားတဲ့ နယ်မြေပိုင်ဆိုင်မှုတွေကိုပါ ဆုံးရှုံးခဲ့ရတယ်။

■ သူကျွန်ဘဝက လွတ်မြောက်ဖို့ နှစ်ပေါင်း (၁၀၀)ကျော် ကြိုးစားခဲ့ပြီးချိန်မှာတော့ အိန္ဒိယ က မြန်မာထက် လွတ်လပ်ရေး (၁)နှစ်စော ရခဲ့တယ်။ တချိန်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ အာသံ၊ မဏိပူရက  မြန်မာနဲ့မပေါင်းတော့ဘဲ  အိန္ဒိယလက်အောက်ထဲ ဝင်သွားခဲ့တယ်။ 

■ လက်ရှိ ကမ္ဘာပေါ်မှာလည်း အမေရိကန်ရဲ့ အကြီးဆုံးနဲ့  (၄၉)ခုမြောက်ဖြစ်တဲ့ “အလက် စကာ” ပြည်နယ်ဟာ တချိန်တုန်းက  ဆိုဗီယက်နိုင်ငံပိုင်ဆိုင်ခဲ့တဲ့ နယ် မြေတစ်ခု ဖြစ်ခဲ့ တယ်။ စစ်ရဲ့အကျိုးဆက်ကြောင့် တပ်တော်နီတွေ စစ်ရှုံးခဲ့ချိန်မှာ လျော်ကြေးပေးနိုင် ဖို့ရာအတွက် ၁၈၇၆ ခုနှစ်မှာ ဒေါ်လာ ၇.၁ သန်းနဲ့ အမေရိကန်ကို ရောင်းချခဲ့ ရရှာတယ်။ ပြည်နယ်ရဲ့ အကျယ်အဝန်းက စတုရန်းကီလိုမီတာ (၆)သိန်းကျော်ရှိလို့ မြန်မာနိုင်ငံထက် (၂)ဆကျော် ကြီးမားတဲ့ အနေအထားလည်းဖြစ်တယ်။ 

■  ပြောချင်တာကတော့ နန်းတွင်းရေးရာ ရှုပ်ထွေးမှုတွေကြောင့် အာသံနဲ့မဏိပူရ  ကို စစ်ချီရာမှာ အောင်နိုင်ခဲ့ပေမဲ့ ရေရှည် မထိန်းသိမ်းနိုင်ခဲ့သလို  တရုတ်ကျူးကျော်စစ်နဲ့ စစ်မက်များနေချိန်မှာလည်း (၄)နှစ်ကြာအောင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့ အယုဒ္ဓယကို လည်း လက်လွှတ်ခဲ့ရတယ်။ ခုတော့ ကုန်းဘောင် ခေတ်မှာ ပိုင်ဆိုင်ခဲ့ဖူးပါတယ်ဆိုတဲ့ နယ် မြေတွေက သမိုင်းထဲမှာပဲ ပြန်ရှာလို့ရတော့တယ်။ 

#ဖိုးစီ
credit (တကကဖိုးစီ)