Saturday, August 28, 2021

ဆရာမျိုး၀င်း ပွဲစားလုပ်မည်😋😋 ကဲ လာပြီနော်


      ပြည်ဖျက် PDF သတင်းတွေ အတိအကျ ဖော်ထုတ်ပေးရင် အနည်းဆုံး ၅ သိန်းတဲ့ ဗျာ ။ 

       အလုပ်အကိုင် ရှားပါးလို့ စိတ်ညစ်နေသလား PDF မုဆိုး လုပ်ကြည့်ပါ ။ သတင်းပေးမယ့်သူအတွက် လုံခြုံမှု ရှိဖို့ဆိုတာ နယ်ခံရဲစခန်းက အရေးကြီးပါတယ် ။

      အမည် နေရပ် မှတ်ပုံတင် နဲ့ သတင်းပေးရင် လှို့ဝှက်ထားမယ်လို့ ဆိုပါတယ် (အရေးကြီးတာ နယ်မြေခံရဲရဲ့ သစ္စာရှိမှုပါ ဖရဲသီး ဖြစ်နေရင်တော့ သေပြီဆရာပဲ)

        အမည် နေရပ် မဖော်ပြလည်း အရေးယူပေးလို့ သတင်းမှန်ကန်ပြီး ဖမ်းမိခဲ့ရင် အနည်းဆုံး ၅ သိန်းကနေ ဖမ်းမိတဲ့ ပမာဏအရ ထပ်ပြီး ချီးမြှင့်မတဲ့ ၊ အုံလိုက်မိရင် ထောပြီ ဗျာ ။ 

        သတင်းပေးဖို့ ကြောက်နေသလား..? လုံခြုံရတဲ့ တိုင်ကြားရန် နေရာ အဆက်အသွယ် ခက်ခဲနေသလား ကျနော့်ဆီ လာခဲ့ပါ ။ တိကျမှန်ကန်ရင် ကူညီပါ့မယ် ။ 

       ဆုကြေးကိုတော့ နည်းနည်းခွဲပေးရမယ် နော်😁😁😁

        ကဲ မိမိဝန်းကျင်က ကာလအတန်ကြာ ပျောက်နေပြီး ယခုမှ ပြန်ရောက်နေသူတွေ ၊ သူစိမ်းတွေ ရှိနေရင် သတင်းပေးလို့ ရပါပြီ ။ 

      ကိုရွှေမျိုးဝင်း

 (သတင်းသေချာအောင် လေ့လာပြီး ဆုကြေးချည်း မက်မနေနဲ့ လှူလို့ အလကားရမယ့် နာနတ်သီးထက် နောက်က ဓားလည်း ကြည့်ရှောင်နိုင်အောင် အကင်းပါးကြပါ)