Saturday, August 28, 2021

အဆင်အကွက် နဲ့ ထင်မြင်ချက်


        မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အိမ်စောင့်အစိုးရ ရဲ့ အဆင်အကွက် နဲ့  ဖရဲသီးတွေရဲ့ ထင်မြင်ချက်တွေကို ပရိတ်သပ်တယောက်အနေနဲ့ ယခုလို ကောက်ချက်ချကြည့်မိပါတယ် ။ 
       ပထမဆုံး ပြည်တွင်းရှိ စိမ့်ဝင်နေတဲ့ လက်နက်တွေဟာ KIO KIA ကတဆင့် လာနေတယ် ဆိုတာကို ပြောသွားပါတယ် ။ ဒါဟာ KIO. KIA. တို့ရဲ့ နိုင်ငံရေးဆွေးနွေးရမယ် ဘာညာ နဲ့  အချိုကျွေးပြီး အချဉ်ဖောက်တဲ့ လုပ်ရပ်ကို တပ်မတော်က သိပြီးသား လို့ ကမ္ဘာသိ ဖွင့်ပြတာပါ ။ 
    သဘောကတော့ ပြည်တွင်း အကြမ်းဖက် သတ်ဖြတ်မှုတွေရဲ့ လက်ရင်းတရားခံ KIA ကို ဝင်တိုက်ရင် ဘာမှဝင်မပြောကြနဲ့ ဒါကြောင့် တိုက်တာပဲလို့ ကြိုကန်လိုက်တဲ့ အကွက် ဖြစ်ပါတယ် ။ 
...နောက် PDF နဲ့ ပတ်သက်ရင် ကျန်တဲ့ EAOs တွေ အတွက် သံချောင်းခေါက်ပြတဲ့ အချက်ဖြစ်ပါတယ် ။ PDF အတွက် တည်ရာမှီရာ မဲ့ပြီး သောင်ပြင်လွှတ်တဲ့ ခွေး ဖြစ်အောင် လုပ်လိုက်တဲ့ အဆင်အကွက်ပါ ။
       နောက်အရေးကြီးတဲ့တချက်က မဲလိမ်နည်းတွေ ဖွင့်ချပြထားတဲ့ ကိစ္စ ပြန်ကြည့်ရင် ငြင်းမရအောင် ပြနိုင်တာ တွေ့ရတာ ၊ ယခင်အကြိမ်တွေရဲ့ မဲစာရင်းတွေ ပျင်းစရာကောင်းအောင် ကြေညာနေတဲ့ ဒဏ်ကြောင့် ဒီတကြိမ် လူတွေ စိတ်မဝင်စားတော့တာ ပြန်ကြားရေးရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲ ။  
        မြန်မာတွေ ပျင်းရိစေတဲ့ မဲခိုးမှု သက်သေတွေဟာ နိုင်ငံတကာအတွက် အဖိုးတန် အချက်တွေ ဖြစ်နေပါတယ် ။ ဒါက NLD ပါတီအတွက် အနာဂါတ် မရှိတော့ဖူး ဆိုတဲ့ ရှင်းလင်းချက်ပါ ။ လောလောဆယ် ပြည်ဖျက်တရားခံ အဖြစ် လက်ညှိုးထိုးပြစရာ ပါတီဖြစ်နေသေးလို့ ချန်ထားသေးတဲ့ သဘောပါ ။ 
      အဓိက ဆိုလိုရင်းပြီးတဲ့ နောက် ဖရဲသီးလှုပ်ရှားမှု လက်စလက်နတွေ တွေ့ရပါတယ် ။ 
    ဦးဆုံး လျှပ်စစ်ဝန်ကြီးဌာန ဖြစ်ပါတယ် ။ သတင်းထုတ်လွှင့်ချိန် အတွင်း မြို့ပေါင်း ၄၄ မြို့ထက်မနည်း မီးဖြတ်ပစ်ပါတယ် (ပျက်တာ မဟုတ်ဖူး အချိန်ကိုက် တမင်ဖြတ်ထားတာပါ)
     နောက် ရုပ်သံဌာနတွေ လွှင့်ထုတ်နေတာ တပိုင်းတစ နဲ့ ရပ်သွားပြီး MRTV က ဝန်ထမ်းတဦး ယခင် NLD လက်ထက်က လိုဂို နဲ့ ရိုက်ကူးရေး လုပ်ပြထားတာတွေဟာ တိုက်ဆိုင်မှုလို့ ယုံကြည်ဖို့ ခက်ခဲနေပါပြီ ။ 
     ကောင်းပြီ ဖရဲသီးတွေ ဘာကြောင့် ဒီလို အတင့်ရဲနေကြသလဲ ဆိုရင် သူတို့ ထင်မြင်ချက်ကို လေ့လာကြည့်ပါ ။
     သူတို့ထင်နေတာက NUG သာ အာဏာပြန်ရမယ် စစ်အစိုးရ ပြုတ်ကို ပြုတ်ရမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေလို့ လုပ်ကြတာပါ ။ 
      စစ်တပ်သည် NUG ကို ကြောက်နေလို့သာ ၅၀၅ တွေကို ပြန်လွှတ်နေပြီး CDM ဝန်ထမ်းတွေကို အလျှော့ပေးနေတာလို့ ယူဆထားကြပါတယ် ။ လမကုန်ခင် ပြည်လုံးကျွတ် တော်လှန်ရေး D Day ဆင်နွဲပြီးရင် NUG အာဏာရပြီလို့ ယုံကြည်ကြလို့ ယခုလို ဆောင်ရွက်နေကြတာပါ ။
     ဒီတော့ အိမ်စောင့်အစိုးရ အနေနဲ့ ဝန်ထမ်းအုပ်စုရဲ့ သစ္စာမဲ့မှုအပေါ် ဆက်လက်သည်းခံ ချော့မြှူနေပါက ပိုဆိုးလာဖို့ပဲ ရှိနေပါတယ် ။ 
      PDF ကို အပြတ်ရှင်းသလို ဌာနဆိုင်ရာ ဖရဲသီးတွေကို အရေးတကြီး ရှင်းပစ်ဖို့ လိုအပ်နေပါပြီ ။ 
         ကိုရွှေမျိုးဝင်း
(ရှေ့က ထိမ်းမောင်းနေသူထက် နောက်ကလိုက်ရတဲ့ ပြည်သူတွေရဲ့ အဖြစ်က သက်တောင့် သက်သာ မရှိဖူး ဆိုတာ သိဖို့)