မန်ခွမ် နဲ့ မန်ပိန်းကြားမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်း ကို KIA တပ်မဟာ ၆ နဲ့ MMDA ကိုးကန့်တပ်တွေပေါင်းပြီး ခြုံခို ချောင်းတိုက်ကြတယ် ( အရာရှိ စစ်သည် ၈ ဦး ကျဆုံးတယ်....ခမရ ၅၂၅ ) ။
အဲဒါကို တပ်ရင်းလိုက်ကျဆုံးပြီး တပ်ရင်းမှူး နှစ်ယောက် သေသတဲ့ ။ ဖွနေတဲ့ သတင်းတွေ ပလူပျံနေတာ မြင်မကောင်းဖူး ။
ဒီသတင်း နဲ့ ပတ်သတ်ပြီး တာဝန်ရှိ စစ်ဒေသမှူးကြီးတွေကို မေးချင်တာ တခုတော့ ရှိပါတယ် ။ ကျနော်တို့ ကြားသိထားတဲ့ သတင်းများ အရ ယခုအချိန်မှာ ရဟတ်ယာဉ်က အစ တိုင်းမှူးအမိန့် နဲ့ သုံးစွဲခွင့်ပြုထားတယ်လို့ သိထားပါတယ် ။
နောက် မြန်မာ့တပ်မတော်မှာ ဒရုန်းစက်ရုံကို ၂၀၁၂ လောက်ကတည်းက တည်ဆောက်ပြီးကြောင်းလည်း သိရပါတယ် ။
ယခုလို စစ်ကြောင်းချီတက်ပြီ ဆိုရင် ဒုတိယ ကမ္ဘာစစ်ကလို ပှိုင့်လွှတ် ချီတက်ခိုင်းတုန်းလား ဆိုတာ သိချင်ပါတယ် ။
တပ်မတော်ထုတ် ဒရုန်းတွေက ကင်းထောက်အလုပ်တောင် မလုပ်နိုင်ဖူးလား ။ အဲလောက်မှ သုံးမရရင်လည်း ဘာကြောင့် ဒရုန်းအတွက် ငွေကုန်ခံနေကြသလဲ ဆိုတာ မေးချင်ပါတယ် ။
ဒရုန်းတွေက သုံးလို့ ကောင်းပါလျှက်နဲ့ စစ်ကြောင်းတွေကို ဒုတိယကမ္ဘာစစ်က နည်းအတိုင်း ချီတက်ခိုင်းတယ်ဆိုရင်တော့ အဲဒီ အမိန့်ပေး တဲ့ တပ်မှူးကို စီစစ်ဖို့ လိုနေပါပြီ ။
နိဂုံးချုပ် ပြောချင်တာက ဒီခေတ်ထဲမှာ အပျော်တမ်းသုံး ထောက်လှန်းရေး ဒရုန်း တစင်းဆိုတာ သိန်းဂဏန်း နဲ့ ရနိုင်နေပါပြီ ။ ဘာကြောင့် တန်ဖိုးဖြတ်မရတဲ့ ရဲဘော်တွေ အတွက် မရင်းကြပဲ လူတွေ ရင်းနေရတာလဲ ။ ညဖက်ဆိုရင်လည်း ညကြည့် ကင်မရာတွေ ပေါ်နေတာ ကမ္ဘာဆွေးနေပါပြီ လို့ ဖြည့်စွက်ပါတယ် ။
ကမ္ဘာ့အဆင့် တက်လှမ်းဖို့ ကြိုးစားနေတဲ့ တပ်မတော်မှာ ဒရုန်းကို စစ်ကြောင်းချီတက်ရာမှာ မသုံးနိုင်သေးတာဟာ သက်ဆိုင်ရာ တပ်မှူးရဲ့ မိုက်မဲ ညံ့ဖျင်းမှုကြောင့်လို့ သုံးသပ်ကြပါလိမ့်မယ် ။
တပ်မတော်ကြည်း အတွက် ပြီးပြည့်စုံသော လမ်းကြောင်း လုံခြုံမှုလောက်မှ စီမံမပေးနိုင်သော ထောက်ပံ့အုပ်ချုပ်မှု စွမ်းရည်အား တည့်တည့်ကြည့်ပြီး ပြန်လည်သုံးသပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ ။
တည့်တည့်ပြောရရင် ယနေ့ တပ်မတော်သုံး နည်းပညာ နဲ့ အရာရှိတပ်မှူးတွေ ရဲ့ အရည်အချင်း က ဘာလဲ ဘယ်လဲ ဆိုတာ ပြည်သူတွေ သိချင်နေပါတယ် ။ ခင်ဗျားတို့ တပ်မှူးတွေ စီမံထောက်ပံ့မှု ညံ့ဖျင်းတိုင်း ရဲဘော်တွေ ကျဆုံးသတင်းဖတ်နေရတာ ရင်နာနေရပါတယ် ။
ကိုရွှေမျိုးဝင်း