Tuesday, August 31, 2021

စောင့်ရှောက်ခြင်း ဟူသည်


            တပ်မတော်မှာ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ ဆက်ဆံဖူးတဲ့ စစ်သည်တိုင်း သူ့ကို တသက်တာ မေ့မရတဲ့ အရာကြီးအဖြစ် လေးစားခဲ့ကြတာ အကြောင်းရှိပါတယ် ။ 

          တနေ့ တိုင်စာတစောင်ကို ဗိုလ်ချုပ်ကြီးက အစည်းအဝေးခန်းထဲမှာ ဖတ်​ပြတယ် ။ တိုင်သူက ဒု အရာခံဗိုလ် တယောက် ။ မိသားစု များလွန်းလို့ ရုံးပိတ်ရက်မှာ ပန်းရံလုပ်ပြီး အပိုဝင်ငွေ ရှာရတယ် ။ 

       အထက်အရာရှိက ဂျူတီအတင်းချလို့ ဒုက္ခများရကြောင်း အဲဒီပြဿနာကို ကူညီပေးပါရန် တိုင်ကြားတာပါ ။ ဒီလို လူတွေကို ကိုယ်ကတောင် ပံ့ပိုးရမှာကို တာဝန်တွေ ဂျူတီတွေ အကြောင်းပြပြီး အနိုင်ကျင့်တာ မကြိုက်ကြောင်း ၊ အခြားအစားထိုးလို့ ရပါလျှက် နောက်နောင် ဒါမျိုးကြားသိရလျှင် မိမိကိုယ်တိုင် စုံခုံဖွဲ့ပြီး ယင်းအရာရှိအား ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောကြားခဲ့ပါတယ် ။ 

        နောက်ထပ် တိုင်စာ တခုက ပင်စင်စား ဆရာကြီးဟောင်း အဖိုးအိုကြီး တယောက်က တိုင်ကြားတာပါ ။ ဒီအဖိုးအိုကြီးဟာ တွေ့မြင်သမျှ အရာရှိများကို ကြီးငယ်မဟူ လေးစားစွာ အလေးပြု နုတ်ဆက်လေ့ ရှိပါတယ် ။ 

      ဗိုလ်ချုပ်ကြီးတင်ဦး သွားရာ လမ်းမှာ အမြဲတွေ့နေရပြီး ဗိုလ်ချုပ်ကြီးကိုယ်တိုင် လေးစားသမှုနဲ့ ပြန်ပြီး အလေးပြု နုတ်ဆက်နေကြပါပဲ ။ 

    ကပ္ပတိန်ပေါက်စတွေက သူ့အပေါ် ပမာမခန့် ဆက်ဆံတာကို ဝမ်းနည်းလို့ ဗိုလ်ချုပ်ကြီးတင်ဦးဆီ တိုင်ကြားတာပါ ။ ဒါကိုလည်း လေးလေးစားစား ဖတ်ရှုပြီး အရာရှိငယ်တွေကို စစ်မှုထမ်းဟောင်းများအပေါ် အလေးထား ဆက်ဆံကြဖို့ ဆုံးမပါတယ် ။ 

      နောက်ဆုံး တချက်ကတော့ လုံခြုံရေး ဆောင်ရွက်ရတဲ့ ရဲဘော်လေးတွေကို နေ့စားစရိတ် တရက် ၁၀၀၀ိ / ရရှိရေး အတွက် ဆောင်ရွက်ပေးခဲ့တာလည်း ဗိုလ်ချုပ်ကြီး တင်ဦးပါပဲ ဆိုတာ ယနေ့ ရဲဘော်သစ်လေးတွေ သိသူ အလွန်နည်းပါလိမ့်မယ် ။ 

     အညတရ စစ်သည်တွေအပေါ် အဲဒီလို စောင့်ရှောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို ရဲဘော်တွေ တသသ ဖြစ်နေတာ ဆန်းသလားဗျာ ၊ လူသေပေမယ့် နာမည် မသေတဲ့ အာဇာနည်ကြီးပါပဲ ဗျာ ။ 

      ကျနော်ပြောချင်တာက အဓိက အဲဒါ မဟုတ်ဖူး ဗျ ။ ပြောချင်တဲ့ ပြဿနာက လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွေရဲ့ ​လုပ်စားကွက်တွေကြောင့် ဒုက္ခရောက် နစ်နာရသူတွေ အများကြီးထဲက တယောက်အကြောင်း ပြောချင်တာပါ ။ 

         ပြင်ဦးလွင်မြို့ ရေချမ်းအိုးရွာက ဦးသာဒင် ပိုင်တဲ့ လယ်မြေ တဧက ကို ဦကျော်မောင်က ဝယ်ယူခဲ့ပါတယ် ။ ကျေးရွာထောက်ခံစာ ၊ သတင်းစာမှ ကန့်ကွက်ရန်ကြေငြာခြင်း အစရှိသဖြင့် ဥပဒေနဲ့ အညီ ဝယ်ယူခဲ့ပါတယ် ။ 

        တနေ့ ဦးကျော်မောင် ပိုင်တဲ့ အဆိုပါ မြေကို ဦးမျိုးလွင်ရဲ့ သား နဲ့ သားမက်တို့က ဝင်ရောက် လက်ညှိုးထိုးကျူးကျော် ခဲ့ပါတယ် ၊ ကျေးရွာ အုပ်ချုပ်သူများကလည်း ယင်းဖြစ်စဥ်မှန်ကြောင်း ထောက်ခံစာ ထုတ်ပေးပါတယ် ။

     ရပ်ကျေး လယ်စီမှာ အမှုဖြစ်တော့ အကြောင်းသိ ရပ်ကျေး လယ်စီက ပိုင်ရှင်အစစ် ဦးကျော်မောင်ကိုပဲ အနိုင်ပေးလိုက်ပါတယ် ။ 

     အဲဒါကိုပဲ ဦးမျိုးလွင်က မြေစာရင်း ၊ လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ပုံစံ ၁၀၅ နဲ့ ပုံစံ ၇ ထွက်အောင် ဖန်တီးရယူပြီး သူက တပြန် တရားစွဲထားပါတယ် ။ 

        လယ်ယာမြေ ဥပဒေအား ကျော်လွန်ပြီး မမြဲဦးပိုင် မြေအား ပုံစံ ၇ ထုတ်ပေးခြင်း နဲ့  အကြောင်းသိ ရပ်ကျေးလယ်စီ ရဲ့ ဆုံးဖြတ်ချက်ကို ကာလသတ်မှတ်ချက်ကျော်လွန်ပြီးမှ ဆောင်ရွက်နေခြင်း အပေါ် အမျိုးမျိုးတိုင်ကြားခဲ့ပေမယ့် အကြောင်းထူးခြင်း မရှိခဲ့ပါဘူး ။

     နောက်ဆုံးတိုင်ကြားထားတဲ့ 29-6-2021 အဂတိတိုက်ဖျက်ရေး ကော်မရှင်ကတော့ ဘယ်လို လာမယ် မသိရသေးပါဖူး ။ 

      အထောက်အထား အများအပြားနဲ့ မတရားမှုကို ''မင်း''နားပေါက်အောင်  ရေးပေးလို့ အကူညီတောင်းလာပါတယ် ။ 
ပထမတော့ ကျနော်လည်း ဒီလို ပုဂ္ဂလိက ပြဿနာတွေကို ရေးလေ့ မရှိသလို အမှုပွဲစား မဟုတ်လို့ မရေးတော့ဖူးလို့ စိတ်ကူးပါတယ် ။ 

        ဦးကျော်မောင် ဖုန်းဆက်ပြောတော့မှ ကျနော် အံ့သြသွားမိတဲ့ အချက်ကြောင့် ရေးမှ ရပါတော့မယ်လို့ ဆုံးဖြတ်ရပါတယ် ။

    ဘာကြောင့်လဲဆိုတော့  ဦးကျော်မောင်က  တပ်မတော်နည်းပညာတက္ကသိုလ်က ဒုတိယဗိုလ်မှူးကြီး တဲ့ ။ 

       သူ့တပည့်တွေ အများအပြား အရာရှိကြီးငယ်တွေ လက်ညှိုးထိုး မလွဲ ဒီလို ပုဂ္ဂိုလ်က ကျနော်လို သာမန် အရပ်သားကို လူကြီးတွေ သိအောင် ရေးပေးပါလို့ အကူညီတောင်းတာ ကြည့်ခြင်းအားဖြင့် ဗိုလ်မှူးကြီးရဲ့ ရိုးဂုဏ်ကို ကျနော် ကောင်းစွာ သိလိုက်ရပါပြီ ။ 

         ဗိုလ်ချုပ်ကြီးတင်ဦးလို အညတရစစ်သည် တွေကို ကူညီစောင့်ရှောက်ခဲ့လို့ နာမည်မသေတဲ့ အာဇာနည် ဗိုလ်ချုပ်ကြီးကို အတုယူပြီး ယခု ပြန်တမ်းဝင် အရာရှိကြီး ဖြစ်တဲ့ နည်းပညာတက္ကသိုလ် မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ကျော်မောင်ရဲ့ အမှုအား ဖြစ်စဥ် အမှန် ပေါ်ပေါက်သည် အထိ တိကျမှန်ကန်စွာ စီစစ် စစ်ဆေး ဖော်ထုတ်ပြရင်း စောင့်ရှောက်ပေးစေချင်ပါတယ် ။ 

      အဆိုပါ ပုဂ္ဂိုလ်များဟာ အခြား သတင်းဇစ်မြစ်များ အရ ရိုးသားတဲ့ တောင်သူတွေ အပေါ်မှာ ယခုကဲ့သို့ ပြုမူ၍ အကျင့်ပျက် မြေစာရင်း ဝန်ထမ်းများနှင့် ပေါင်းကာ အနိုင်ကျင့် ဗိုလ်ကျမှု များစွာ ကျူးလွန်ခဲ့ကြောင်း ကြားသိထားပါတယ် ။ 

     မာဖီးယား ဂိုဏ်းသဖွယ် အတင့်ရဲလှသော ပြင်ဦးလွင် မြေစာရင်း နှင့် လယ်စီ အပါအဝင် လူဆိုးဂိုဏ်းများ ဟာ နိုင်ငံအနှံ့ ရှိနေနိုင်ပါသဖြင့် ယခု အမှုမှ စတင်ခြေရာခံ နှိမ်နင်းပေးပါရန် တင်ပြလိုက်ရပါတယ် ။ 

        ဦးကျော်မောင်ရဲ့ တိုင်စာအား မူရင်း အတိုင်း ပူးတွဲ တင်ပြလိုက်ပါတယ် ။   

      ကိုရွှေမျိုးဝင်း  

(ပူးတွဲ (၃) ဦးမျိုးလွင် အမည်ဖြင့် ထုတ်ပေးထားသော ပုံစံ (၁၀၅) မိတ္တူ)
 
(ပူးတွဲ (၄) ဦးသာဒင်၏ ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာမိတ္တူ)]
 
(ဃ) မြေပုံတစ်ခုတွင် မပါမဖြစ်ပါရှိရမည့် အရပ်မျက်နှာအညွှန်း သတ်မှတ်ဖော်ပြထားခြင်း မရှိပါ။ 

[(ပူးတွဲ (၃) ဦးမျိုးလွင် အမည်ဖြင့် ထုတ်ပေးထားသော ပုံစံ(၁၀၅) မိတ္တူ)]

၇။ အထက်ပါအကြောင်းအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာလယ်စီအဖွဲ့အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မလျော်သြဇာသုံးထားသည်မှာ ထင်ရှားလှပါသည်။

၈။ ယင်းသို့ ဥပဒေချိုးဖောက်၊ မလျော်သြဇာသုံးပြီး ပုံစံ(၇)များ ထုတ်ပေးနေခြင်းသည် ယင်းပုံစံ(၇) များကို လက်နက်သဖွယ်အသုံးပြု၍ သူတစ်ပါးမြေများကို အတင်းအဓမ္မသိမ်းပိုက်နေသူများကို တစ်ဖက် တစ်လမ်းမှ အားပေးကူညီရာ ရောက်ပါသည်။

၉။ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဌ ပြောခဲ့သည့် “ဥပဒေဆိုတာ လိုက်နာဖို့ပြဌာန်းထားတာ၊ မလိုက်နာဘူးဆိုရင် အဲဒီဥပဒေကို ဖျက်သိမ်းလိုက်မှာပေါ့” ဟူသော စကားအတိုင်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကိုလည်း မလိုက်နာပါက ဖျက်သိမ်းရန်သာ ရှိတော့သည်။

၁၀။ သို့ဖြစ်ပါ၍ အခြေခံပြည်သူများ၏ဘဝကို စာနာပြီး အမှန်တရားအား ဖော်ထုတ်ပေးသည့်အနေ ဖြင့် ဥပဒေချိုးဖောက်ပြီး ပုံစံ(၇) ထုတ်ပေးခဲ့သော သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား ဥပဒေ အတိုင်း အရေးယူပေးနိုင်ပါရန် ရိုသေစွာ တင်ပြတိုင်ကြားအပ်ပါသည်။