Wednesday, August 25, 2021

👺 နီပိန်းတို့အမေး 😇 နီမပိန်းသူအဖြေ


👺: ကျုပ်တို့မှားသလား? တိုက်ပွဲတွေဖန်တီးသူထက် တိုက်ပွဲတွေမရှိအောင် လုပ်သူကိုချစ်တာ ကျုပ်တို့မှားလား?
😇: ဒေါ်စုကြည် မြန်မာပြည် ပြန်ရောက်ပြီး ၁၉၈၈ နောက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တယ်၊ ၂၀၁၂ ဒေါ်စုကြည်လွှတ်ထဲဝင်လာတော့ ရခိုင်မှာ ပဋိပက္ခဖြစ်တယ် ကချင်မှာတိုက်ပွဲတွေဖြစ်တယ်၊ ၂၀၁၅ NLD အစိုးရဖြစ်တော့ ရခိုင်ပြည်နယ် ၅ နှစ်လုံးမငြိမ်းချမ်းဘူး။

👺: တိုင်းပြည်ကို မငြိမ်းချမ်းစေချင်သူထက် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်သူကိုချစ်တာ ကျုပ်တို့မှားလား?
😇: တိုင်းပြည် မငြိမ်းချမ်းစေချင်လို့ ကိုဖီအာနန်ကော်မရှင်ခေါ်တာ ရခိုင်အရေး ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင်လုပ်တာ ရိုဂိန်ညာမရှိကြောင်း စကားတလုံးမပြောတာ၊ ကရင်ပြည်နယ်မှာ ဗမာတွေဟာ ကြောလည်းကြေားတယ် ကြွားလည်းကြွားတယ် ပြောပြီးရန်သွားတိုက်တာ အဲ့တာလား ငြိမ်းချမ်းစေချင်သူ။

👺: သားကို ကုမ္ပဏီထောင်ပေးသူထက် သားအရင်းတွေကိုစွန့်ပြီး မြန်မာပြည်အတွက် တစ်ဘဝလုံး ပေးဆပ်ထားသူကိုချစ်တာ ကျုပ်တို့မှားလား?
😇: ပြည်သူကို လမ်းပေါဆွဲတင်လိုက် စီးပွားရေးပိတ်ဆို့လိုက်၊ တပ် နဲ့ ပြည်သူ တပ် နဲ့ တိုင်းရင်းသား ရန်တိုက်ပေးလိုက်၊ နှစ်ပေါင်း ၃၀ ကျော်နိုင်ငံရေးကို ဒေါ်လာအတွက် လုပ်စားလာတာ မြင်အောင်ကြည့်။

👺: ပြည်သူတွေကိုအမှောင်ထဲမှာ ထားမည့်သူထက် အလင်းဆောင်ပေးတဲ့သူကိုချစ်တာ ကျုပ်တို့မှားလား?
😇: ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ပြည်သူကိုနိုင်ငံတကာမှာ ဝင့်ဆံ့အောင် စက်မှုဇုန်တွေဆောက်ပေး နေပြည်တော်မြို့သစ်ကြီး တည်ပေး လွှတ်တော်ဆောက်ပေး ခြေဥရေးပေးခဲ့တာ ဦးသန်းရွှေ၊ စနစ်တကျ ဒီမိုကရေစီ ဖော်ဆောင်ခဲ့တာ ဦးသိန်းစိန် ဘာမှမလုပ်တာ ဒေါ်စုကြည်။

👺: အသုံးစားရိတ်မချပြရဲသူထက် ချပြရဲသူကိုချစ်တာ ကျုပ်တို့မှားလား?
😇: တိုင်းပြည်ကို ရောင်းစားထားတဲ့ NLD ရဲ့နိုင်ငံခြားကရတဲ့ ငွေတွေအကြောင်း ဒေါ်စုကြည်ချမပြရဲလည်း တပ်ကဖော်မှာပဲ့ အခုစစ်နေပြီ။

👺: ပြည်သူကိုစော်ကားသူထက် ပြည်သူကိုစာနာသူကို ချစ်တာကျုပ်တို့မှားလား?
😇: ဒီမိုကရေစီအစိုးရချင်း ယှဥ်ကြည့်ပါ ပြည်သူကိုစာနာသူ ဦးသိန်းစိန်ခေတ် အစိုးရကိုဝေဖန်လို့ ထောင်ကျတာ ၁၀ ယောက်ပဲရှိတယ်။ ပြည်သူကိုစော်ကားသူ NLD ခေတ် အစိုးရကိုဝေဖန်မိလို့ ထောင်ချတာ ရာကျော်တယ်။

👺: ရယူဖို့ပဲသိတဲ့သူထက် ပေးဆပ်ဖို့ပဲကြည့်နေသူကိုချစ်တာ ကျုပ်တို့မှားလား?
😇: အာဏာရဖို့ပဲသိပြီး အမျိုး၊ ဘာသာ၊ သာသနာနဲ့ နိုင်ငံနယ်မြေ နိုင်ငံဂုဏ်သိခ္ခါကို ချနင်းတဲ့မိန်းမက ဘယ်သူမှမဟုတ်ဘူး ဒေါ်စုကြည်။

👺: အာဏာကိုကိုယ်ကျိုးအတွက် သုံးချင်သူထက် အာဏာကိုတိုင်းပြည်အတွက် သုံးချင်သူကိုချစ်တာ ကျုပ်တို့မှားလား?
😇: ဒေါ်စုကြည်ဟာအာဏာကိုကိုယ်ကျိုးအတွက် သုံးရုံမကဘူး သူ့သခင်တွေအလိုကျ နိုင်ငံခြားသား အကြံပေး ၉၃ ယောက်နဲ့ မြန်မာပြည်ကို ဘုံကျွန်နိုင်ငံဖြစ်အောင် ကျွန်ဇတ်သွင်းခဲ့တယ်။

👺: ကိုယ့်ဖာသာသက်တမ်းတိုး နေရာယူထားသူထက် ပြည်သူတွေက နေရာပေးထားသူကိုချစ်တာ ကျုပ်တို့မှားလား?
😇: ဘောင်မဝင်တန်းမဝင် အတိုင်ပင်ခံရာထူးကို ဘယ်သူပေးလည်းဆိုရင် လစ်ဘရယ်အရေခြုံ ဂျီဟတ်ဝါဒီ သွာလေသူကြီး ငနီပေးခဲ့တာပဲ။

👺: အရည်အချင်းမရှိတဲ့ ခေါင်းဆောင်ထက် အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကိုချစ်တာ ကျုပ်တို့မှားသွားလား?
😇: ၁၉၉၆ ခုနှစ်ကစတင်ပြီး မြန်မာပြည်ကို မြောက်ကိုရီးယားပြီးရင် ဒုတိယအကြီးဆုံး စီးပွားရေးပိတ်ဆို့မှုကြီးနဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုသတ်ခဲ့တဲ့ ဒေါ်စုကြည်ရဲ့အရည်အချင်း နည်းတာမဟုတ်ဘူး။

👺: တိုင်းပြည်ကို ဒုက္ခပေးနေတဲ့သူထက် တိုင်းပြည်ကို ကယ်တင်နေသူကို 
အားပေးချစ်ခင်တာ ကျုပ်တို့ သိပ်လွန်သွားလား? ကျုပ်တို့ မှားသွားလားဗျာ? မှားတယ်ဆိုရင် မှားတဲ့အကွက်လေး ထောက်ပြပေးကြပါဦး?
😇: ဘယ်သူကယ်တင်ရှင် ဘယ်သူချောက်ထဲတွန်းချသူဆိုတာ အပေါ်မှာဖြေလိုက်ပြီနော် ဘယ်လိုဖြေဖြေယူတို့ သဘေားပေါက်မှာမဟုတ်ဘူး ယူတို့တွေရှေ့ဆက်ပြီးသာ ပိန်းနေကြပါ။

( လိုင်းပေါ်တွေ့တဲ့ နီပိန်းပို့တခုကို အဖြေပေးကြည့်လိုက်ပါတယ် )

🖊 ဘဦး ( ၂၄.၈.၂၀၂၁ )



Related Posts: