Tuesday, August 31, 2021

မောင်ကောင်းမင်းခန့် အသက်၂၆နှစ်၊ မြောက်ဥက္ကလာပမြို့နယ်၏ ပြောပြချက်။


ကျနော်တို့တပ်ခွဲကစုစုပေါင်း၃၈ယောက်ရှိတယ်။
မိန်းကလေးက၁၂ယောက်ပါတယ်။အကုန်အပျိုလူပျိုတွေချည်းပဲ။မကွေးကအကိုကြီးတယောက်ပဲ
အသက်၃၀ကျော်ပါတယ်။ကျန်တာကအသက်အစိတ်ဝန်းကျင်တွေ။
အကုန်လုံးမောင်လိုနှမလိုပါပဲ။ဘာစိတ်မှမရှိဘူး။အချင်းချင်းလည်းစောင့်ရှောက်ကြတယ်။
မစောင့်ရှောက်လို့လဲမရဘူး။
ဟိုကောင်တွေကမိန်းမမမြင်ဘူးတဲ့နေရာမှာ
အကြာကြီးနေနေရတဲ့သူတွေ။ပြီးတော့အမြဲမူးတူးနေတာ။
အဲတော့ကောင်မလေးတွေကိုကျားချောင်းသလိုချောင်းနေတော့တာ။
ခက်တာကတချို့မိန်းခလေးတွေကတောထဲသာ
ရောက်လာတာ ရေလဲထဘီတောင်မပါဘူး။
ရေချိုးတာကအစလိုက်ချောင်းနေတော့ကျနော်
တို့အဖွဲ့နဲ့ခဏခဏညိနေတော့တာပေါ့။
အသက်အကြီးဆုံးအကိုကြီးမကွေးကအားပေး
ပါတယ်။
ညီလေးညီမလေးတို့တောင့်ထား...အလွန်ဆုံး
တစ်နှစ်ပဲ။တော်လှန်ရေးကပြီးတော့မှာ။တစ်နှစ်ဆိုတာဖျပ်ကနဲကုန်သွားမှာ....
....
စငြိတာက နည်းပြဗိုလ်စောတာလောနဲ့စငြိတာ။
စစ်ရေးလေ့ကျင့်တော့မိန်းခလေးတွေဆိုတော့
သေနတ်ကိုအကြာကြီးဘယ်နိုင်မှာလဲ။
သေနတ်အနေအထားပြင်သလိုလိုနဲ့ညီမလေးမုံရွာရဲ့
ဘုသီးကိုခနခနသွားကိုင်တယ်။
ဟိုကဆဲတော့ပါးရိုက်လိုက်တာကောင်မလေးကိုလွင့်သွားတာပဲ။လေးရက်လောက်ဆံပြုတ်ပဲ
သောက်ရတယ်။
အဲဒီမှာကျနော်တို့နဲ့ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ်။
အကိုကြီးမကွေးညှိပေးလို့ကျနော်တို့အချုပ်က
ပြန်လွတ်ပေမယ့်သူတို့ကကျနော်တို့ကိုတေးထားပုံရတယ်။
နောက်ပိုင်းပညာစပြတော့တာပဲ။
တနေ့လုံးလေ့ကျင့်ခန်းလုပ်ရလို့ကိုက်ခဲနာကျင်
ပြီးအိပ်ကောင်းတုန်း
ညသန်းခေါင်မှာ ညတိုက်ပွဲလေ့ကျင့်ခန်းဆိုပြီး
လှန့်နှိးတယ်။မနက်ကျလည်းမနားရဘူး။
ညတိုက်ပွဲလေ့ကျင့်ခန်းခနခနလုပ်တယ်။
တခါတလေတညထဲနှစ်ခါတောင်။
ကျနော်တို့သိတယ်။ဒါသက်သက်ညစ်ပတ်ပြီး
ခိုင်းနေတယ်ဆိုတာ။
ပင်ပန်လွန်းအားကြီးပြီးကောင်မလေးတွေအကုန်လုံးပြိုဆင်းကုန်ပြီ။
မိန်းခလေးတွေဆိုတော့ဒဏ်မခံနိုင်ပဲကိုယ်သက်သာရာ
သက်သာကြောင်းတွေကြံကုန်ကြတယ်။
ကျနော်တို့ထိမ်းပေမယ့်မရတော့ဘူး။
တချို့ကကိုယ်လဲဘာမှလုပ်မပေးနိုင်ပဲအာလာမချောင်နဲ့
ဆို့တဲ့လေသံတွေပြောလာတယ်။
..........
ပြသနာဖြစ်တဲ့နေ့က
ညဆယ်နာရီလောက်ကြီးအားလုံးအိပ်နေတုံးမှာ
စခန်းကုန်းကိုကင်းသမားနဲ့တာဝန်ကျနှစ်ယောက်လာနှိုးတယ်။
လာတဲ့လူတွေကနှစ်ပင်လိမ်ပြီး
ရွဲနေပြီ။
ညီမလေးရွှေမန်းကိုလာခေါ်တာတဲ့။
ညီမလေးရွှေမန်းက မန္တလေးက။
နာမည်အရင်းတော့မပြောတော့ဘူး။သူ့မိသားစုကိုငဲ့ပြီး။
ညီမလေးရွှေမန်းကဆေးကျောင်းသူ။
ဟောက်ဆင်းနေပြီဆိုလာပဲ။
တပ်ခွဲမှာအချောဆုံးအလှဆုံး။စကားလည်းအနည်းဆုံး။
ဘော်ဒီကလည်းမိုက်သလားမမေးနဲ့။
ဗိုလ်ကြီးဗိုက်အရမ်းနာနေလို့တဲ့။သူတို့ဆေးမှူးက
ပေါ်တက်သွားလို့တဲ့။
တယောက်ကလာနှိုးလို့ကျနော်တို့သိတော့
ကျနော်တို့ကမထည့်ချင်ဘူး။သူတို့ကိုယုံလည်း
မယုံဘူး။ညီမလေးရွှေမန်းကိုလည်းစိတ်မချဘူး။
အဖော်ထည့်မယ်ဆိုတော့လည်းလက်မခံဘူး။
နောက်ဆုံးရုန်းရင်းကန်ရင်းညီမလေးရွှေမန်း
ပါသွားတယ်။
ကျနော်တို့တယောက်မှဆက်အိပ်မရတော့ဘူး။
မနက်လင်းခါနီးမှညီမလေးရွှေမန်းပြန်ရောက်လာတယ်။
ထင်တဲ့အတိုင်းပါပဲ။
ကောင်မလေးအဖျက်ဆီးခံလိုက်ရတယ်။
ဆေးကွဲပြီးသုံးယောက်ကဝိုင်းကျင့်တာတဲ့။

အကုန်လုံးကသတ်မယ်ဖြတ်မယ်ဖြစ်ကုန်တယ်။
နောက်နှစ်ရက်အကြာမှာတပ်မဟာကဆိုတဲ့သူ
တွေရောက်လာတယ်။
စေ့စပ်ညှိနှိုင်းကြပေမယ့် လူကြစီးတယောက်
ပြောတာကေးတာ့လက်မခံနိုင်စရာပါပဲ။
မင်းတို့ တော်လှန်ရေးအတွက်အသက်တောင်
စွန့်ထားတယ်ဆို။ဒီလိုSPကိစ္စနဲ့ဒီလောက်ဖြစ်နေစရာ
မလိုပါဘူးတဲ့။
သူပြောပြီးသူတို့လူကြီးအချင်းချင်းလည်း
ကရင်လိုပြောဆိုပြီး
စကားများကုန်တယ်။
--------------------
(ဆက်လက်ဖော်ပြပါမည်။)

#kk