'ဆရာကြီး ဘဘဦးအောင်သင်း'က ပြောဖူးတယ်•
••''အစိုးရဆိုတာ အ,စပဲရိုးတာ''တဲ့ ယင်းစကားသည် ကျွနု
ပ်တို့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအတွက်၊ နိုင်ငံရေးပါ
တီနဲ့ နိုင်ငံရေးသမားတို့အတွက် သတိ/အသိပေးသော စ
ကားဟု မှတ်ယူမိပါတယ်။အစ,ကနေ အဆုံးထိ ရိုးသားဖို့
ဆိုတာ မလွယ်ကူးမှန်းတော့ ယေဘူယျအားဖြင့် သိနေပါ
တယ်။မလွယ်ကူးနိုင်တဲ့ အရာကို လုပ်ဆောင်ပေးနိုင်မှသာ
လျှင် ခေါင်းဆောင် ဖြစ်ထိုက်မှာပေါ့။'သူလို,ငါလို လူတစ်
ယောက်ဟာ သူလို,ငါလို'ပဲ ဆိုသလိုပေါ့ဗျာ။လောကမှာ လွ
ယ်လွယ်ကူကူနဲ့ ရတဲ့အရာ ဆိုလို့ မကောင်းမှုဘဲ ရှိတယ်။မ
တရားတဲ့ အမှုကိစ္စပဲ ရှိတယ်။မကောင်းမှု လုပ်တာပင်လျှင်
သူနဲ့ ထိုက်တန်တဲ့ အားစိုက်မှုတော့ လုပ်ရစမြဲပါ။အများနဲ့
မတူ တစ်မူထူးခြားဖို့ဆိုရင် ကောင်းတဲ့ဘက်,တရားတဲ့ ဘ
က်မှာ ရဲဝံ့ပြတ်သား၍ ကူညီဖြေရှင်းပေးနိုင်ဖို့လည်း လိုပါ
တယ်။ဒါမှလည်း ခေါင်းဆောင်ပီသလိမ့်မယ်လို့ ယုံကြည်
မိပါတယ်။မကောင်းတဲ့ဘက်,မတရားတဲ့ဘက်မှာ ရေလိုက်
သင့်,ငါးလိုက်သင့် ရှင်သန်ရပ်တည်သွားမယ် ဆိုရင် ယခင်
လမ်းစဉ်တွေအတိုင်း ဖြစ်လာအုန်းမှာပေါ့ဗျာ။အဲဒီ အခါမှ
ာ ဘယ်သူတွေ အရင်ဆုံး အဆိုးဆုံး နစ်နာလေမလဲဆိုတာ
ကို မြန်မာ့မြေပေါ်က ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ
နိုင်ငံရေးသမားတွေ တွေးပေးမိပါလေစ •••••
(မှတ်ချက်)စားများလျှင် မဖတ်ကြ၍ တစ်ပုဒ်ချင်းတင်
ပေးသွားပါမည်။
သာကီမောင်
၂၅၊၈၊၂၀၂၁။
၂၃း၄၅ နာရီ