ဆိုလိုချင်တာက fb ပေါ်မှာ အနောက်အုပ်စုသြဇာခံ
ပဲ ရှိစေချင်ပုံရတယ်။
ဒါဆိုရင် ကျနော်တို့က ဘဂ်လီကို ရိုဟင်ဂျာလို့
ပြောပြီး မြန်မာပြည်ကို ဖျက်ဆီးရမှာလားးး
ဒါမှ မဟုတ်ရင် nug pdf တွေကို အားပေးပြီး
ပြည်ထောင်စုကို ဖျက်ဆီးရမှာလားးး
ကျနော်တို့တွေက တိုင်းပြည်ကို သစ္စာမဲ့နေတဲ့
ဒေါ်လာစားတွေ မဟုတ်ဘူး။
ဒါ့ကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အမှားကို အမှန်လုပ်စရာ
အကြောင်းမရှိဘူး။
တပ်မတော်ကို ထောက်ခံတယ်ဆိုတာ
နိုင်ငံသားတစ်ယောက်အနေနဲ့ ထောက်ခံတာ
ထို့အတူ ကျနော်တို့တွေက ဝါဒဖြန့်နေတာ မဟုတ်ဘူး။
မိမိအမြင်...
တပ်မတော်ထောက်ခံသူတွေဆိုတာ lobby တွေ
မဟုတ်ကြပါဘူး။
ဒီမြေမှာနေ ဒီရေကို သောက်ပြီး ဒီနိုင်ငံကို
ချစ်မြတ်နိုးသူတွေဖြစ်သလို၊
လူတစ်ဦးချင်းစီရဲ့ ယုံကြည်ချက် ခံယူချက်နဲ့အတူ
မိမိအချိန် မိမိငွေ မိမိဦးနှောက်နဲ့ မိမိဘဝကိုမိမိတည်
ဆောက်ထားပြီး မည်သူတစ်ဦးတစ်ယောက်ရဲ့ စေ့ဆော်
တိုက်တွန်းမှုမျှ မပါပဲ ကိုယ်ယုံကြည်ရာကို လုပ်ကိုင်ဆောင်ရွက်ရင်း မှန်တဲ့ဘက်မှာ ရပ်တည်နေကြတာပါ။
ထို့အတူ တပ်မတော်ထောက်ခံသူတွေကို သတိပြုကြည့်တဲ့အချိန်မှာ ပညာတတ်တွေဖြစ်နေတာ သတိပြုမိတယ်။
အမှားအမှန်ကို မိမိဆင်ခြင်တုံတရားဖြင့်
ဆုံးဖြတ်နိုင်သူတွေ ဆိုတာကို သတိပြုမိတယ်။
တပ်မတော်ရဲ့ ဆောင်ရွက်ချက် ရပ်တည်ချက်
ရည်ရွယ်ချက်တွေသည် မှန်ကန်တဲ့ လုပ်ရပ်တွေ
ဖြစ်သလို နိုင်ငံတော်ကိုသာမက
ဘာသာသာသနာကိုပါ ကာကွယ်စောင့်ရှောက်နေတယ်
ဆိုတာ သူတို့နားလည်ထားကြတယ်။
ထို့အတူ တပ်မတော်ထောက်ခံသူတွေကို သတိပြုကြည့်
တဲ့အချိန်မှာ မျိုးချစ်စိတ်ရှိသူတွေ ဖြစ်သလို၊
ကျနော်တို့အားလုံး နိုင်ငံတော်အလံကိုပဲ
ဦးညွှတ်ကြတယ်။
တပ်မတော်ထောက်ခံသူတွေသည်
စာအုပ် စာပေဖတ်ရှုသူ စာပေဝါသနာပါသူ၊
ပြင်ပလူနေမှုဘဝမှာ မိမိကိုယ်ကိုယ် ကောင်းမွန်စွာ
တည်ဆောက်ထားနိုင်သူတွေဖြစ်သလို၊
ဘဝကို ရိုးရှင်းစွာနဲ့ အေးချမ်းစွာနေထိုင်လိုသူတွေ
ဖြစ်နေတာ သတိပြုမိတယ်။
အထူးသဖြင့် လူလတ်တန်းစားတွေအများစုဖြစ်မယ်လို့
သုံးသပ်မိတယ်။
ဒီ့ထက်ပိုတဲ့သူတွေလဲ ရှိကြပါတယ်။
နိုင်ငံမှာ လူလတ်တန်းစားများရင် နိုင်ငံတိုးတက်ပြီ။
ဒီနိုင်ငံမှာ ဒီအဖွဲ့အစည်းမရှိရင်
မြန်မာပြည်ပျက်သွားမယ်ဆိုတာ
မြန်မာပြည်အနှံ့ရောက်ဖူးတဲ့
ကျနော်တို့တွေ ကောင်းကောင်း
နားလည်ကြတယ်။
စာအုပ်စာပေ လက်တွေ့ ကိုယ်ပိုင်ဆင်ခြင်တုံ
တရားနဲ့ပါ ပေါင်းစပ်ရင် တပ်မတော်သည် ဒီနိုင်ငံ
အတွက် လိုအပ်တာ မဟုတ်ဘူး။
မရှိလို့ကို မဖြစ်တာ...
ဒါ့ကြောင့် တပ်မတော်ကို ထောက်ခံအားပေးခြင်းသည်
တနည်းအားဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်လို့ပဲ ကျနော်ကတော့ ယူဆတယ်။