Tuesday, August 31, 2021

ဘုရားအ​လောင်း​တော် ပါရမီဖြည့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ


လေးအသင်္ချေဆိုသည်မှာ ---

၁။ သေလ အသင်္ချေ
၂။ ဘာသ အသင်္ချေ
၃။ ဇယ အသင်္ချေ
၄။ ရုစိရ အသင်္ချေ တို့ဖြစ်သည်။
 
၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏
နောက်ဆုံးပွင့်တော်မူသောဘုရားဖြစ်သည့်
ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို
"သေလအသင်္ချေ" ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့အကြား
ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို
"ဘာသအသင်္ချေ"ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

၃။ သောဘိတဘုရားနှင့် အနောမဒဿီ ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို "ဇယအသင်္ချေ"ဟူ၍ တစ်သင်္ချေ ရေတွက်ရသည် ။

၄။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရားတို့အကြား
ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို "ရုစိရ အသင်္ချေ "ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။

ကမ္ဘာ တစ်သိန်းဆိုသည်မှာ
------------------------------------

ပဒုမုတ္တရဘုရားပွင့်ပြီးနောက် ဘုရားများ
ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း " ၇၀၀၀၀ "

သုဇာတဘုရားနှင့် ပိယဒဿီ ဘုရားအကြား
ကမ္ဘာပေါင်း " ၂၈၁၉၉ "

ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရားအကြား
ကမ္ဘာပေါင်း " ၁၇၀၅ "

သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရားအကြား " ၁ "ကမ္ဘာ

ဝိပဿီဘုရားနှင့် သိခီဘုရားအကြား 
ကမ္ဘာပေါင်း "၅၉ "

ဝေဿဘူဘုရားနှင့် ကကုသန်ဘုရားအကြား
ကမ္ဘာ ပေါင်း " ၂၉ "

ပဒုမုတ္တရဘုရားနောက်ဘုရားပွင့်သော
ကမ္ဘာ ပေါင်း " ၇ "
စုစုပေါင်း ကမ္ဘာတစ်သိန်းဖြစ်ပါသည်

.
အရင်postကဖျက်မိ၍ပြန် ပြန်တင်ပေထာပါသည်
Credit =ဓမ္မ​ရေစင် အရှင်နာယက                              
          
ပြန်လည်မျှ​ဝေသူ
//☆-SaSaNa-♡
💓💓💓💓💓

#credit



Related Posts:

  • UN ဆိုသည်မှာမြောက်ကိုးရီးယားက ညူကလီးယားလက်နက်တွေပစ်လွှတ်ချင်သလောက်ပစ်လွှတ် UN နဲ့ US ကဘာမှမပြောရဲဘူး။မြောက်ကိုးရီးယားနောက်မှာ တရုတ်လက်မဲကြီးရှိလို့။အစ္စရေးက ပါလက်စတိုင်းတွေကို လေယာဉ်နဲ့ဘယ်လောက်ပဲ ဗုံးကြဲ ဗုံးကြဲ UN နဲ့ တရုတ်ကြီးကဘာမှမပြေ… Read More
  • ပရဟိတမျက်နှာဖုံးတပ်အမြတ်ထုတ်နေကြသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြတ်ပြတ်သားသား ပြောလိုက်ပြီရန်ကုန်၊ အောက်တိုဘာ ၁၀ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဦးနေဝင်းလက်ထက်ကတည်းက ပိတ်သိမ်းထားတဲ့ မြေနေရာကို ပရဟိတအမည်ခံ အကြံအဖန်လုပ်လိုတဲ့ လူတစ်စုက မြေယာရှင်းလင်းရယူရန် လုပ်ဆောင်နေမှုအပေါ် မြောက်ဥက္ကလာပမြို့နယ်… Read More
  • 😤 #မေးခွန်းပြန်ထုတ်ပါ #ကြေငြာချက်လဲထုတ်ပါ12.10.21  မှာအာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံရေးပါတီ (၇) ဖွဲ့ တွေ့ဖို့လုပ်ထားတယ်၊13.10.21  ကိုရွေ့တယ်လို့Short notice နဲ့သိရတယ်၊မနက်ဖန်မှာ လုပ်မဲ့ စည်းဝေးကမဖြစ်တော့ပြန်ဘူးတဲ့၊ကစလ ကိုမေးခွန်းပြန်ထုတ်ပါလူတွေ အားအားယားယားတယောက်မှမရှ… Read More
  • တရုတ် + အာဆီယံ + NUGမင်းကိုနိုင်နဲ့ ဒေါတ်တာဇော်ဝေစိုးကPDF တွေကို အိမ်ပြန်ခိုင်းနေတယ်။နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်လို့ဆိုတယ်။ဒါက တရုတ်နဲ့ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်အခြေခံတဲ့ ပုံစံပါ။ခက်တာကတရုတ်က မြန်မာကို ငယ်နိုင်ပုံစံနဲ့အနိ… Read More
  • " ဓမ္မတိုက်ပွဲတဲ့လား "သံပုံးကြီးမ တီးကြသူတွေတရားသံကြား နားခါးသလေရဟန်းသတ်ပြ အားရကာနေအလှူပေး ဆဲရေးမဆုံးပေ…။လမ်းပေါ်စုပေါင်း သုံးချောင်းထောင်တွေဘုရာဖူးတော့ မေးငေါ့သလေဗုံးထောင်လူသတ် ကျေနပ်ကာနေကုသိုလ်ရေး မနှေးရှုတ်ချပေ…။ဓမ္မတိုက်ပွဲ ဆင်နွှဲအော်နေအကုသို… Read More