Monday, August 23, 2021

အခြေနေမှန်


ကျွန်တော်မှအစ အမျိုးသားနိူင်ငံရေးသမားစစ်စစ် မှန်သမျှ မည့်သည့်ပါတီ မည်သည့်အစိုးရဖြစ်စေ အစွဲကင်းစွာ ဝေဖန်ရေးပို့စ်များ တင်နေခြင်းသည် တိုင်းပြည်အရွေ့အတွက် တတတ်တအား ဝိုင်းကူတွန်းပေးနေခြင်းသာပါ ပုဂ္ဂိုလ်မစွဲခဲ့လို့ NLDလက်ထက်မှာလဲ ဝေဖန်ထောက်ပြခဲ့ပါတယ် (သို့သော်NLDသည်တိုင်းပြည်အား အဖက်ဖက်က ပြိုကွဲအောင်လုပ်ဆောင်နေတာမို့ အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက်ခဲ့ပါတယ် လူမျိုးအရေး ဘာသာအရေးတွေမှာ လုံးဝပျက်စီးသွားအောင်ပြုလုပ်ခဲ့တာမို့ပါ ဒါကြောင့်လဲ အတိုင်ပင်ခံနဲ့NLDအား ဝေဖန်တိုက်ခိုက်နေတဲ့ FbAcc၄၀ကျော်ထဲမှာ နံပါတ်၃၂ချိတ်ခဲ့ရဖူးပါတယ်)
ဒီကနေ့နစကအစိုးရလက်ထက်မှာလဲ အမြင်မတော်သည်များ တွေ့ရှိပါက တပ်ချုပ်(ဝန်ကြီးချုပ်အထိ) ဝေဖန်ခဲ့ဝေဖန်ဆဲ ဝေဖန်နေအုံးမှာပါ ဒါဟာအစွဲကင်းကင်းနဲ့ ပြည်သူအရေး တိုင်းပြည်အရေးတွေကို ပြုပြင်ပြောင်းလဲနှိုင်အောင် ထောက်ပြနေခြင်းသာပါ
ကျွန်တော်သည်တပ်မတော် ထောက်ခံသူစစ်စစ်ပါ ဒါပေမဲ့ အစွဲကင်းစွာ ပြောသင့်လျင် ပြောနေရေးနေခြင်းပါဗျာ အဘဘာလုပ်လုပ် ကောင်းပါသည်ထဲ ကျွန်တော်မပါပါ အချိန်မရွေး အဖမ်းခံရနှိုင်သည်ဖြစ်သလို အချိန်မရွေးလဲ(Pdf)တွေရဲ့ အသတ်လဲ ခံရနှိုင်ပါတယ် တခါတရံစိတ်ပျက်စိတ်ကုန်တဲ့ အခါလဲရှိနေပါတယ် ခံစားမှုမကင်းနှိုင်သေးတဲ့ ပုထုဇဉ်ဖြစ်နေလို့ပါ ဒါကြောင့်အရင် NLDလက်ထက်မှာလဲ ဘာဖြစ်ဖြစ်NLD မလုပ်ခဲ့သလို အခုလဲဘာလုပ်လုပ် နစကဆိုပြီး လက်ခုပ်မတီးပေးနှိုင်ပါဘူး အဲ့လိုသာဖောရှော လုပ်တတ်ရင်NLD လက်ထက်ကတည်းက ကျွန်တော်သည် အင်မတန်ကြွယ်ဝ ချမ်းသာနေပါပြီ သဘောပေါက်ကြမှာပါ…။
အခုတော့အဲလို မလုပ်တတ်ခဲ့လို့ အောက်ကကာတွန်းလေးလိုပါဘဲဗျာ။

       မင်းမဟော်