Sunday, August 22, 2021

#ချောက်ထဲကျတော့မယ့် NUG ၊ ထိုးကျွေးခံ ပွန်းရုပ်ဘဝနဲ့ လမ်းဆုံးသွားကြတော့မဲ့ G-z / PDF ကလေးများ အနာဂတ် ဘာလဲ ၊ ဘယ်လဲ ❓‼️⁉️


■ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  တပ်က အာဏာထိန်းခဲ့တယ် ။ တပ်အာဏာထိန်းမှုကို လက်မခံတဲ့ 
NLD လွှတ်တော်ကိုယ်စားလှယ်တွေက CRPH ဆိုပြီး ဖွဲ့တယ် ။ အဲ့ဒီကတဆင့် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG ) ဆိုပြီး ထပ်ဖွဲ့ခဲ့တယ် ။ အဓိက ကတော့ တပ်ရဲ့အာဏာထိန်းမှုကို လက်မခံဘူး ၊ စစ်အုပ်ချုပ်ရေး ဖြစ်နေပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ NUG က နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုရအောင်ကြိုးစားတယ် ။ ဒီမိုကရေစီပျက်ယွင်းနေပါပြီ ဆိုတဲ့ အသံရယ် ၊  သူတို့ကို ကျားကန်ပေးထားတဲ့ US အကူအညီနဲ့ နိုင်ငံတကာက လက်ခံအောင် (ဘောင်ဝင်အောင်) ထိတွေ့မှုရယူတယ် ။ အဲဒီအထိက လူတကာလည်း သိတယ် ။ 
လုပ်နေတဲ့ အယူအဆလည်း မှန်တယ်လို့ တွေးပေးလို့ ရခဲ့တယ် ။

သူတို့ ဘာတွေ မှားခဲ့တာလဲ❓
===========

■ NUG အနေနဲ့ Ligitimacy  ဆိုတဲ့ ဂုဏ်ပုဒ်ကို 
နိုင်ငံတကာရဲ့ အမြင်မှာရော ၊ ပြည်တွင်း လူထုရဲ့အမြင်မှာပါ ပုံရိပ်ကောင်းတစ်ခုအနေနဲ့ ရယူချင်ရင် လုပ်ဆောင်ရမဲ့ နည်းလမ်းက (၂)ခုပဲရှိပဲတယ် ။ 
■ ပထမတစ်ခုကတော့  
နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု ရချင်ရင်  
လက်နက်ကိုင် လမ်းစဉ်ကို လိုက်လို့ မဖြစ်ဘူး ။ 
ဒီမိုကရေစီစနစ်ကို လက်ခံကြတဲ့ ဘယ်နိုင်ငံတွေကမှ အစိုးရကို လက်နက်ကိုင်ပြီး ပုန်ကန်တဲ့ လမ်းစဉ်ကို 
မထောက်ခံ ၊ အားမပေးဘူး‼️ 
ဒုတိယအချက်အနေနဲ့ 
နိုင်ငံတကာရဲ့ ထောက်ခံမှုကို မလိုချင်ရင် EAOs တွေလိုပဲ လက်နက်ကိုင်လမ်းစဉ်နောက်ကို ပြတ်ပြတ်သားသားလိုက်ပြီးတော့ နယ်မြေထူထောင်ပြီး  တပ်မတော်နဲ့ အစိုးရကို ပုန်ကန်မလား? 
ဒီ (၂)ချက်ပဲ ရွေးစရာရှိခဲ့တယ် ။ 

■ ဒါပေမယ့်လည်း    
အနောက်နိုင်ငံတချို့ကပေးနေတဲ့ အလှူငွေထောက်ပံ့ကြေးတွေနဲ့ သာယာနေတဲ့ NUG က နိုင်ငံတကာမှာလည်း 
ပုံရိပ်ကောင်းရ အောင်ကြိုးစားပြချင်နေသလို မြေပြင်မှာလည်း  
PDF ကလေးတွေကို လွတ်မြောက်နယ်မြေတွေပို့ပြီး 
အကြမ်းဖက် လုပ်ငန်းတွေနဲ့  အိမ်စောင့်အစိုးရ ကို လက်နက်ကိုင်ပြီး ပြန်တိုက်နေခဲ့တယ် ။ အာဏာထိန်းပြီးကာစ အခြေအနေမှာ ဆူပူအကြမ်းဖက်မှုတွေကို နှိမ်နင်းလို့ တပ်ရဲ့ ပုံရိပ်က 
နိုင်ငံတကာမှာ ထိုးကျခဲ့ပေမယ့်  
အာဏာထိန်းပြီး ၅ လအကြာမှာတော့  
PDF တွေရဲ့ လူသတ်အကြမ်းဖက်မှုတွေ ၊ စာသင်ကျောင်းတွေ ဗုံးခွဲတိုက်ခိုက်မှုတွေ ၊ ရပ်ကျေးဥက္ကဋ္ဌတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေနဲ့ ကိုဗစ်ကာကွယ်ရေး ဆေးထိုးနှံနေချိန်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေက နိုင်ငံတကာအမြင်မှာတော့ ရုပ်ဆိုးအကျည်းတန်စေခဲ့သလို 
အကြမ်းဖက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူက ဘယ်သူလဲ ဆိုတာ ကွဲကွဲပြားပြား မြင်သွားစေခဲ့တယ် ။ 

အိမ်စောင့်အစိုးရ ဘာလုပ်နေခဲ့သလဲ‼️
===============
■ ကောင်စီပုံစံနဲ့ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ပေမဲ့ 
Ligitimacy ဆိုတဲ့ အခန်းကဏ္ဍ Roll ကို ကောင်းကောင်းသိသွားခဲ့တဲ့ တပ်ချုပ်ကြီးက 
အိမ်စောင့်အစိုးရဆိုတဲ့ နာမည်ကို စပြောင်းတယ် ။
NUG နဲ့ PDF တွေက  ရပ်ကျေးဥက္ကဋ္ဌတွေ ၊ ရဲတွေ ၊ တပ်ထောက်ခံသူတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို  
နေရာအတော် များများမှာ ဗုံးခွဲ ၊ လူသတ်နေတာတွေ 
လှိုင်လှိုင်ကြီး လုပ်နေချိန်မှာ  အာဏာ မထိန်းခင် မတိုင်ခင်က ပြစ်မှုရင်ဆိုင်ဆဲ အမှုတွေကို ပိတ်သိမ်းပြခဲ့တယ် ။ 
ပြစ်မှုမကျူးလွန်တဲ့ ဆန္ဒပြမှုသက်သက် ပါဝင်ခဲ့တဲ့သူတွေကို 
အလုံးစုံ လွှတ်ပေးခဲ့သလို CDM လုပ်ထားတဲ့ ဆရာဝန်တွေအပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅တွေကိုလည်း ဖြေလျော့ပေးခဲ့တယ် ။ ဝေဖန်ခံရမှု အများဆုံးဖြစ်နေတဲ့  အောက်ဆီဂျင် ပြသနာကို 
ပုံမှန် ဖြေရှင်းပေးနေခဲ့ခြင်းတွေနဲ့အတူ နိုင်ငံတကာရဲ့ဖိအားကို အကောင်းဆုံး လျော့ချနေခဲ့သလို အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်ရှောင်နေတဲ့ နယ်ပယ်အသီးသီးကသူတွေကိုလည်း 
အမှု ပိတ်သိမ်းပေးမယ်ဆိုတဲ့ကြေညာချက်တွေ ထုတ်ပြန်နေခဲ့တယ် ။ တဖက်မှာလည်း  အာဆီယံ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အထူးကိုယ်စားလှယ် ခန့်အပ်မှုတွေကို လက်ခံခဲ့သလို  
ပြည်တွင်း / ပြည်ပ အခြေစိုက် သံရုံးတွေကိုလည်း 
နေ့စဉ်  Information Sheet ဆိုပြီး 
မြန်မာနိုင်ငံမှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ဘာသာစကား(၃)မျိုးနဲ့ ပေးပို့နေခဲ့တယ် ။

အကျိုးဆက်က  ဘာတွေ ကွာခြားသွားခဲ့လဲ❓
==================
■ တပ်မတော်က အာဏာထိန်းပြီး တိုင်းပြည်အုပ်ချုပ်နေတာက ဒီမိုကရေစီ ဆန်နေပြီး တဖက်က ဒီမိုကရေစီ စကားလုံးသုံးပြီး အကြမ်းဖက်မှုလုပ်နေတာက နိုင်ငံတကာမှာ ဘယ်သူက ဖားလဲ ၊ ဘယ်သူက ငါးလဲဆိုတာ သိသာစေပါတယ် ။ 
ဒါကြောင့်လည်း 
တစ်နေ့က လုပ်တဲ့ UN ရဲ့တံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တာကိုပဲ အဓိကထား ဆွေးနွေးသွားသလို 
အာဆီယံနဲ့ပူးပေါင်း ဆောင်ရွက်သွားမယ့် 
အိမ်စောင့်အစိုးရ ရဲ့လုပ်ရပ်ကိုလည်းကြိုဆိုကြောင်း 
US နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီအကျိုးဆက်ကြောင့်ပဲ  
အမေရိကန်ဒေါ်လာ ၄ သန်းကျော် ကနဦး ရခဲ့သလို ကမ္ဘောဒီယားနိုင်ငံကလည်း US ဒေါ်လာ ၂ သိန်း ၊ 
အာဆီယံက US ဒေါ်လာ ၁ သိန်းလှူဒါန်းခဲ့တာတွေ့ရတယ် ။ ကာကွယ်ဆေးနဲ့ ပတ်သက်ရင်လည်း တရုတ်နဲ့ အိန္ဒိယက ကာကွယ်ဆေးတွေ တောက်လျှောက် လှူဒါန်းနေခဲ့သလို ဂျပန်နိုင်ငံကလည်း ကိုဗစ်အတွက်ဆိုပြီး 
ယာဉ်+အလှူငွေ တွေလှူဒါန်းပေးနေခဲ့တာကို  
ခပ်စိတ်စိတ် မြင်တွေ့ရမှာဖြစ်ပါတယ် ။

■ NUG ဘက်မှာတော့ ပြည်တွင်း/ပြည်ပက အလှူရှင်တွေရဲ့
ငွေကြေးတွေက မြေပြင် လက်ဝယ်မရောက်ဘဲ 
အချင်းချင်း ခိုးကြ ၊ဝှက်ကြတဲ့ ပြသနာတွေ တောက်လျှောက် 
ပေါ်ပေါက်နေခဲ့သလို အလှူရှင်တွေရဲ့ငွေကြေးတွေနဲ့ ဟော်တယ်တွေမှာ နိဗ္ဗာန်ရောက်နေတဲ့ PDF ခေါင်းဆောင်တွေ ၊ အိမ်ခြံတွေ ဝယ်ပြီး ရွှေတုံး ဝယ်စုတဲ့ ပြဿနာတွေ ၊ D Day ရက်ကို မျှော်လင့်ချက်ပေးပြီး Raffle Tickets တွေ အသဲအသန်ရောင်းပြီး ငွေရှာနေတာတွေ ၊ ပန်ဆယ်လိုနဲ့ ကော့သောင်း PDF ပြသနာတွေ ၊ ပန်ဆယ်လိုနဲ့ ဗိုလ်မှူးပြုတ် ပြဿနာတွေကသာ ကြီးစိုးနေခဲ့ကြတာပါ ။ 

■ နောက်ဆုံးတော့  
ဦးနုခေတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးလမ်းစဉ်ဟောင်း ပုံပြင်လိုပါပဲ ။ စိန်ဝင်းတို့လို ပြည်ပြေးညွှန့်ပေါင်းအစိုးရလို့သာ 
နာမည်တွင်သွားခဲ့တာကသာ အဖက်တင်ခဲ့သလို 
ABSDF အဖွဲ့တွေပုံစံမျိုးလို ထပ်တူကြခဲ့တဲ့ 
GZ / PDF တွေအနေနဲ့  တောတောင်တွေထဲမှာ  အညွှန့်တလူလူတက်မဲ့ ဘဝတွေကို လော်ဘီနိုင်ငံရေးသမားတွေနဲ့ လုပ်စားခေါင်းဆောင်တွေကြားမှာ .. 
အကြမ်းဖက်သောင်းကျန်းသူဆိုတဲ့ တံဆိပ်တွေနဲ့သာ 
အကပ်ခံနေ ရဦးမှာပါပဲ ။ 

■ NUG အတွက်တော့  အလှူငွေရဖို့ အွန်လိုင်းထီရောင်းမယ် ။ Studio Room  ထဲကနေ နိုင်ငံရေး လေလှိုင်းသံတွေကို  ရေဒီယိုကနေတဆင့် ထုတ်လွှင့်မယ် ။ 
CDM လုပ်ထားတဲ့ ဝန်ထမ်းတွေက ဘယ်သူအကူအညီမှ မရဘဲ ဘဝပျက်မယ် ။ ကျောင်းဆက်မတတ်ဖို့ ကြိုးစားခဲ့ကြတဲ့ 
လူငယ်တချို့က ဘဝရည်မှန်းချက်ပျောက်မယ် ။ 
လက်ရှိ အာဇာနည်တို့ မင်းမော်ကွန်းတို့ကို  
ကြားပွဲစားတွေ နဲ့ ကမ်းလှမ်းလို့ မြို့ပေါ်ပြန်ရောက်လာချိန်မှာ  လက်နက်ကိုင်ပြီး တော်လှန်ဖို့ ကြိုးစားတဲ့ GZ တွေက ဘဝတွေသေမယ် ။ 
နိုင်ငံရေး လို့ ခေါင်းစဉ်တပ်ထားကြပေမယ့်
တကယ်တော့ အသိစိတ်အလွှာလေးပါးပါးပဲ ခြားတာပါ ။ 
လုံခြုံတဲ့ နေရာနဲ့ ဒေါ်လာတွေစားတဲ့ နေရာတွေကိုလည်း 
တချို့သူတွေ ရောက်သွားခဲ့နေကြပြီ မဟုတ်လား‼️‼️‼️

#ဖိုးစီ