Sunday, August 22, 2021

စက်တင်ဘာလမှာကျင်းပမဲ့အားလုံးစိုးရိမ်နေကြသော UN ခုံလုပွဲကိစ္စ


ဒီနေ့ ရှမ်း စော်ဘွားမျိုး တစ်ယောက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး မေးလို့ ရှင်းပြလိုက်တယ်။
စက်တင်ဘာလ မှာ ကုလသမဂ္ဂ အဖွဲ့အစည်း က 
ဦးကျော်မိုးထွန်း ကိုသာအသိအမှတ်ပြုခဲ့ရင်ကော တဲ့။
ဘာဖြစ်မလည်းတဲ့။ ရှင်းရှင်းလေးပါ။ ကုလသမဂ္ဂသာ ဒုက္ခရောက်မယ်... လို့။ လက်ရှိမြန်မာပြည် ရဲ့ ပြည်သူ နဲ့ အစိုးရက ဒီအတွက်နဲ့တော့ ဒုက္ခမရောက်ဖူး....  လို့ ဖြေခဲ့တယ်။

ကုလသမဂ္ဂ မှာအစည်းအဝေးတွေ တက်နေတဲ့ 
"မြန်မာပြည်ရဲ့ အမြဲတမ်း ကိုယ်စားလှယ်" ဆိုတာက ရာထူး။ တနည်းပြောမယ်ဆို ထိုင်ခုံတစ်ခုံ သာဖြစ်တယ်။ 
ဒီ ထိုင်ခုံရဲ့နောက်မှာ  UN နဲ့ သဘောတူညီချက်တွေကို
မြေပြင်ပေါ် အကောင်အထည်ဖေါ်ဖို့ အင်အားတွေ....
ဝန်ကြီးဌာနတွေ၊ အင်စတစ်ကျူးရှင်းတွေ  
(state machinery) မရှိရင်   စကားပြောနေတဲ့ထိုင်ခုံချည်းသက်သက်ပဲ ...လို့ ရှင်းပြခဲ့တယ်။
 The chair is just a chair.  A talking head. 

ဒုတိယအချက်က UN ကသာ မြန်မာပြည်ကို
အသိအမှတ် မပြုရင် မြန်မာပြည်မှာရှိတဲ့ ကုလသမဂ္ဂရုံးများ အားလုံးပိတ်ရလိမ့်မယ်။ အဲဒီက ဝန်ထမ်းတွေ အားလုံးတခြားမှာအလုပ်ရှာရလိမ့်မယ်...လို့ ရှင်းပြခဲ့တယ်။ တခြားအချက်တွေ အများကြီး အများကြီး ရှိသေးတယ်။ ဒီမှာတော့ မပြောတော့ဘူး။ 
 
ဒါက ကျွန်မကို ခင်မင် လေးစားသူများအတွက် အသိဉာဏ်တိုးပွါးအောင် သာ ဘက်မလိုက်ပဲ အမှန်တင်ပြခြင်းဖြစ်တယ်။ မကြိုက်လို့လည်း ဆဲလည်း အကုသိုလ်သာဖြစ်မယ်။ ဒီအမှန်တရားကတော့ ပြောင်းမသွားဘူး။

ကုလသမဂ္ဂ ပေါ်လစီတွေ၊ အလုပ်အကိုင်တွေ၊ ငွေကြေးရှာ တာတွေ အကြောင်း ကို ခရေစေ့တွင်းကျ အသိဆုံးက ကျွန်မပဲ။

 ၁၉၅၁ မှ ၁၉၇၉ အထိ 
ကုလသမဂ္ဂ က အသိအမှတ်မပြုခဲ့တဲဲ့
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကိုကြည့်။....
အမေရိကန် က ကွန်မြူနစ် ကို မကြိုက်တာနဲ့ 
လူဦးရေ သန်းရာချီပြီး ရှိတဲ့ နိုင်ငံကြီး ကို ဘေးထိုးပြီး
လူဦးရေလက်တဆုပ်သာရှိတဲ့ တိုင်ဝမ်းကျွန်းငယ်ကိုသာ
UN က တရုတ် "ထိုင်ခုံ" ကိုပေးခဲ့တယ်။ 
ဒီတော့ ၁၉၅၁ မှာပဲ တရုတ်အစိုးရက ကုလသမဂ္ဂရုံး တွေ အားလုံး ကို ထွက်ခိုင်းတယ်။
(၂၈) နှစ်ကြာမှ.....   US နဲ့ UN က ကွန်မြူနစ်တရုတ်အစိုးရ ကို အသိအမှတ်ပြုပြီးမှ....
၁၉၇၉ခုနှစ်ကျမှသာ  
ကုလသမဂ္ဂရုံး တွေ ခပ်ကုပ်ကုပ်နဲ့ ပြန်ဝင်လာရတာ။
UN ကနေပေးဖို့ ရှိတဲ့ ပိုက်ဆံ.... UNအကူ ဆိုတာကလည်း 
တိုင်းပြည်တပြည် ရဲ့ GDP နဲ့ နှိုင်း ယှဉ်ရင် 
ဘာမျှမရှိဘူး။
ကဲ .... ပြောကြပါ အုံး........
တရုတ်ပြည် ကို UN က အသိအမှတ်မပြုတော့ 
တကယ့် အာဏာပိုင် တရုတ်အစိုးရက ဘာဖြစ်သွားလည်း?  

အားလုံး မှတ်ထားပါ။ 
ကုလသမဂ္ဂ ဆို တာ အာဏာစက်ရှိတဲ့ ကမ္ဘာ့ အစိုးရ World government  မဟုတ်ဖူး။ ကုလသမဂ္ဂ ကို  အစိုးရများဖြင့်ဖွဲ့စည်းထားသော အဖွဲ့
(intergovernmental organization) လို့ခေါ်တယ်။ 
မြန်မာအစိုးရအပါအဝင် အစိုးရများက ငွေနဲ့ တောက်ပံ့နေရတဲ့ အဖွဲ့ပါ။ ကုလသမဂ္ဂ စစ်တပ်ဆိုတာတွေကိုတော့ နောက်မှပဲရေးတော့မယ်။ မစိုးရိမ်ကြပါနဲ့  ။ 
.
#ဒေါက်တာ ရင်ရင်နွယ်

ကိုယ့်အထင်ပြောရရင် စကစ ရဲ့ဖြေလျှော့နေတဲ့လုပ်ရပ်တွေဟာစက်တင်ဘာလနောက်ပိုင်းမှာအပြတ်အသတ်ခြေမုန်းလိမ့်မယ်လို့ထင်ပါတယ်


Related Posts:

  • မန္တလေးတွင် NLD အကြမ်းဖက်အုပ်စုမှ ဓားပြဝင်တိုက်မန္တလေး၊ ဇူလိုင် ၂၄(MHTnews)မန္တလေးမြို လမ်း ၄၀၊ ၆၃ ၆၄ ကြားရှိ နေအိမ်တစ်အိမ်အား ယနေ့(ဇူလိုင် ၂၄ ရက်)နေ့လည်ပိုင်းက NLD အကြမ်းဖက်အုပ်စုမှ လူ ၅ ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်းသိရသည်။အဆိုပါ NLD ဓားပြများအား အနီးရှိပြည်သူများမှ ဝိုင်း… Read More
  • ဆိုရေးရှိလို့ ဆိုပါရစေ...... မနေ့က Myat Tun Oo အကောင့်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရရှိခဲ့တဲ့ ဆုတံဆိပ်ဟာ လက်နက်ဖောက်သည်ဆု ပါဆိုပြီး စွတ်စွဲရေးသားထားပါတယ်။နောက်ပြီး ရုရှားနိုင်ငံ ပရိုတိုကောအရဆိုပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချိုးချိုးနှိမ်နှိမ်ရေး… Read More
  • နစက ရှေ့နေများသို့                   ကျနော့်ပိုစ်က တုန့်ပြန်ရမယ့် မန့်တခု အတွက် ဖြေရှင်း မေးမြန်းချက်လေးပါ ။        ဆရာ ကိုမျိုးဝင်း ခင်ဗျား… နစက'ကြီးရဲ့ လက်တွေ့ ဖြေရှင်း နေရတဲ့ 'စိမ်ခေါ်မှု တွေကိုလည်း ခင်ဗျား အနေနဲ့ နားလည် ပေးသင့်ပါတယ်။(မှန်တ… Read More
  • ပြဿနာဇစ်မြစ် ဘူးနွယ်များ        ရန်ကင်း ကလေးဆေးရုံမှာ လက်ထောက်ဆရာဝန် ၇၀ ဝန်းကျင်ရှိပါတယ် ။ နှစ်ယောက်ပဲ လုပ်ငန်းခွင် ပြန်ဝင်ကြတယ် ။ နောက်ပြီး နှစ်ရက်လုပ် သုံးရက်နားစနစ် နဲ့ အလုပ်ကြိုးစားပြနေတဲ့ စနစ်လို့ ကြားသိရတယ် ။ ဒီတော့ ကလေးလူနာ အနည်းငယ်ပဲ လက်ခံန… Read More
  • နီပိန်း​တွေတော်သင့်ပြီ     လွန်ခဲ့တဲ့ ၁နှစ်ကျော် အမေရိကန်မှာ လူမဲဂျော့ဖလိုက် လူဖြူရဲတွေကြောင့် သေတော့ ပြည်သူတွေ လမ်းပေါ်ထွက်ကြ ဆူပူသောင်းကြမ်း ကုန်တိုက်တွေဖောက် ပစ္စည်းလု မီးတွေရှို့လုပ် ကြပါတယ်။ ပစ္စည်းလုတာမှ အဝတ်အထည် အကောင်းစားတွေ၊ HD TV တွေလုတာန… Read More