Sunday, August 22, 2021

သွေးချောင်းစီး စစ်ပွဲတွေက အခုမွ ဇာတ်လမ်းစမှာ


တာလီဘန္လက္က မြောက်ပိုင်းဒေသ ၃ ခု အာဖဂန်တပ်တွေ ပြန်သိမ်းပိုက်

အာဖဂန်နစ်စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်မြောက်ပိုင်းက ဒေသ ၃ ခုကို အာဖဂန်အစိုးရအဖွဲ့ဟောင်းကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက သောကြာနေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ 

အာဖဂန်မြောက်ပိုင်း Baghlan ပြည်နယ်မှာ အာဖဂန်တပ်တွေ ပြန်လည်ထိန်းချုပ်ထားကြောင်း တာလီဘန္လိုလားတဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဖေါ်ပြထားပါတယ်။

တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေရဲ့ ဒေသဆိုင်ရာအကြီးအကဲ Abdul Hamid က သူ့တပ်တွေဟာ အနားက ဒေသကိုပါ တိုက်ခိုက်ဖို့ သွားနေပြီဖြစ်ကြောင်းနဲ့ Baghlan ပြည်နယ် တခုလုံးကို ပြန်သိမ်းမှာ ဖြစ်ကြောင်း သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတခု ဖြစ်တဲ့ Andrab ကေန ဗီဒီယိုနဲ့ သတင်းစကား ပါးခဲ့ပါတယ်။

တာလီဘန်တွေဘက်ကလည်း အာဖဂန်တပ်တွေကို ပြန်တိုက်ဖို့ သူ့တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အခြေနေမှန်ကို သိရဖို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကို VOA က မေးမြန်းခဲ့ပေမယ့် ဘာမှတုံ့ပြန်ပြောဆိုတာ မရွိပါဘူး။

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သမ္မတဟောင်း Ashraf Ghani လက္ထက္က ပထမ - ဒုသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ Amrullah Saleh က တာလီဘန်တွေကို သူ့ဇာတိ Panjshir ပြည်နယ်ကနေ ပြန်ခုခံမယ်လို့ ပြောကြားပြီး မကြာမှီ ရက်ပိုင်းအတွင်းမှာ အခုလို တာလီဘန်တွေကို ပြန်လည်တိုက်ခိုက်မှုတွေ လုပ္လာတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က သမ္မတဟောင်း Ghani နိုင်ငံကနေ ထွက်ခွါသွားခဲ့တဲ့နောက် အာဖဂန်ဖွဲ့စည်းပုံအရ သူဟာ အိမ်စောင့်အစိုးရ သမ္မတ ဖြစ်ကြောင်း Saleh က ကြေညာခဲ့တာ ဖြစ်ပါတယ်။

https://burmese.voanews.com/a/anti-taliban-forces-retake-three-northern-afghan-districts/6010769.html

Anti-Taliban Forces Retake Three Northern Afghan Districts

By Ayaz Gul
August 20, 2021 04:08 PM

Opposition fighters loyal to Afghanistan's ousted government on Friday retook three northern districts from the Taliban just days after the Islamist group reestablished its control over most of the country.

Pro-Taliban social media accounts confirmed the military reversal in northern Baghlan province. They said at least 15 Taliban fighters were killed and 15 others injured in what they described as a betrayal of the amnesty announced for members of the former Afghan government.

Abdul Hamid, local commander of what was described as an uprising against the Taliban, said in a video message from Andrab, one of the newly held districts, that his forces were advancing toward another nearby district, vowing to capture all of Baghlan.

The Taliban reportedly have dispatched their forces to Andrab to stage a counteroffensive. 

VOA requested but has not received reaction from Taliban spokesman Zabihullah Mujahid, to what was the first formal armed retaliation since his group took control of the capital, Kabul, on Sunday.

https://www.voanews.com/south-central-asia/anti-taliban-forces-retake-three-northern-afghan-districts