Sunday, August 22, 2021

အာဖကန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ အရေးတွေကို


ဦးကိုကိုလှိုင်တို့
ဒေါက်တာနေဇင်လတ်တို့လို
ပထဝီနိုင်ငံရေးဘာညာဘာညာတွေ
ဇောက်ချလေ့လာရေးသားနေသူတွေ
ရေးကြ ပြောကြပါလိမ့်မယ်။

ဘာသာတူ
အသွင်တူတဲ့
တူရကီတွေ က
အာဖကန်စစ်ပြေးတွေ
အီရန်နယ်စပ်ကနေတဆင့်
အလုံးအရင်းနဲ့ဝင်လာမှာကို
စိုးရိမ်လို့
အစောင့်အရှောက်များစွာသုံးပြီး
ပိတ်နေပါပြီ၊
အဲ့ဒီအကြောင်းလေးကိုပဲ
မိမိ ရေးချင်ပါတယ်။

နိုင်ငံတော် ဆိုတဲ့
အမြင်နဲ့ကြည့်ရင်
လူ့အခွင့်အရေး၊
ခွေးအခွင့်အရေးဆိုတာတွေမရှိသလို
လူမျိးတူ၊ဘာသာတူ
အသွင်တူဆိုတာလည်းမရှိပါဘူး။

အချုပ်အခြာအာဏာ
နယ်မြေပိုင်ဆိုင်မှု
ကာကွယ်ရေးစွမ်းအားဆိုတာ
နိုင်ငံတော်တစ်ခုရဲ့
အသက်ပါပဲ။

#AungMin