အမှားနဲ့အမှန်
အထူနဲ့အပါး
ကွဲကွဲပြားပြားနားမလည်တဲ့
ဇာတ်ခေါင်းကွဲတွေရဲ့
ပါးစပ်ပေါင်းများစွာက
အကြင်နာတရားကင်းမဲ့တဲ့
ပြစ်ဒဏ်ကတော့
လွတ်ရက်မရှိ ကျခံနေရမှာပဲ ညီမလေး။
အဲဒါ •••
မင်းရဲ့အောင်ပွဲပဲ။
စစ်ပွဲတိုင်းမှာ
ကျည်မပါပဲပစ်တဲ့ ပါးစပ်သေနတ်ကို
သံသယကင်းတဲ့
ကျည်ကာသာဝတ်ထား
ဘဝမကူးပါဘူး
ယုတ်မာတဲ့ပြစ်ဒဏ်
ဒီဘဝမွာပဲ
ပေးဆပ်သွားလိမ့်မယ် ညီမလေး။
#လက်ရုံး