Friday, November 19, 2021

💛 ခဝဲပွင့်တုန်း တန်ဆောင်မုန်း 💛


တန်ဆောင်မုန်းလ ဆိုရင် လူအများက မယ်ဇလီဖူးပဲ 
ပြေးမြင်ကြပါလိမ့်မယ်။

တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်

💛 ခဝဲပန်း-နတ်သမီး 💛

မြတ်စွာဘုရား ပွင့်တော်မူစဉ်ကာလ

အများက ဆီမီးသစ်သီးမျိုးစုံ

ဘုရားကို လှူကြပူဇော်ကြသည်

ထိုစဉ် ဆင်းရဲသူမလေးတစ်ဦးက

သှု့မှာလှူစရာမရှိ လှူလိုသောသဒ္ဓါဇော-က

ထက်သန်လှပေသည်။

ထိုစဉ် ခြံစည်းရိုးပေါ်တွင် တွယ်ကပ်ပေါက်နေသော

ဝါဝါထိန်အဆင်းဖြင့်ပွင့်နေသော ခဝဲပန်းကို

မြင်သွားမိသည်။

ထိုခဝဲပန်းကို ခူးဆွတ်၍ ဘုရားရှင်အား

လှူဒါန်းပူဇော်ရန်အသွား ကံအားလျှော်စွာ

လမ်းခုလတ်တစ်နေရာ နွားမတစ်ကောင်ဝှေ့၍

သေပွဲဝင်ခဲ့ရပါသည်

ဘုရားထံလည်းမရောက် အလှူလည်းမမြောက်ခဲ့

သို့သော် ဘဝကူးခါနီးတွင် ဖြစ်ပေါ်ခဲ့သော

ရည်စူးအလှူ ၏ကုသိုလ်စမ်းအင်ကြောင့်

တာဝတိံသာ နတ်ပြည်တွင် အလွန်အဆင်း

တောက်ပြောင်လှပသည့် နတ်သမီးတစ်ပါး

"ခဝဲပန်းနတ်သမီး"ဟု ထူးထူးခြားခြားဖြစ်ပေါ်ခဲ့ပါသည်

ဘဝချမ်းသာခြင်းသည် အဓိကဖြစ်သော

"စေတနာ သဒ္ဓါဇောအဟုန်" ကြောင့်သာဖြစ်ပြီး

အလှူပစ္စည်း တန်ဖိုး အနည်းအများက

အဓိက မဟုတ်ကြောင်း သက်သေသာဓကပင်တည်း။

💛 တန်ဆောင်မုန်းလ ခဝဲပန်း 💛 

အခုလို ဗြိစ္ဆာရာသီ-တန်ဆောင်မုန်းလကိုရောက်ရင်
ရာသီပန်းဖြစ်တဲ့ ခဝဲပန်းဝါဝါလေးတွေကို သတိရမိကြမှာပါ။ သီးပင်စားပင်ကပွင့်တာဖြစ်ပေမယ့်လည်း 
မြန်မာ့ဆယ့်နှစ်လရာသီပန်းတွေထဲမှာတော့ 
ဒီခဝဲပန်းလေးတွေဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။  
အခြားပန်းတွေနည်းတူ ပန်ဆင်ကြတာမတွေ့ရပေမယ့် 
တချို့က ခဝဲပန်းတွေကို ကြက်ဥနှင့်​ကြော်ပြီး စားသုံးကြပါတယ်။ 

💛 ခဝဲသီး၏ အကျိုးကျေးဇူးများ 💛

ခဝဲပန်းအပြင် ခဝဲညွန့်၊ ခဝဲသီးတွေကလည်း ချက်စား၊ ကြော်စား မယ်ဆိုရင် အရသာချိုတဲ့ ဟင်းလျာတစ်ခွက်ဖြစ်သလို ခဝဲသီးကိုစားသုံးခြင်းဖြင့် 
(၁) ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း၊
(၂) ရောင်ရမ်းမှုကို သက်သာစေခြင်း၊
(၃) သွေးသန့်စင်ပေးနိုင်ခြင်း၊
(၄) ဆီးချို၊သွေးချို ဖြစ်ပွားမှုကို လျော့နည်း​စေခြင်း၊
(၅) Cholesterol လျော့ကျစေခြင်း၊
(၆) Vitamin ကြွယ်ဝစွာပါဝင်ခြင်း၊
(၇) ဝမ်းမှန်စေခြင်း၊
(၈) အစာအိမ်ကို ကောင်းမွန်စေခြင်း၊
(၉) အရည်ပြားကို ကျန်းမာစေခြင်း နှင့်
(၁၀) အသားဝါရောဂါဖြစ်ပွားမှုကိုလျော့နည်းစေခြင်း။ 
စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။

🙏🙏🙏
Credit

Related Posts:

  • ရာဇဝတ်သားအတွက်"ဓါး" ပြည်သူ့အတွက်" အား" အဲဒါ တပ်မတော်သား.. အကြမ်းဖက်စစ်ကောင်စီ.. အကြမ်းဖက်စစ်ကောင်စီ..အဲဒါမင်းတို့ပေးတဲ့အမည်မငြင်းဘူးသူငယ်ချင်းဖက် သင့်တဲ့နေရာအကြမ်းဖက်ရမှာမို့မင်းတို့ပေးတဲ့အမည် မင်းတို့အတွက်တော့မမှားပါဘူး...တပ်မတော်ဟာ ရာဇဝတ်သားအတွက် အကြမ်းဖက်ရမဲ့ဓား ဖြစ်သလို..ရိုးသား… Read More
  • ငရဲသားတို့ စံပျော်ရာ         á€žá€Žá€á€‚ူ ဆရာတော်ကြီး ရုရှားရောက်နေတာကိုလည်း ဆဲကြ ၊ ဟိုပုန်းက ကိုရင်လေး ပျံလွန်တော်မူတာလည်း ဝမ်းသာကြ ဆဲကြ နဲ့ NLD အုပ်စုရဲ့ အကုသိုလ်တွေ စုဆောင်းနေကြပုံကတော့ ကြက်သီးထဖွယ်ပါပဲ ။        PDF GZ ဆိုပြီး လူမဆန်တဲ့ လုပ်ရပ်တွေကြ… Read More
  • ဆင်သမနွယ် ကပ်ကျော်ဆေးတော်ကြီး ဇီဝိတဒါန ဘေသဇ္ဇဒါန ကုသိုလ်ပြုဖို့ လက်ကောင်းက ကိုမြင့်နွယ်ဦး အကူအညီရလို့ တပည့်ကျော် မောင်ဆန်းမင်းဌေး နဲ့ မောင်ဘိုထွန်း တို့နှစ်ယောက် လွှတ်ပြီး ဆင်သမနွယ် ခုတ်ခိုင်းလိုက်တာ OK မှ OK ပဲ... အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်... ။ *^  ငါဒို့ အဓိဋ္ဌာန် ^* ---------… Read More
  • လာပြန်ပြီ မိတ္ထီလာ ရဲ            á€‡á€ąá€Źá€şá€šá€Żá€‘ွန်း              အုပ်ခွဲတပ်ကြပ်ကြီး(ငြိမ်း)            ဆိုသူကို မိတ္ထီလာက ရဲသတင်းပေး ဆေးသမား ၊ ချဲရောင်းစားဖူးသူ တယောက်က အထက်ပါ တပ်မတော်အငြိမ်းစား တဦးအား စစ်ပြေးဆိုပြီး ဖမ်းခိုင်းမယ်ဆိုတဲ့ သတင်းအား အဆိုပါ … Read More
  • ကျွန်တော်သည်စစ်သား တစ်ယောက်ဖြစ်သည် မြန်မာ့တပ်မတော်ဆိုသည်မှာအခြားပြည်ပတပ်မတော်တွေနဲ့မတူဘဲ မျိုးချစ်စိတ်ကိုအခြေခံထားသောအဖွဲ့အစည်းပင်ဖြစ်သည်။ အခြားဒီမိုကရေစီနိုင်ငံတွေနဲ့မတူ သူတစ်လူ ငါတစ်မင်းသုံးယောက်တစ်ဖွဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တိုက်ရ.. … Read More