Friday, November 19, 2021

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ နိုဝင်ဘာ ၁၈

နိုဝင်ဘာလ ၁၇ ရက်နေ့ ၁၄၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးသွား ကားလမ်းဟောင်းတွင် စဉ့်ကိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ အောင်အေးလှိုင်(ခ)ဂျော့ မောင်းနှင်ပြီး ကျော်ကျော်(ခ)ကုလားလေး စီးနင်းလိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်ကျော်(ခ)ကုလားလေး လက်အတွင်း ကိုင်ဆောင်ထားသည့် စက္ကူဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်အေးလှိုင်(ခ)ဂျော့(၃၀)နှစ် နှင့် ကျော်ကျော်(ခ)ကုလားလေး(၃၀)နှစ် တို့အား ပလိပ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

(Unicode)

Related Posts: