Sunday, November 7, 2021

ဆရာမဖြစ်စဉ်နောက်ဆက်တွဲ


၁၀ တန်း အပ်ရမယ့်ကလေးက ကျောင်းမတက်တော့ဘဲ ကျောင်းတက်တဲ့သူတွေကို အပြစ်မြင်နေတာကြာပြီ။ အဲဒီကလေး ဦးဆောင်ပြီး လာ-တ်သွားတာတဲ့။ 
အ-တ်ခံရတဲ့ဆရာမရဲ့တပည့်ထဲက တစ်ယောက်ပဲ။ သူနဲ့ မိန်းကလေးတစ်ယောက်၊ PDF ကောင်လေးတစ်ယောက်ပါတယ်။ ကိုယ့်ဆရာမကိုတောင် -တ်ရဲတယ်ဆိုတော့ မကောင်းတော့ဘူးပေ့ါ ” ဟု အခင်းဖြစ်စဉ်ကို သေချာစွာမြင်တွေ့ခဲ့ရသည့် မြောက်ဥက္ကလာ(ဃ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။
 လုပ်ကြံ-တ်ဖြတ်ခံရသည့် ကျောင်းဆရာမမှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားသည့်အတွက် ကျန်ရစ်ခဲ့သော သမီးလေးတစ်ဦးကို မိခင်ကောင်းပီပီ၊ ဆရာမကောင်းပီပီ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်ကြောင်း အထက(၂) အရှေ့ဒဂုံမှ ဆရာမအချို့က ပြောသည်။ 
ကနဦးပိုင်းတွင် CDM လုပ်ခဲ့သော်လည်း ထောက်ပံ့သူမရှိ၊ ကူညီသူမရှိသည်မှာ ကြာမြင့်လာသည့်အတွက် သားအမိနှစ်ဦး၏ စားဝတ်နေရေးအတွက် မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ရန်ဆုံးဖြတ်ခဲ့ရကြောင်း၊ အဆိုပါဆုံးဖြတ်ချက်နှင့်အတူ ဆရာမအား ဝိုင်းဝန်းအပြစ်တင်ရှုတ်ချ ခြိမ်းခြောက်မှုများပင်ရှိခဲ့ကြောင်း သိရသည်။ 
“ ဆရာမကို -တ်လိုက်တော့ သမီးလေးတစ်ယောက်ပဲ ကျန်ခဲ့တာပေ့ါ။ ဘယ်သူက တာဝန်ယူစောင့်ရှောက်တော့မှာလဲ။ -တ်တဲ့ကလေးကလည်း ဒီရပ်ကွက်ထဲကပဲ ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက အမည်မဖော်ရဲစွာဖြင့် NP News ကို ပြောသည်။ 
တက္ကစီယာဉ်ပေါ်၌ အနီးကပ်ပစ်-တ်ခြင်းခံခဲ့ရသော ဆရာမကို မြောက်ဥက္ကလာဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ရရှိထားသည့်ဒဏ်ရာဖြင့် ဆေးရုံမရောက်မီမှာပင် ကွယ်လွန်ဆုံးပါးသွားခဲ့ရကြောင်း၊ ဆရာမ၏သမီးဖြစ်သူမှာလည်း ခိုကိုးရာမဲ့စွာကျန်ရစ်ခဲ့ရပြီဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။ 
“ ဒီအကြောင်းကြားတော့ ကျွန်မတို့လည်း တော်တော်လေး လန့်နေမိတယ်။ ကျောင်းရောက်တာတောင် ဆရာမဝတ်စုံကို မဝတ်ရဲဘူး။ ကျောင်းပြန်စဖွင့်ကတည်းက ကျောင်းတက်ကျောင်းဆင်းချိန်တိုင်းမှာ အနားကလူတွေက ကြည့်တဲ့ပုံစံက တစ်မျိုးပဲ။ ကျောင်းမှာလည်း လုံခြုံရေးအစောင့်အကြပ်တွေ မရှိတော့ဘူး။ ပထမတစ်ခေါက်ဖွင့်တုန်းကမှ လုံခြုံရေးတွေရှိသေးတယ် ” ဟု ဒဂုံအရှေ့အထက(၂)မှ ဆရာမတစ်ဦးက ပြောသည်။ အွန်လိုင်းပေါ်မှာ ဆဲဆိုအပြစ်တင်နေမှုများကို ခံနိုင်ရည်ရှိစွာ တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်လိုသော်လည်း အသက်အန္တရာယ်နှင့်ရင်ဆိုင်ရပါက ကာကယ်ပေးနိုင်မှု ကင်းမဲ့နေခြင်းကို စိတ်ပျက်လာနေကြောင်းနှင့် ယခုအတိုင်းဆက်သွားပါက အလုပ်ထွက်ရန်သာ စဉ်းစားရမည့်သဘောမျိုးဖြစ်နေကြောင်း ၎င်းကဆိုသည်။

ကျောင်းဆရာမအား တက္ကစီယာဉ်ပေါ်တွင် အနီးကပ်ပစ်သတ်သွားသော လူငယ်သုံးဦးကိုမူ ဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက် နာရီပိုင်းအတွင်းမှာပင် ရဲတပ်ဖွဲ့ဘက်က ရပ်ကွက်နေပြည်သူများ၏ အကူအညီကြောင့်သာ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးထားသော လူငယ်သုံးဦးကို အသေးစိတ်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေပြီဖြစ်ပြီး လိုအပ်သောအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း အကြမ်းဖျင်းကြားသိရသည်

Source:NP



Related Posts:

  • ဇမ္မူဒီပါလက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းတဲ့နိုင်ငံ"တပ်မတော်သားတွေ ရှေ့တန်းစစ်မြေပြင်မှာဖြစ်သလို စားသောက်နေတဲ့ပုံတွေ တွေ့တော့"မင်းတို့ မျက်ရည် မချူနဲ့တဲ့"ခုတော့ PDF ကလေးတွေက တောထဲက ပုံတွေနဲ့ဇာတ်နာပြလေရဲ့..........သံပုံးတွေတီးပြီး မကောင်းဆိုးဝါးတွေပြေးဆိုပြီး ပျော်ပျော်ကြီးလုပ်… Read More
  • အနှစ် ( ၁ဝဝ ) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေး လုပ်တဲ့အချိန် ရောက်ပြီလား 😱 ???ထူးဆန်းဆုံးကတော့ ကပ်ရောဂါမှန်သမျှဆေးမပေါ်ပဲ ကမ္ဘာလောကကြီးကနေသူ့အလိုလို ပျောက်ကွယ်သွားခဲ့တာပါပဲ...။အနှစ် ( ၁ဝဝ ) လျှင် တစ်ကြိမ်ကမ္ဘာကြီးကလူသန့်ရှင်းရေး လုပ်တဲ့အချိန်ရောက်ပြီလား 😱 ???တိုက်ဆိုင်မှုလား…ထူးဆန်းမှုလား…ဘာသာရေးဆိုင်… Read More
  • ပြည်သူ့အသံ နဲ့ တုန့်ပြန်မှုများ ကိုကြီးစိုးတယောက် ညနေစောင်းမှ ရောက်လာပြီး စကားဝိုင်းဖွဲ့နေပြန်ပါတယ် ။"ငမျိုးရေ သတင်းစာ ရှင်းလင်းပွဲက အီလည်လည် လုပ်ပြန်ပြီ ကွ''"ဟမ် ဘာတွေ အီလည်လည် ဖြစ်နေတာလည်း ဗျ ''"UEC အသစ်က NLD မဲခိုးတာကို ဝေ့လည်ကြောင်ပတ် နဲ့ ဥပဒေ … Read More
  • #ယုတ်မာတဲ့_ပညာတတ်_လူသတ်သမားတွေ တစ်နိုင်ငံလုံးမှာ ပိုးတွေ့ဧရိယာများလာပြီCDM ဆရာဝန် သူနာပြုများကအာဏာပြန်လွှဲရင် သူတို့ ကူညီမယ်တဲ့..ကဲ ဘယ်လိုမြင်ကြသလဲကျုပ်ကတော့ ကျုပ်မြင်တာ ပြောပြီး....First wave ကာလ၂၀၂၀ နှစ်စကနေ နှစ်ကုန်အထိမှာ မဲဆွယ်စည်းရုံးတယ် လှည့်လည်တယ် ဘ… Read More
  • ကျွန်မအမှန်ပြောသည့်အတွက်ကျွန်မကို ဆဲနေသောသူများသို့ဒေါက်တာရင်ရင်နွယ်အား အဆင့်အတန်း မရှိသည့် အမျိုးသမီး ဖြစ်လေ ဟန် နှိမ့်ချ သရော်နေကြသည့် ဒီမိုများကား ဆရာမကြီး ရင်ရင်နွယ်က ပြန်လည် တုံ့ပြန်သည့် ပို့စ်ကို အများ ဖတ်ရှု နိုင်ရန် copy တင်ပါသည်။ မိမိ အနေနှင့် မူကား ကိုယ့်လူမျိုးထဲမှ… Read More