Sunday, November 7, 2021

WFP က ထောက်ပံ့တဲ့ ဆန်အိတ်တွေကို ရွှေပြည်သာနဲ့ဒဂုံဆိပ်ကမ်းက အိမ်ထောင်စု ၁သိန်း ၆သောင်းကျော်ကို ဝေပေးနေ


ရန်ကုန်၊ နိုဝင်ဘာ ၇-၂၀၂၁
KK(VOM)

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထောက်ပံ့တဲ့ ဆန်တွေကို ရွှေပြည်သာနဲ့ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း နေထိုင်တဲ့ အခြေခံလူတန်းစား တစ်သိန်းခြောက်သောင်းကျော်ထံ မြန်မာနိူင်ငံကြက်ခြေနီအသင်းက ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

WFP ကထောက်ပံ့ပေးခဲ့တဲ့ ဆန်တွေကို ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နဲ့ အမှတ်(၄) ရပ်ကွက်ရှိ မရှိနွမ်းပါးပြည်သူတွေကို မနေ့ နိုဝင်ဘာ ၆ရက်မနက်ပိုင်းက အိမ်ထောင်စုတစ်စုလျှင် ဆန်တအိတ်နှုန်းနဲ့ ကြက်ခြေနီအသင်းက ပေးအပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

"မရှိနေတဲ့အချိန် ရတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ ထောက်ပံပေးတဲ့ WFPအဖွဲ့ရယ် အပင်ပန်းခံပြီးလာပေးတဲ့ ကြက်ခြေနီအဖွဲ့ရယ် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်"လို့ ၂ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

ထောက်ပံ့ပေးအပ်ရာမှာ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းနဲ့ အမှတ်(၂) ရပ်ကွက်၊ အိမ်ထောင်စု ၄၂၆ စု၊ အမှတ်(၃)ရပ်ကွက်ရှိအိမ်ထောင်စု ၁၁၇၉ စု ၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု ၅၃၉ စု စုစုပေါင်း ၂၁၄၄စုကို ဆန်အိတ် ၂၁၄၄အိတ်ပေးခဲ့တယ်လို့
အုပ်ချုပ်ရေးပိုင်းဆိုင်ရာက တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် ၂၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၉၀၀၀၀ ကျော်ကို နောက်ရက်တွေမှာ ဆက်လက်ထောက်ပံ့သွားမှာဖြစ်သလို ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ထောင်စု ၇သောင်းကျော်ကို နိုဝင်ဘာ ၈ရက်မှ စတင်ကာ ပေးအပ်သွားမှာဖြစ်တယ်လို့
မြန်မာနိူင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုညွန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက VOM ကို ပြောပါတယ်။

"သုံးရပ်ကွက်ပဲ ပေးမှာမဟုတ်ဘူး ရွှေပြည်သာမြို့နယ်မှာ ၂၇ရပ်ကွက်ပေးမှာ၊ အိမ်ထောင်စု ကိုးသောင်းကျော် မနက်ဖြန် ဒဂုံဆိပ်ကမ်းမှာ ပေးမယ်၊ ရပ်ကွက် ၂၀ အိမ်ထောင်စု ခုနှစ်သောင်းနီးပါးရှိတယ် "လို့ ရှင်းပြပါတယ်။

WFP က စားနပ်ရိက္ခာတွေထောက်ပံ့တဲ့အခါ လူတဦးရဲ့အာဟာရကို တွက်ချက်ပေးပြီး ဆန်ထောက်ပံ့ပေးတဲ့အခါ နှစ်ကြိမ်ပေးတယ်လို့ မြန်မာနိူင်ငံကြက်ခြေနီအသင်းက သိရပါတယ်။

"အိမ်ထောင်စုတစ်စုကို နှစ်ကြိမ်ရမယ်၊ တစ်ကြိမ်မှာ ဆန်တစ်အိတ် နှစ်ကြိမ်ဆိုတော့ ဆန်နှစ်အိတ် ရွှေပြည်သာဆို ဒီဇင်ဘာမှာ ပြန်ရမယ်၊ ဒဂုံဆိပ်ကမ်းက ဇူလိုင်မှာ တစ်ကြိမ်ပေးပြီးပြီ အခုက ဒုတိယအကြိမ်"လို့ ဒုညွန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက ရှင်းပြပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထောက်ပံ့တဲ့ ဆန်တွေကို လှိုင်သာယာမြို့နယ်မှာ မေလက စတင်ဆောင်ရွက်ခဲ့ရာမှ ဇူလိုင်လမှာ မြန်မာနိူင်ငံကြက်ခြေနီအသင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ရွှေပြည်သာမြို့နယ်နဲ့ဒဂုံဆိပိကမ်းမြို့နယ် နှစ်ခုလုံးက ရပ်ကွက်တွေက အခြေခံလူတန်းစာတွေကို ဆန်ထပ်မံဝေပေးသွားမှာဖြစ်တယ်လို့ မြန်မာနိူင်ငံကြက်ခြေနီအသင်းက သိရပါတယ်။

#voiceofmyanmar #VOM #WFP #ထောက်ပံ့ပစ္စည်း



Related Posts:

  • 💚မင်းတို့ခိုးးတယ် 🐕ငါတို့မခိုးးဘူးး💚မခိုးးရင်ရှင်းးလေ🐕ရှင်းးစရာမလိုဘူးးးး💚မရှင်းးရင်ခိုးးလို့ဘဲ🐕မခိုးးဘူးးး💚မခိုးရင်ရှင်းးး🐕ရှင်းးစရာမလိုဘူးး💚မရှင်းရင်ခိုးးလို့ဘဲ😁😁 ဖျင်ပိတ်ညင်းး#Credit… Read More
  • အဆင်အကွက် နဲ့ ထင်မြင်ချက်        မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အိမ်စောင့်အစိုးရ ရဲ့ အဆင်အကွက် နဲ့  ဖရဲသီးတွေရဲ့ ထင်မြင်ချက်တွေကို ပရိတ်သပ်တယောက်အနေနဲ့ ယခုလို ကောက်ချက်ချကြည့်မိပါတယ် ။        ပထမဆုံး ပြည်တွင်းရှိ စိမ့်ဝင်နေတဲ့ လက်နက်တွေဟာ KIO KIA ကတဆင… Read More
  • ဖေ့စ်ဘွက်ခ်ကို နစက ကိုင်တွယ်နိုင်သလားစကားလုံးတစ်လုံးဟာ ရိုင်းစိုင်းကြမ်းတမ်းတယ်။ လိင်ခွဲခြား၊ အသားအရောင်ခွဲခြား၊ လူမျိုးရေးခွဲခြားထားတယ်။ -တ်ဖြတ်မှုကို အားပေးထားတယ်။ အမုန်းစကားတွေကို အားပေးထားတယ်။ ဘာသာမတူ ခံယူချက်မတူသူတွေကို ဖိနှိပ်စော်ကားထားတယ် စတဲ့ အခြေအနေမျို… Read More
  • သောက်ပြသနာ တစ်ကယ်အကြီးကြီးတက်ပါပြီသတင်းပေးရင် ဆုငွေ ငါးသိန်းဆိုတော့ဘောမတွေများ သတင်းတွေပေးပြီထင်နေတာမန်းလေးမှာ PDF အချင်းချင်း အရက်မူးစကားများပြီးပြန်သတင်းပေးလို့ အဖမ်းခံရတဲ့သူကိုစစ်မှသတင်းပေးသူကလည်း PDFဖြစ်နေသဖြင့် နှစ်ယောက်လုံး ဂိ!မင်္ဂလာတောင်ညွန့်မှာ လည်း … Read More
  • အကောင့်ကျကျိုး နပ်ပေပြီ      ဟိုတလောတုန်းက မန္တလေးသံဃာတွေက ဒကာမျိုးရေ သံဃာတွေကို စော်ကားနေတဲ့ နီပိန်းတွေကို တုန့်ပြန်ပေးပါအုံး အမျိုးသားရေးအုပ်စု အတွက် ပြန်ရေးတဲ့သူ နည်းနေလို့ပါ ဆိုပြီး လင့်တွေ ချပြ ပေးပါတယ် ။       ကျနော်ပြန်ဆဲရင် အကောင့်ကျမှာ သိပ… Read More