Saturday, November 6, 2021

ရိုးရိုးသူခိုးနှင့်နိုင်ငံရေးသ မားသူခိုးကွာခြားပုံ....


၁။ ရိုးရိုးသူခိုးသည် သင်၏ ငွေကိုခိုးသည်...အိတ်ကိုလုသည်..ဆွဲကြိုးဖြုတ်သည်.. ထမီရုတ်သည်။

နိုင်ငံရေးသမားသူခိုးမှာ သင်၏အနာဂါတ်ကိုခိုးသည်..အလုပ်ကိုခိုးသည်..ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေးကိုခိုးသည်။

၂။ ရဲသည် ရိုးရိုးသူခိုးကို မရရအောင်ရှာပြီးဖမ်းသည်။

နိုင်ငံရေးသမားသူခိုးကိုမူ ရဲကအကာအကွယ်ပေး စောင့်ရှောက်ရလေသည်။

၃။ရိုးရိုးသူခိုးကခိုးယူနိုင်မည့်လူကိုသူကိုယ်တိုင်ရွေးချယ်ပြီး..နိုင်ငံရေးသမားသူခိုးကိုမူကျွန်တော်တို့ကိုယ်တိုင် မဲပေးရွေးချယ်၏။

၄။သူတို့နှစ်ဦးအားခွဲခြားရန်မှာ လွယ်ကူပေ၏။

ရိုးရိုးသူခိုးသည်ငတက်ပြားမျက်နှာဖုံးကိုစွပ်သည်.မှောင်ရိပ်ခိုသည်။

နိုင်ငံရေးသမားသူခိုးသည် ဖဲကြိုးဖြတ်သည်..မိန့်ခွန်းပြောသည်..ဧည့်ခံပွဲသွားသည်..မိမိအားဝေဖန်ရေးသားသော ဂျာနယ်တိုက်ကို တရားစွဲသည်။

၅။ရိုးရိုးသူခိုးမှာအတိတ်ကံမကောင်းရှာပေ။

နိုင်ငံရေးသမားသူခိုးမှာ ဘုရားဒကာ ကျောင်းဒကာ လူသံဃာ နတ်ဗြမ္မာ ကြည်ညိုကြရလေသည်။

Credit