Saturday, November 6, 2021

လာမည့် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအပါအဝင် လွှတ်တော်များအားလုံး၌ PR စနစ်သာ ကျင့်သုံးမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံနှင့် မဆန့်ကျင်ကြောင်း UEC ဥက္ကဋ္ဌပြောဆို

…………………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ ၆ (People Media)

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များအားလုံး၌ PR စနစ်သာ ကျင့်သုံးသွားမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံနှင့် မဆန့်ကျင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုလိုက်တယ်လို့ နိုင်ငံရေးပါတီ အချို့က People Media ကို ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ UEC နှင့် နိင်ငံရေးပါတီများတွေ့ဆုံပွဲတွင် UEC ဥက္ကဋ္ဌက ၎င်း၏ မိန့်ခွန်း၌ အထက်ပါအတိုင်း ပြောဆိုခဲ့တယ်လို့ နိုင်ငံရေးပါတီကိုယ်စားလှယ်အချို့က ပြောပါ တယ်။

"အခုက PR စနစ်ကို ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော်ရောအကုန်လုံးမှာ ကျင့်သုံးမှာလို့ ပြောသွားတယ်။ အဲ့ဒီအတွက်ကို ဖွဲ့စည်းပုံအခြေဥပဒေနဲ့ မဆန့်ကျင်တဲ့ အကြောင်းကို သက်သေပြပြောဆိုသွားတယ်" ဟု အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ထိုကဲ့သို့ လွှတ်တော်အားလုံး၌ PR စနစ် ကျင့်သုံးမည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး People Media က ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ဦးကို မေးမြန်းရာ "ငါတို့ရဲ့ သဘောအရဆိုရင်တော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာပဲ ကျင့်သုံးစေချင်တယ်" လို့ ပြောပါတယ်။

အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရောက်ခဲ့ပါတယ်။

#PeopleMedia #UEC #PR

(unicode)