ကျနော်တို့တိုင်းပြည်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဦးနေဝင်းတယောက် စွတ်ရွတ်ပြီး လုပ်ပြခဲ့တဲ့ ပြည်သူပိုင်သိမ်းခြင်း ဆိုတဲ့ လုပ်ရပ် ကိစ္စကြီး နဲ့ တိုင်းတပါးသားတွေ လက်ထဲကနေ တိုင်းပြည်ရဲ့ ရေမြေစည်းစိမ်တွေကို ပြန်လည်ရယူပေးခဲ့ပါတယ် ။
ဒီကနေ့ခေတ် ဒီကနေ့ အခြေခံဥပဒေအရတော့ ဒါမျိုးဆောင်ရွက်ကြဖို့ အခွင့်အရေး မရှိတော့ပါဘူး ။ ကျနော်တို့ တိုင်းရင်းသားတတွေဟာ လိုအပ်ချက်များစွာ အားနည်းချက်များစွာ တို့ကြောင့် ဦးနေဝင်း အမိုက်ခံလုပ်ပေးခဲ့ရတဲ့ အမွေတွေကို တိုင်းတပါးများထံသို့ ပြန်လည်ရောက်ရှိစေခဲ့ရပြန်ပါတယ် ။
မြန်မာအများစုရဲ့ ပညာဥာဏ်ရည်နိမ့်ပါးခြင်း ၊ အပျင်းခိုခြင်း ၊ အပျော်အပါး အသောက်အစားများခြင်း ၊ အကွက်ကျကျ ကြိုးစားမှု အားနည်းခြင်း ၊ ရောင်းရေးဝယ်တာ ညံ့ဖျင်းခြင်း ၊ ဆက်ဆံရေးနုံချာခြင်း ၊ တလွဲမာနကြီးပြနေခြင်း အစရှိတဲ့ အားနည်းချင် အစုစုတို့ကြောင့် တကြောင်း.......
လူမျိုးခြားတို့အတွက် ဝင်ငွေရှာဖွေရာမှာ အစုအဖွဲ့နဲ့ နောက်ကွယ်မှ ထောက်ပံ့ပေးနိုင်ခြင်း ၊ ကျောင်းပညာထက် စီးပွားရှာပညာ များအား ငယ်စဥ်ကတည်းက သင်ကြားပေးကြခြင်း ၊ လူရေလည်ခြင်း ၊ နှိမ့်ချစွာ ဆက်ဆံတတ်ခြင်း အစရှိသည်တို့ကြောင့် လူမျိုးခြားများဟာ သိသာစွာ စီးပွားရေးလုပ်ငန်းအသီးသီးအား ချုပ်ကိုင်နိုင်ခဲ့ကြပါတယ် ။
ထင်ရှားတဲ့ ဥပမာတွေက ဖျော်ဖြေရေးလုပ်ငန်း ၊ စာပေထုတ်ဝေရေးလုပ်ငန်း ၊ မီဒီယာအများစု ၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း ၊ လောင်စာဆီလုပ်ငန်း ၊ စားသုံးဆီလုပ်ငန်း ၊ ဆေးဝါးလုပ်ငန်း ၊ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ဆန်လုပ်ငန်း ၊ အစရှိတဲ့ လုပ်ငန်းမှန်သမျှ နိုင်ငံခြားသားများ အုပ်စီးထားပါပြီ ။
ကျနော်တို့ မြန်မာတွေရဲ့ လက်ထဲမှာ ယနေ့ကာလ အခြေအနေအရ အာဏာသုံးရပ်သုံးရပ်သာ ရှိနေပါတော့တယ် ။ ဒါတောင် ကံကောင်းလို့ ကျန်ရှိနေတာလို့ ဆိုရပါမယ် ။ NLD သာမဲခိုးပြီးဆက်လက်အုပ်ချုပ်ခဲ့ရင်တော့ ငါးပါးမှောက်ပေပြီ ။
အထက်ပါ လုပ်ငန်းကြီးတွေရဲ့ ကော်မတီဥက္ကဌတွေကို လေ့လာကြည့်ပါ ။ ပြည်ပလူမျိုးခြား အဖြူ အမည်းများသာ ဖြစ်နေကြောင်း ကြောက်ခမန်းလိလိ တွေ့နိုင်ပါတယ် ။ သူတို့ဟာ NLD ငါးနှစ်အတွင်း ထိုးဖောက်နေရာရယူခဲ့ကြပါတယ် ။
ယနေ့ တပ်မတော်အနေ နဲ့ ဦးနေဝင်းကဲ့သို့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး ။ သို့သော် တိုင်းပြည်အတွက်ကား ကံကြမ္မာမျက်နှာသာ ပေးလာပြန်ပါတယ် ။ နစက အနေနဲ့ အကြမ်းဖက်ဥပဒေအား ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဥပဒေကြောင်း အရ ပိုင်ဆိုင်မှုများအား နိုင်ငံပိုင်အဖြစ် သိမ်းခွင့်ရှိနေပါပြီ ။
ယခု အကြမ်းဖက် PDF များ နဲ့ ဆက်နွယ်အားပေးနေသူများအား အရေးယူနိုင်မယ်ဆိုလျှင် ယင်း လုပ်ငန်းရှင်ပိုင်ဆိုင်မှုများကို ဥပဒေနဲ့ အညီ သိမ်းယူနိုင်ပါပြီ ။ အလားတူ ဖြစ်ရပ်မျိုး နောင်ကာလမှာ မပြုရဲစေရန် တိကျပြတ်သားစွာ အရေးယူပြီး နိုင်ငံပိုင်သိမ်းကြရပါမယ် ။
သိမ်းယူပြီး နေအိမ် လုပ်ငန်းများအား မြန်မာတိုင်းရင်းသား စစ်စစ် လုပ်ငန်းရှင်များသို့ သတ်မှတ်တန်ကြေးဖြင့် အမြန်ဆုံး ရောင်းချလက်လွဲပေးရပါမယ် (အကြွေးလည်း ပေးရဲရပါ့မယ်)
ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံဘဏ္ဍာ တိုးတက်လာပြီး တိုင်းပြည်အပေါ် သစ္စာရှိသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်လာပါလိမ့်မယ် ။
နောက်ပြီး NLD လက်ထပ်က ဖွဲ့စည်းပုံအရ စီးပွားရေးလုပ်ငန်းရှင်များ အသင်းအသီးသီးက ဥက္ကဌများ နဲ့ အဖွဲ့ဝင်များအား ပြန်လည်စီစစ်ရပါတော့မယ် ။ တိုင်းရင်းသား စစ်စစ်များကိုသာ တာဝန်ပေးဖို့ လိုအပ်လာပါပြီ ။ ယခု ၂၀၂၁ အရေးအခင်း အရ ယင်းအချက်ကို အရေးတကြီး ပြင်ဆင်သင့်ကြောင်း သက်သေပြနေပါပြီ ။
ယခု NUG PDF တို့ နဲ့ ပတ်သက်လျှင် တင်းကျပ်စွာ ကိုင်တွယ်ကြရပါမယ် ။ လူဆိုသည်မှာ အသက်ထက်တွယ်တာရသော စည်းစိမ်နဲ့ မိသားစုဝင်များရှိကြပါတယ် ။ ဘယ်မိသားစုကမှ စည်းစိမ်အပြုတ်ခံပြီး PDF ကို မထောက်ပံ့ဝံ့ပါဘူး ။ ဒါကိုလည်း ယနေ့ အပြိုင်အဆိုင်ကြေငြာနေတဲ့ အမွေဖြတ်ကြေငြာများက သက်သေပြနေပါတယ် ။
နစက အနေနဲ့ အကြမ်းဖက် ဥပဒေအရ ငြိစွန်းမယ့် မည်သည့်လုပ်ငန်းရှင်၏ ပိုင်ဆိုင်မှုကို မဆို စိမ်းကျက် မရွေး နိုင်ငံပိုင် သိမ်းယူပြီး တိုင်းရင်းသားစစ်စစ်လုပ်ငန်းရှင်များထံ အကြွေးစနစ်ဖြင့် ဖြစ်စေ အချိန်မဆွဲပဲ ရောင်းချပေးပါရန် အကြံပြုချင်ပါတယ် ။
နောက်တချက်က လုပ်ငန်းရှင် အသင်းအဖွဲ့များ၏ ကော်မတီများအား တိုင်းရင်းသား လုပ်ငန်းရှင်များနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ် ။
ကိုရွှေမျိုးဝင်း
(တိုင်းရင်းသားတွေ ဒီလို စိတ်ထားပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပါပြီ)