Sunday, November 21, 2021

မြောင်မြို့နယ်၌ ရဟန်းသံဃာ ၁ ပါးအား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်၍ အလောင်းအားမီးရှို့ဖျက်ဆီး


နေပြည်တော် နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်းသံဃာတော်များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများပြားသည့် နိုင်ငံများ အနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံ ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက် အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများကိုသာမကဘဲ ရဟန်းသံဃာများကိုပင် ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ရဟန်း သံဃာ ၁ ပါး အား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြောင်မြို့နယ်၊ ဘူးကိုင်း ကျေးရွာ ဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဥုးပိတ(ခ) ဦးဘမြင့် (၇၄)နှစ်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်မှ ဒလန်ဟုပြောဆိုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ဆရာတော်၏ အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်

ဖြစ်စဉ်တွင် ရဟန်းသံဃာများအပေါ် အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Related Posts:

  • တောကြောင်ရှင်းဖို့ လိုနေပြီ          ယခုဆိုရင် တိုင်းပြည်အနှံ့ ဗရုတ်သုတ်ခ ဖြစ်နေရတာ ကာလ အတန်ကြာခဲ့ပါပြီ ။ သို့သော် စစ်ကိုင်း ချင်း ကယား မှ အပ ကျန်ဒေသတွေမှာ ချောင်းမြောင်း လုပ်ကြံ ဖောက်ခွဲတဲ့ အဆင့်ပဲ ရှိပါတော့တယ် ။        ပြည်သူတွေကို တကယ် ဒုက္ခပေးနေတာက… Read More
  • ဘရွှေ မှ ရွှေဘ သို့ နျူလက်ဆောင် (1)         2004 ရဲ့ နိုင်ငံတော်အဆင့် ထမင်းစားဝိုင်းတခုမှာ သိပ္ပံ နဲ့ နည်းပညာဝန်ကြီး ဦးသောင်းကို ဘရွှေက....."ကိုသောင်းရေအနုမြူလက်နက်မရှိတဲ့ ဒို့နိုင်ငံကို အနုမြူရှိတဲ့ကောင်တွေက ဗိုလ်ကျတယ်ကွ ။ ဒါကြောင့် ထန်းသီးလောက်ပဲဖြစ်ဖြစ်… Read More
  • စည်းလွတ် ဘောင်လွတ် မဝါးနဲ့            ညနေစောင်းမှ ကိုကြီးစိုး ရောက်လာတာနဲ့ အိမ်မှာပဲ လေကန်ကြပါတယ် ။ "ငမျိုး ရေ အမြန်လမ်းက ရဲစခန်း ကိစ္စက လူကြားလို့ မကောင်းဖူး ကွာ ''"ဟုတ်ပါ့ ပေါ့ဆတယ်လို့ ပြောရမလား ဒါမျိုးလည်း ဘယ်သူက ထင်မှတ်ထားမလဲ ဗျာ ''"အေးကွ ကိုယ့်စ… Read More
  • အနိုင် အရှုံး နဲ့ ယုတ္တိဗေဒ         fb ပေါ်က သတင်းတွေ ကြည့်လိုက်ရင် နီပိတ်လေးတွေခမျှာ ငါတို့နိုင်ပြီ ဆိုပြီး ကောလဟာလတွေ နဲ့ ပျော်နေကြရတာတွေ ၊ PDF သတ်လို့ သေရရှာတဲ့ အပြစ်မဲ့ အရပ်သားတွေ ဘုန်းကြီးတွေ ရဲ့ သတင်းကို ဖတ်မိတိုင်း PDF တွေ ကျန်းမာပါစေ ၊ ကောင်းတယ… Read More
  • ဘရွှေ မှ ရွှေဘသို့ နျူလက်ဆောင် (2)          ပထမဆုံး တိုးတက်မှု အခြေခံတွေက စပြောပါ့မယ် ။ လက်နက်တွေအကြောင်း အရပ်သား သာမန်ပြည်သူတွေ နားလည်လွယ်အောင် တင်ပြရတာမို့ မပြည့်စုံမှုများ လိုအပ်ချက်များ ရှိခဲ့ပါက ကျနော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ် ။          မြန်မာ့ တပ်မတေ… Read More