Saturday, November 6, 2021

စေတနာ...ဝါသနာ...အနစ်နာ... 💚


️ကျုပ်ရဲ့ဇနီး ဒီနေ့ကျောင်းဖွင့်တော့ ကျောင်းတက်တယ်ဗျို့...

စိတ်မချလို့ကျုပ်ကလိုက်ပို့ရတယ်အမျိုးတို့ရေ...

အသက်က၅၉နှစ်..လုပ်သက်က၃၉နှစ်ရှိပါပြီ..ပင်စင်
ယူပါလို့ခိုင်းလည်း၆၀ပြည့်မှယူမယ်တဲ့ဗျာ....

လုပ်ကြံခံရလို့ဒုက္ခတွေ့နိုင်တယ်လို့ပြောလည်း..ကလေးတွေကိုစာသင်လို့ အသတ်ခံရလည်းမမှုပါ
ဘူးတဲ့....

မင်းသေသွားရင် တို့မိသားစုဘဲဒုက္ခရောက်မှာ..မင်းကိုနိုင်ငံ့ဂုဏ်ရည်ဆုပေးမှာမဟုတ်ဘူးကွလို့ပြောတော့လည်း...

ဆုတွေလိုချင်လို့ကျောင်းသွားတာမဟုတ်ဘူး..ကလေးတွေကိုချစ်လို့စာသင်ချင်တာ..မလောက်မငှလစာနဲ့လုပ်နေတာဟာဆရာမဘဝကိုမြတ်နိုးလို့ တော်ရေ့ တဲ့...

သူ့ကိုကျောင်းထဲအထိ လိုက်ပို့လိုက်ပါတယ်.. သူ့ရဲ့
ကလေးတွေကထမင်းချိုင့်ကူဆွဲကြ..ခြင်းလေးကူဆွဲကြနဲ့ကြိုဆိုကြပါတယ်...

အောင်မယ် သူကလည်း
ခြေလှမ်းတွေသွက်လို့ ..ပြုံးပြုံး ပြုံးပြုံးနဲ့ဖြစ်နေပုံ
များကျုပ်ကိုတောင်အရေးမစိုက်တော့ဘူး အမျိုး
တို့ရေ......
❤💛💚💙💜💕💞💓💗💖💘💝💟

Credit