Saturday, November 6, 2021

🍁Democracy vs Demoncracy


ပြောတုန်းကတော့ Democracy
နေရာရတော့ Demoncracy ဖြစ်
သွားတယ်...

Demoဆိုတာ "ပြည်သူ" ... ဂရိက
ဆင်းသက်တယ်၊Demon ဆိုတာ " 
မကောင်းဆိုးဝါး "

(၅) နှစ်အုပ်ချုပ်သွားတာမဟုတ်ဘူး
(၅) နှစ်လုပ်စားသွားတာ၊

ရလဒ်က....
အဖေကို သားက -တ်တယ်
ဆရာကို တပည့်က -တ်တယ်
အပြစ်မဲ့ပြည်သူကို ဘက်မတူသူက
-တ်တယ်

နောက်ဆုံး....
ဗုဒ္ဓသားတော် တချို့တောင်
ဗုဒ္ဓဘာသာကိုဖျက်ဆီးနေတာတွေ့နေ
ရဲ့သားနဲ့မျက်လုံးမှိတ်ထောက်ခံနေတယ်...

မိသားစု နှစ်ခြမ်းကွဲတယ်
အဖွဲ့အစည်းတွေ(၂)ခြမ်းကွဲတယ်
နေရာတိုင်း(၂)ခြမ်းကွဲတယ်
ပြည်သူတွေ(၂)ခြမ်း ဗြန်းဗြန်းကွဲတယ်...

ပညာရေးဖျက်ဆီးခံရတယ်
လူမှုရေးဖျက်ဆီးခံရတယ်
စီးပွားရေးဖျက်ဆီးခံရတယ်
ယုံကြည်မှုနဲ့ မြန်မာ့တန်ဘိုးတွေ
ဖျက်ဆီးခံရတယ်...

"ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့
ဒေဝဒတ်စိတ်တွေ အမြစ်တွယ်ခံ
လိုက်ရတယ်၊တချိန်ကပြောခဲ့ဘူးတဲ့ 
Utter devastationဆိုတဲ့"အလုံးစုံ
ပျက်စီးရေး"ကိုသူဇာတ်ပျက်ခဲ့သလို 
တကယ်ဖျက်ဆီးစီးသွားခဲ့တာ...

.............

လူတွေက Facebook ကိုဝိုင်းဆဲကြ
တယ်၊ဇာတ်ပျက်မကြီးကFacebook 
ကို သိန်း(၆၄,၀၀၀)ပေးပြီး၊သမ္မတ
အိမ်တော်ဘေးမှာ အိမ်တလုံးဆောက်
(စည်ပင်ခွင့်ပြုချက်မရှိရင် အမှုထပ်
တိုးပါ)အဲ့ဒီအိမ်ထဲမှာ အစွမ်းထက် 
စက်ကြီးတွေထည့်၊အဲ့ဒီက ပြောသ
မျှတွေဖမ်း၊fbပေါ်မှာ သူ့လူတွေကို
အမုန်းတရားတွေပြောခိုင်း၊ဆန့်ကျင်
ဖက်တွေကို အကောင့်ဖျက်ချ၊fb ကို
သုံးပြီး မြန်မာတနိုင်ငံလုံးအမုန်းတရား
တွေ ဖုံးလွှမ်းသွားအောင်Demon-
cracyကို လုပ်ခဲ့တာ...

Fb တာဝန်ရှိသူကတောင်ဝန်ခံသွားပြီ
မြန်မာ့ကိစ္စမှာ သင်္ခန်းစာယူပြီး မူဝါဒ
ပြင်ဆင်သွားပါ့မယ်တဲ့၊fbအကြီးတန်း
ဝန်ထမ်းဟောင်းထွက်ဆိုချက်အရလဲ
fbဟာ မြန်မာနိုင်ငံမှာ အမုန်းတရား
တွေပွားများအောင်လုပ်ခဲ့ပါတယ်တဲ့...

.............

ဇာတ်ပျက်မကြီးဟာ
ဖက်ရှင်ကလွဲလို့ ဘာမှနားမလည်သူ
ဖျက်ဆီးရေးကတော့ မွေးရာပါထူးချွန်
သူ၊အခန်း(၂)ခန်းလောက်ပျက်နေတဲ့
ပုစွန်ဆိတ်ဦးဏှောက်နဲ့၊ အရွယ်မငဲ့
ဖက်ရှင်တွေ မထပ်အောင် ဝတ်ပြီး
နိုင်ငံကို တဝကြီးဖျက်ဆီးသွားခဲ့တယ်...

အစိုးရအနေနဲ့အချက်အလက်တွေ
ထုတ်ပြန်ပေးသင့်တယ်၊ပြင်စာရေး
ဆရာတွေ၊သုတေသီတွေက သမိုင်း
မှတ်တမ်း တင်ကြပါလိမ့်မယ်...

ဒီနေ့မြင်နေရတဲ့
အဖေကို သားက-တ်တာ
သံဃာကို -တ်တာ
ဆရာကို တပည့်က-တ်တာတွေဟာ
ဒီဇာတ်ပျက်မကြီးက Demoncracy 
က ထုတ်လုပ်ပေးခဲ့တဲ့ ရလဒ်တွေပါ...

#BaMaung(ဒေါက်တာနေဇင်လတ်)


Related Posts: