အမျိုးသားရေးသမားဆိုတာ
မိုးကျရွှေကိုယ်တွေ မဟုတ်ဘူး
အမျိုးသားရေးသမားဆိုတာ
ခါတော်မှီသူရဲကောင်းတွေ မဟုတ်ဘူး
နုမလား ကြမ်းမလား
အကြမ်း အနု အကုန်ရတဲ့
စမ်းချင်တဲ့ဘက်ကစမ်း
မောင်ဘကြမ်းတွေ
ကလောင်လဲ ထက်ကြသလို
ဓားမြှောင်လဲ သွက်ကြတယ်
တရားလဲ ထိုင်ကြသလို
ဓားလဲ ကိုင်ကြတယ်
တရားလဲမွေးကြတယ်
ဓားလဲ သွေးကြတယ်
အမျိုးသားရေးအတွက်
သေရဲကြသလို သတ်ရဲကြတယ်
မြေပြင်လဲ လှုပ်ရှားတယ်
ဝေဟင်လဲ အလုပ်များတယ်
မတူညီရင် ခွဲလုပ်တယ်
တူညီရင် တွဲလုပ်တယ်
တော်ကီ သမားတွေ မရှိဘူး
ဆယ်လီ ငဖားတွေ မရှိဘူး
အချင်းချင်းဆိုရင်
ရေမြွေလိုနေတယ်
အချင်းချင်းဆိုရင်
ကျောချင်းကပ်ထားတယ်
ရင်ခြင်းအပ်ထားတယ်
အစိုးရအဆက်ဆက်ကို
မှန်ရင်ထောက်ခံပြီး
မှားရင်ရှုတ်ချတယ်
နိုင်ငံရေးသမား ဆယ်လီရူး
ဘဝင်ရူးတွေလို
မနက် တစ်ဆယ်
နေ့လည် ငါးကျပ်
ညနေ နှစ်ကျပ်ခွဲ အလုပ်ကို
မလုပ်ဘူး သိကြဘို့။ ။
အရှင်သု(သမဂ္ဂ)
၁၆.၁၁.၂၀၂၁
🙏🙏🙏