Thursday, September 9, 2021

တာဝါတိုင် ဖျက်ဆီးတဲ့ ကိစ္စ ....


ဖျက်ဆီးမှ အမှန်လို့ထင်နေတဲ့သူတွေနဲ့ အားပေးနေတဲ့သူတွေအတွက် ....

တာဝါတိုင်ကိစ္စ မသိသေးတဲ့သူတွေသိအောင်ရည်ရွယ်ပါတယ်

တာဝါတိုင်တွေ ဗုံးခွဲတာ ဘာမှမသိတာကို ပြနေတာပဲ။ 

Mytel က operatorကုမ္မဏီပါ။ တာဝါတိုင်နဲ့ တစ်ခြားဆီ။

လူပြိန်းနားလည်အောင် ပြောရရင် မိုက်ခရိုဝေ့ အင်တာနာ (အဝိုင်းကြီး) တင်ထားတဲ့ တာဝါတိုင်မှာ ရေဒီယို အင်တာနာ(အချောင်းတစ်ခု) သွားတင်ထားပြီး လေလှိုင်းရောင်းစားတဲ့ လုပ်ငန်း ဆိုပါတော့။ တာဝါတိုင် တစ်တိုင်မှာ အော်ပရေတာ အင်တာနာ တစ်ခုထက်မနည်း ရှိပြီး အော်ပရေတာကုမ္မဏီ တစ်ခုထက်မနည်းက လာတပ်ထားကြတာပါ။ တာဝါတိုင်ပိုင်ရှင်ကို ငှားခပေးပြီး စက်လာတပ်ထားတဲ့ သဘော။ 

တာဝါတိုင် တည်ဆောက်ပြီး အော်ပရေတာတွေကို ငှားတဲ့ လုပ်ငန်းကို Telecom ကုမ္မဏီလို့ ခေါ်တယ်။ တာဝါတိုင် ပိုင်ရှင်က telecom လိုင်စင်တင်ပြီး လုပ်နေတဲ့ ကုမ္မဏီတွေပဲ။ လူပြိန်းနားလည်အောင် ပြောရရင် Mytel တစ်လိုင်းတည်း ရတဲ့ ဒေသမှာ တာဝါတိုင်ပျက်ရင်တောင် Mytel ပဲ ထိတာ မဟုတ်ဘူး။ သူထိတဲ့ ရာခိုင်နှုန်းက 10% 20%လောက်ပဲ။ ကျန်တဲ့ 80%လောက်က telecom ကုမ္မဏီက ထိတာ။ power supplyပေးတဲ့ မီးစက်ပုံးကြီးကို ဗုံးသွားခွဲလို့ Mytel အိတ်ထဲက တစ်ပြားမှ ပါမသွားဘူး။ အကြောင်းက telecom ကုမ္မဏီက သူတပ်ဆင်ထားတဲ့ microwave အင်တာနာကို ၂၄နာရီ ဓာတ်အားပေးဖို့ ဆင်ထားတာ။ telecomက ပိုင်တာ။ အဲ့ကနေ အော်ပရေတာတွေက ယူသုံးတာ ဆိုပေမယ့် မီးစက်ကြီး ပျက်လို့ ဆုံးရှုံးမယ့်သူက မီးစက်ပိုင်ရှင် telecom ကုမ္မဏီပဲ။ သံဖရိန် တိုင်ကြီးကို သွားခွဲရင်လည်း သံဖရိန်တိုင်ကြီး ပိုင်ရှင် telecom ကုမ္မဏီ ထိတာပဲ။ အုတ်ခုံကို ခွဲဦးမလား။ telecom ကုမ္မဏီပဲ ထိတာ။ လိုင်းကျလို့ လျော်ရရင် telecom service တာဝန်ယူထားတဲ့ telecom ကုမ္မဏီပဲ။ တာဝါတိုင်တစ်ခုမှာ Mytelက ပိုင်တာ ဆိုလို့ မော့ကြည့်ရင် သံတိုင်တွေမှာ ဒေါင်လိုက်ချိတ်ထားတာ မြင်ရတဲ့ အဖြူရောင်အချောင်းတွေထဲက အချောင်းတစ်ခုပဲ။ ကျန်အချောင်းတွေက ooredooတို့ telenorတို့ mptတို့ အချောင်းတွေ။ တိုင်တစ်ခု downရင် အဲ့တိုင်ကနေ ထပ်ဆင့် micro wave လွှတ်တာကို လက်ခံရတဲ့ အနီးဆုံး တိုင်၂ခုပါ downတာ။ ဥပမာ တာဝါတိုင် အမှတ်စဉ် ၁ ၊ ၂ ၊ ၃ ၊ ၄၊ ၅ ထဲက အမှတ် ၃ downရင် အနီးဆုံး အမှတ် ၂နဲ့ အမှတ်၄ ကွန်နက်ရှင် ပျက်သွားတယ်။ ၁နဲ့၂၊ ၄နဲ့၅ပဲ အဆက်အသွယ် ရတော့တယ်။ ၂နဲ့၄အကြား ၃မရှိတော့ အဲ့မြို့နယ်တစ်ခုထဲ ကွက်ပြီး ဘယ်လိုင်းမှ အဝင်call အထွက် call မရတော့့ဘူး။ Mytelတင်မဟုတ်ဘူး။ အဲ့တိုင်မှာ အတူတပ်ထားတဲ့ Telenorတို့ Ooredooတို့ MPTတို့ရောပဲ အဲ့နယ်မှာ သုံးမရတော့ဘူး။ ဒါက seriel လုပ်ထားရင် ပြောတာ။ တာဝါတိုင် ၁ခုထက် ပိုပြီး တိုင်တွေအများကြီးကို microwave အင်တာနာတွေ ချိန်ထားတဲ့ hub site တိုင် ဆိုရင် သွားပြီ။  ရေဘဝဲခေါင်းကို ဖြတ်မိသလိုမျိူး ပတ်လည် တစ်နယ်လုံး နဝတခေတ်ကို ပြန်ရောက်ပြီပဲ။
တိုင်းပြည်အကျိုးဖျက်ဆီးမှ နိုင်ငံရေး ဆိုသူများအတွက် ဘယ်သူတက်တက် ပြန်လုပ်ယူရမယ့် အ​ခြေခံ အဆောက်အဦတွေ မို့ ရှင်းပြပေးတာပါ ..တကယ်ထိတာ တိုင်းပြည်နဲ့ အသုံးပြုခွင့် ပြတ်တောက်သွားတာ ပြည်သူဆိုတာ သိစေချင်လို့ ....

Pw4

#Credit