Friday, November 5, 2021

မီတာခနှင့် ဒဏ်ငွေ


မြန်မာနေရှင်နယ်ပို့စ် ခင်ဗျာ -
မီတာခတွေဆောင်တာတွေနဲ့ ပတ်သက်လို့ တင်ပြပေးစေချင်ပါတယ်။ မီတာခတွေကို ၄လ ၅လ ၆လ ပေါင်းဆောင်ခိုင်းပါတယ်။ အခြေခံလူတန်းစားတွေမှာ ဒီအချိန် ဒီကာလ အလုပ်အကိုင်အခြေအနေကို လူကြီးမင်းများ အသိပင် ဖြစ်ပါလိမ့်မယ်။ မဖြစ်မနေရှာဖွေဆောင်ပြန်တော့ ၃လစာအတွက် ဒဏ်ငွေတသောင်း အပိုရှာသွားဆိုပြီးပြောနေပါတယ်။ 

အခုချိန် အခြေခံလူတန်းစားတွေမှ ာစားဖို့တောင်အနိုင်နိုင် ရှာနေရတဲ့အချိန်မှာ ဒဏ်ငွေဆိုတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အထက်လူကြီးမင်းများသိအောင်တင်ပြပေးပါ။

မီတာခကောက်ခံမှုနဲ့ ပတ်သက်လို့ ဆူပူအကြမ်းဖက်မှုတွေမှာလည်း ပါဝင်ခြင်းမရှိ၊ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ မဆောင်ဘဲ မနေခဲ့ကြပါဘူး။ အကြမ်းဖက်လှုံ့ဆော်သူတွေသာ မီတာခမဆောင်ဖို့ လှုံ့ဆော်သလို မီတာကောက်ခံလို့ မရအောင် လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ကြတာ လူကြီးမင်းတို့ အသိပါ။ အဲဒီလို အကြမ်းဖက်သမားတွေ လုပ်သမျှ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေက ဒဏ်ခံနေရတဲ့ သဘောဖြစ်ပါတယ်။ လစဉ်ကောက်ပါ။ ဒဏ်ငွေမတတ်ပါနဲ့။ ကောက်ခံရမှာက တာဝန်ရှိသူတွေရဲ့ အလုပ်ပါ။ ပေးဆောင်ရမှာက ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ပါ။ တာဝန်ရှိသူတွေ တာဝန်ထမ်းဆောင်လို့ မရအောင် လုပ်နေတာက အကြမ်းဖက်သမားတွေသာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ဖန်တီးသမျှ ဒုက္ခကို ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ ပြည်သူတွေ ခံရတဲ့ ပုံစံမျိုးတော့ မဖြစ်စေချင်ပါဘူး။

အကြမ်းဖက်သမားတွေရဲ့ ပြဿနာဖန်တီးမှုကြောင့် ကျွန်တော်တို့ ပြည်သူတွေမှာ အလုပ်အကိုင်အခက်အခဲတွေ ဖြစ်ပေါ်နေတာကို နိုင်ငံတော်တာဝန်ရှိသူများ သိသင့်ပါတယ်။ အကြမ်းဖက်အန္တရာယ်တွေကို ထိထိရောက်ရောက် နှိမ်နင်းတာမျိုး မလုပ်ဘဲ အကြမ်းဖက်သမားတွေ ဖန်တီးသမျှ လူမှုရေး၊ နိုင်ငံရေးပြဿနာတွေကို ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေက ခါးစည်းခံနေရမည်ဆိုလျှင် တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်သလို ဖြစ်နေတဲ့ လုပ်ရပ်မျိုးတွေတော့ ရှောင်ရှားကြစေချင်ပါတယ်။

သရက်မြို့မှာ မီတာဆောင်တာကို ဒဏ်ငွေပါတောင်းတော့ တချို့မဆောင်ဘဲ ပြန်လာကြသလို တချို့မှာ မရှိမဲ့ ရှိမဲ့ ရောင်းဆောင်နေရတာကို ဒဏ်ငွေ တစ်သောင်းပါဆောင်ခိုင်းနေတဲ့အတွက် အခက်တွေ့နေရပါတယ်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com