ယန်ပေါဆတ် ( Jean-Paul Sartre ) ရဲ့အချို့အတွေးအခေါ်
တွေကိုသဘောကျတယ်၊ နီချေး ( Neitzche ) ၊
ကက်ကီးဂတ် ( Kierkegaard )၊ ဟိုင်ဒေဂါ ( Heidegger )
ယားစ်ပါးစ် ( Jaspers ) ၊ ကမျူးစ် ( Camus )၊ ကန့် ( Kant )
တို့ရဲ့ အတွေးအခေါ်တချို့ကိုလည်း သဘောကျတယ်၊
အပြည့်စုံဆုံးကတော့ ဗုဒ္ဓဓမ္မတွေပဲ
သူတို့နဲ့ ခေတ်ပြိုင်၊ ရှေ့နောက်နဲ့ ဒီနေ့ပညာရှိတွေအထိ
အားလုံးပေါင်းရင်တောင် ဗုဒ္ဓဓမ္မ (၁၀၀) ပုံတပုံမရှိသေးဘူး။
( အဘိဓမ္မာ၊ ပဋ္ဌာန်းအကျယ်ဆိုရင်ပြောကုန်မယ်တောင်
မထင်ပါ )
.....................
🍄 အတွေးအခေါ်ပညာရှင်များနဲ့ ဖြစ်တည်မှုအဓိကဝါဒ
Sophists and Existentialism
ဖြစ်တည်မှုအဓိကဝါဒအပိုင်းကိုသာလေ့လာလျင်
သက်ရှိတို့၏ဖြစ်တည်မှု၊ အထူးသဖြင့်လူတိုတို့၏
ဖြစ်တည်မှုကိုပုံစံအမျိုးမျိုးရှုဒေါင့်အသွယ်သွယ်က
ရှုမြင်ကြသည်၊
သဘောကျသောရှုဒေါင့်တခုမှာ
ဒြပ်မဲ့စဉ်းစားခြင်း ( Abstract thinking )
ယုတ္တိဗေဒနည်းဖြင့်ဆင်ခြင်ခြင်း ( Logical thinking )
သိပ္ပံနည်းကျစဉ်းစားခြင်း ( Scientific thinking )
... တို့၏အားပြိုင်မှုဖြစ်သည်၊
အားလုံးတထပ်တည်းမကျကြ။
နိစ္စဘဝနှင့် သုညဘဝ ( Being and Nothingness ) ကို
ခွဲခြားလာရာမှ တိုးတက်ဖြစ်ထွန်းလာသော
ဖြစ်တည်မှုဘဝတွင် ယနေ့ ဒီမိုကရေစီ၏ အတွေးအခေါ်
တခုဖြစါသည့် " လွပ်လပ်ပါသည်၊ သို့သော်တာဝန်ရှိသည် "
.... ဟူသည့် ( You are free but responsible ) အယူအဆ
ဖွားမြင်လာသည်၊
စည်းရုံးရေးဆင်းပြီး အခြားပါတီများကို နှောက်ယှက်
တိုက်ခိုက်သူတို့ နှင့် ပါတီတာဝန်ရှိသူတို့ဆင်ခြင်ဖွယ်ရာ
ဖြစ်သည်၊ Covid ကြောင့် ကူးစက်မှု သေဆုံးမှုမြင့်မား
နေစဉ်၊ ဆရာဝန်များ လက်ပန်းကျနေစဉ် ကူးစက်မှုကို
ဖြစ်ပွားစေသော အုပ်စုလိုက် စည်းရုံးမှုကို ပြန်လည်
သုံးသပ်သင့်ပြန်၏၊
....................
🍄 အကြောင်းမှအကျိုး၊ အကျိုးမှအကြောင်းသို့
A priori vs. A posterior
အကြောင်းတခုမပြုမီ ဖြစ်လာနိုင်သော အကျိုးတရားကို
မျှော်ကြည့်ခြင်း၊ အကျိုးတရားကိုအခြေခံ၍
အဘယ်သို့သော အကြောင်းတရားကြောင့်ဖြစ်လာရသည်..
... စသဖြင့်ကို လူအားလုံးကသာမျှော်ကြည့်နိုင်ပါက
ပဋိပက္ခများငြိမ်းအေးကြပြီး အားလုံးဆင်ခြင်နိုင်ကြမည်
ဖြစ်သည်၊
သို့သော်လည်း လောဘ၊ဒေါသ၊ မောဟကြီး၍ ပညာဉာဏ်
အကွာအခြားရှိကြသည်ဖြစ်ရာ ဖြစ်တည်မှုတို့သည်
ပဋိပက္ခနှင့် ယှဉ်တွဲကြကုန်တော့၏၊
ဦးသန်းရွှေသည် အကြောင်းမှအကျိုး၊ အကျိုးမှအကြောင်း
တို့ကိုမျှော်ကြည့်နိုင်သူဖြစ်၍သာ ၂၀၀၈ ခြေဥကိုရေးဆွဲ
လွှဲပေးနိုင်ခြင်းဖြစ်သည်ဟု ယူဆရပါလိမ့်မည်။
အာဏရလက်ရှိအစိုးရသည် A priori, A posteriori
ကင်းမဲ့သောကြောင့် လက်ရှိမြင်တွေ့ရသကဲ့သို့
စိုးရိမ်ဖွယ်ရာအခြေအနေသို့ ဆိုက်ရောက်လာရသည်ဟု
ကောက်ချက်ဆွဲနိုင်ရသည်။
အစိုးရတက်လာကာစ
မူဝါဒများကို အဆင်ခြင်မဲ့ ပြင်ဆင်ခြင်းသည်
နောင်ဖြစ်လာမည့်အကျိုးတရား ( စီးပွားရေး၊နိုင်ငံရေး)
အပေါ်မည်သို့သက်ရောက်လာမည်ကို မဆင်ခြင်နှိုင်ခဲ့
သောအကျိုးဆက်ဖြစ်သည်၊
ဧည့်စာရင်း၊နောက်ယောင်ခံဥပဒေစသည်များနှင့်
အမှန်အမှားကို ဘေးထား၍ လွှတ်တော်တွင်း ဆန့်ကျင်
မဲခွဲနေခြင်းသည်လည်း တလောကလုံးနှင်တယောက်
ဖြစ်စေခဲ့ပြန်သည်၊
အမှားများသောအစိုးရ
အမှားကြီးသောအစိုးရ
အဆင်ခြင်မဲ့သောအစိုးရဟူဆိုလျင် လွန်အံ့မထင်။
...................
🍄 စစ်မှန်သောဖြစ်တည်မှု၊ မစစ်မှန်သောဖြစ်တည်မှု
Authentic and Unauthentic Existences.
ဖြစ်တည်မှုပဓါနဝါဒ ( အထူးသဖြင့် လူ) ဆိုသော်လည်း
လောကကိုတည်ဆောက်သူ၊ ဖျက်ဆီးသူဟူ၍
ကွဲပြားလာကြရပြန်သေးသည်၊
လောကတွင် အစစ်များရှိသလို အတုအယောင်တို့ကလည်း
များလှ၏၊
မစစ်မှန်သောဖြစ်တည်မှုတို့ကို လက်ခံသင့်ပါသလား ?
ဥပမာ...
အိမ်ထောင်ဦးစီးသည် မိသားစု အကျိုးစီးပွားပေါ်တွင်
တာဝန်ရှိသကဲ့သို့၊ အစိုးများဆိုသည်ကလည်း
ထိုနိုင်ငံ ထိုလူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်
ပေးရန် ပြည်သူတို့က ရွေးချယ်လိုက်ကြခြင်းသာဖြစ်သည်။
မူလရည်ရွယ်ချက် မပေါက်မြောက်လျင်
မစစ်မှန်သောဖြစ်တည်မှုသာဖြစ်၍ ဆက်လက်ဖြစ်တည်ခွင့်
ကိုပေးပါဦးမလား... ဟူသည့်မေးခွန်းဖြစ်လာတော့သည်။
ရွေးကောက်ပွဲဆိုသည်ကလည်း
ပြည်သူတို့၏ ဆန္ဒ " အမှန်" ကိုထင်ဟပ်စေသော
နည်းစဉ်တခုဖြစ်သည်၊
" ပြည်သူတို့၏စိတ်ကိုပြောင်းလဲစေပြီးမှ" ဆိုလျင်၎င်း
" မှန်ကန်မျှတသောရွေးကောက်ပွဲ" မဟုတ်လျင်၎င်း
မှန်ကန်သောဖြစ်တည်မှုမဟုတ်နိုင်တော့ချေ။
သို့ဆိုလျင်
အဘယ့်ကြောင့် ရွေးကောက်ပွဲများကျင်းပ
နေကြဦးပါမည်နည်း၊ အဘယ့်ကြောင့်ငွေကုန်ကြေးကျ
များသော လွှတ်တော်ကြီးထားရှိပါဦးမည်နည်း ?
မဂ္ဂင် (၈) ပါးတွင်
သီလ
သမာဓိ
ပညာ ဦးစီး (၃) အုပ်စု၊ (၈) ပါးတွင် သဒ္ဓါမပါဝင်ပါ
ရှင်သာရိပုတ္တရာအလောင်အလျာသည်
ရှင်အသဇိနှင့်တွေ့ဆုံခိုက် ဗုဒ္ဓ၏ သစ္စာ (၄) ပါး
အကျဉ်းကိုနာယူရရုံဖြင့် ဗုဒ္ဓ၏ဉာဏ်တော်ကို
ဆင်ခြင်မိန်ုင်ကာ သူသဒ္ဓါကြီးခဲ့သော ကျင့်စဉ်လမ်းကို
ပညာဖြင့်အနိုင်ယူပြောင်းလဲနိုင်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာ၏
ပညာအခြေခံကျင့်စဉ် တလှစ်နှင့် စစ်မှန်သော
ဖြစ်တည်မှု၏ အရေးပါမှုကိုပြသသောသာဓက
တခုဖြစ်ပါပေသည်၊
မြန်မာတို့
ပညာအခြေခံလမ်းစဉ်ဘာသာကိုကိုးကွယ်ကြပြီးမှ
အမှားအမှန်ကို ကောင်းစွာခွဲခြားနိုင်စေရန်သာ။
နေဇင်လတ် ( 7.10.20 ) 🍄
❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊
https://www.facebook.com/groups/191890793056290/