Friday, November 5, 2021

🍁 Stagflation


စီးပွားကျဆင်းခြင်း ပုံစံတမျိုးပါ
Stagnation + Inflation (၂) မျိုးသော
လက္ခဏာရှိနေတဲ့ စီးပွားအခြေအနေဖြစ်ပါတယ်၊
Stagnation က မတိုးတက်တာ၊
ရပ်တန့်နေတာ၊ နောက်ဆွဲနေတာဖြစ်ပြီး
Inflation ကတော့ အများသိပြီးသား
ကုန်ဈေးနှုံးကြီးမြင့် ( ငွေဖေါင်းပွ၊ တန်ဘိုးလျော့ )
တာဖြစ်ပါတယ်၊
အဆိုးလက္ခဏာ (၂) ခု ရှိနေတဲ့
စီးပွားရေးလို့ ယေဘုယျ ပြောလို့ရပါလိမ့်မယ်၊

..............

မကျယ်တကျယ်ထပ်ခွဲရင်
  - GDP ကျပါမယ်
  - ဝယ်လိုအား Demand ကျပါမယ်
  - အလုပ်လက်မဲ့ ပိုများပါမယ်
  - ငွေကြေးဖေါင်းပွ ( ကုန်ဈေးနှုံးကြီး ) ပါမယ်၊

.............

တရုတ်မှာ
ဒီလက္ခဏာကို စတင်တွေ့နေရပါပြီ
အစိုးရရဲ့ စီးပွားရေးမူဝါဒပြင်ဆင်ရပါမယ်၊

............

မြန်မာမှာလဲ ရှိနေတာကြာပါပြီ
​ - ပြီးခဲ့တဲ့ (၅) နှစ်အစိုးရ မူဝါဒအမှား
 - Covid
 - CDM
 - PDF တွေရဲ့ လုပ်ဆောင်မှုကြောင့်
    မငြိမ်မသက်ဖြစ်နေတာ...

စတဲ့ဒါဏ်တွေနဲ့ အစိုးရရဲ့ 
စီးပွားရေးမူဝါဒပိုင်း အားနည်းမှုတချို့
ပါဝင်ပါလိမ့်မယ်၊

ဒီဒါဏ်က ဖိစီးမှုများလာရင်
Recession ဆိုတဲ့ စီးပွားကျဆင်းမှုဆီကို
ခေါ်ဆောင်သွားမှာဖြစ်ပြီး 
အခြေခံလူတန်းစားတွေရဲ့ Resistance ကို
ရင်ဆိုင်ရမှာဖြစ်လို့ သတိထားကိုင်တွယ်ရမဲ့
အခြေအနေဖြစ်ပါတယ်၊

( အချိန်မရလို့ ပြည့်စုံအောင်မရေးနိုင်ပါ )

#BaMaung.



Related Posts: