မမျှော်လင့်ပဲ ကျောင်းဆရာတစိတ်တပိုင်းဖြစ်လာတော့
ဘမောင်အပါအဝင် မြန်မာတွေမတိုးတက်ရခြင်းအကြောင်း
သုတေသနလုပ်ဖြစ်သွားတယ်၊
ပုံကိုကြည့်ရင် ....
တခြားတဖက်ကဘာလို့ကွဲပြားနေရတာလဲဆိုတဲ့ အသိဝင်တာနဲ့
အဖြေတွေ့နိုင်တာကို အများစုက စဉ်းစားလေ့မရှိကြဘူး၊
မြန်မာတွေ ဦးဏှောက်သုံးတဲ့အပိုင်းမှာ အားနည်းကြတယ်။
Batchelor၊ Master၊ Doctoral degree တွေရဲ့
သဘောသဘာဝနဲ့ ဘယ်အဆင့်အနည်းဆုံးရှိရမယ်ဆိုတာ
Master၊ Ph.D ရပြီးသူတွေတောင်မသိကြဘူး၊
Thesis vs Dissertation မသိဘူး၊
Master degree အတွက် thesis title ကိုရွေးချင်သလိုရွေးကြတယ်
သူ့ level နဲ့သူရှိတယ်၊ ခေါင်းစဉ်ကြည့်တာနဲ့
ဘွဲ့တခုရဲ့ မှန်ကန်တဲ့အဆင့်ဟုတ်မဟုတ်သိသာတယ်၊
နောက်ထပ်ကြည့်ချင်ရင် table of content လေ့လာလိုက်တာနဲ့
တအုပ်လုံးဖတ်စရာမလိုတော့အောင်ပေါ်တယ်။
ပြည်တွင်းက thesis နဲ့ dissertation တွေကိုဖတ်လိုက်ရင်
အားလုံးနီးပါးက ကိုယ်ရမဲ့ဘွဲ့ထက်နိမ့်တဲ့ခေါင်းစဉ်အများစု
ဖြစ်နေတာသတိထားမိတယ်၊ အဲ့ဒါတဆင့်တဆင့်မသိကြလို့ပဲ
တနေ့က အတန်းထဲမှာ Group brain storming လုပ်တယ်
Leadership ရွေးတတ်အောင်၊ time management လုပ်တတ်အောင်
Level of discussion သိရအောင်ရည်ရွယ်ချက်နဲ့
(၃) ဖွဲ့ဆွေးနွေးသွားကြတာ ကောင်းပါတယ်
စီးပွားရေးကိုအခြေခံပြီး နိုင်ငံကိုအားယူတည်ဆောက်သွားတာ။
ဆုရလိုက်တဲ့တဖွဲ့ကတော့ Geopolitics အဆင့်အထိ
ရှုမြင်သုံးသပ်ဆွေးနွေးသွားနိုင်တာတွေ့ရတယ်၊
Group အတွင်းဆွေးနွေးကြရာမှာတော့
Contribution ပေးနိုင်သူ၊ မပေးနိုင်သူဆိုပြီးကွာကြသေးတယ်
အချိန်တန်ရင်ကျောင်းပြီးသွားကြမှာပါ
အရည်အချင်းအစစ်အမှန်တွေပါသွားဖို့အရေးကြီးတယ်
နို့မို့ရင် ဘွဲ့တခုဟာ စာရွက်တခုထက်ပိုလာမှာမဟုတ်ဘူး။
စာရွက်နောက်လိုက်ကြရင်း ....
မျိုးဆက်သစ်တွေကိုမနစ်မွန်းသွားစေချင်ဘူး။
နေဇင်လတ်
❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊
https://www.facebook.com/groups/191890793056290/