Friday, November 5, 2021

💥 " Remaking New World Order " 💥 ( ကမ႓ာ့အခင်းအကျင်းသစ်ကို ပြန်လည်ထုဆစ်ခြင်း )


New World Order ကိုဆိုဗီယက်ခေတ်မှာ ဂိုဘာချော့စသုံးခဲ့တယ်
NWO နဲ့ပဲ ဂိုဘာချော့ကျဆုံးသွားခဲ့သလို၊ ဆိုဗီယက်ယူနီယံကြီးလဲ
အစိပ်စိပ်ကွဲသွားတယ်၊

စစ်အေးလွန်မှာ NWO ဟာ အမေရိကန်တွေ သမ္မတအဆက်ဆက်
အသုံးအနှုံးဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်း ရေနံထွက်နိုင်ငံတွေကို
အခြေခံတဲ့ ကမ႓ာ့အခင်းအကျင်းသစ်ကိုဖန်တီးဖို့ကြိုးစားခဲ့တာ
နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ၊ အီရတ်စစ်မှာတင် တနေ့ (၁) ဘီလီယံ
လောက်စစ်စရိတ်ကိုအမေရိကန်တွေသုံးစွဲခဲ့ရတယ်၊

နှစ် (၂၀) ကျော်အတွင်း ရုရှားရော၊ တရုတ်ရော လွတ်လွတ်လပ်လပ်
တိုးတက်ခွင့်ရလိုက်တာဟာ အမေရိကန်တွေ အရှေ့အလယ်ပိုင်း
အပေါ်အာရုံစူးစိုက်မှုလွန်ကဲသွားလို့ပါ၊
ရုှားရော တရုတ်ရော ဒီနေ့ ပါဝါနိုင်ငံတွေဖြစ်လာခဲ့ကြပါပြီ

တွေ့နေရတဲ့အခင်းအကျင်းတွေအရ
NWO ကို နှစ် (၂၀) ကျော်သုံးခဲ့တဲ့ အမေရိကန်ဟာ 
ထရမ့်လက်ထက်မှာ ကျိန်စာထပ်သင့်နေပြီလားမသိဘူး၊
ပူတင်နဲ့ ရှီကျင့်ဖျင်တို့ပေါင်းပြီး Remaking New World Order ကို
ကြိုးစားနေတာ အစောကြီးထဲက ရိပ်မိသတိထားမိနေပါတယ်၊

တချိန်ကျရင်
ကိုယ့်အတွက်ကိုယ်ပါတာလုပ်နိုင်မဲ့ ဘာသာရေးဖက်
လုံးလုံးကူးတော့မှာမို့ တတ်သလောက် မှတ်သလောက်လေး
ပညာအမွေလက်ဆင့်ကမ်းတဲ့အနေနဲ့  PhD အတန်းတိုင်မှာ
တတန်းတယောက်လောက်ကို Geopolitical  Economy ရှုဒေါင့်နဲ့
လွန်ခဲ့တဲ့ (၆) နှစ်ကစပြီး ကျမ်းတွေရေးခိုင်းခဲ့တယ်၊
ဘာကြောင့်ရေးခိုင်းခဲ့သလဲဆိုတာ သူတို့အားလုံး (၆) နှစ်အကြာမှ
သိကြလောက်ပြီထင်ရဲ့၊

PhD-5 က လူကြီးတယောက်ကိုလည်းရေးစေခဲ့တယ်
တာဝန်အကြီးကြီးယူခဲ့တာရော၊ နောက်ခံအနေနဲ့ရှိနေတာရောက
အတော်အဆင်ပြေတယ်၊ အသက်ကြီးပေမဲ့ လူငယ်တွေထက်
အများပြီးကြိုးစားနေတာတွေ့လို့ အတော်ကြေနပ်မိပါတယ်၊
သူ့ကျမ်းပြီးရင် ကိုးကားစရာတွေအပုံအပင်တွေ့ရလိမ့်မယ်လို့
မျှော်လင့်ပါတယိ၊

မြန်မာနိုင်ငံမှာ World level နဲ့ရေးတဲ့ကျမ်း အလွန့်အလွန်ရှားပါး
ပါလိမ့်မယ်၊ ရေးတာတွေတချို့တွေ့ပါတယ်၊ Level မှီမှုက
စကားပြောတယ်၊ အဲ့ဒီလူကြီးဆီမှာ Concept, The art of thinking
နဲ့ အရေးပါတာအချို့ ရယူနိုင်ကြပါလိမ့်မယ်၊

Remaking မှာ
ထရမ့်ပါဖို့ကြိုးစားတာအတော်နောက်ကျသွားခဲ့ပါပြီ
အမေရိကန်လက်ထဲက စုတ်တံရိုက်ချခံလိုက်တယ်လို့
ပြောရမလိုပါ။

................

နှစ် (၂၀) ဟာနိုင်ငံတခုအပြောင်းအလဲဖြစ်ဖို့လုံလောက်ပါတယ်
ကိုယ်အာဏာမရတာနဲ့ စနစ်ကိုလက်ညှိုးထိုးပြီး Blame game
အလုပ်ကောင်းလို့ နှစ်များစွာ အလဟသ ဖြစ်ခဲ့ပြီ၊
အခု စနစ်ပြောင်းပြီ၊ ဘာကြောင့် အတိတ်သင်ပုန်းချေ စုပေါင်း
မလုပ်နိုင်ကြရမှာလဲ ? 

အသိမဲ့၊ ပညာမဲ့ တဲ့လောဘဟာ
အဆုံးစွန်အထိဆွဲချသွားနိုင်တာကို သတိပြုမိရင်
အကောင်းဆုံးလမ်းကို မတွေ့စရာ အကြောင်းမရှိပါဘူး။

နေဇင်လတ် ( 6.7.20) 💚

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts: