Tuesday, November 2, 2021

နိုင်ငံတကာစင်မြင့်ထက်မှာ အင်ဒို ပစိဖိတ်ဒေသဟာ Hard Power တည်ဆောက်တဲ့ ဒေသအဖြစ် တဖြေးဖြေးပုံဖော်လာတာ မြန်မာပြည်အတွက်ရော အာစီယံအတွက်ပါ သိပ်ကောင်းတဲ့ အရာတွေတော့ မဟုတ်ပါဘူး...


US က ဘကုန်းနဲ့ပေါင်းပြီး
မြန်မာရေပိုင်နက်နားမှာ
စစ်ရေးလေ့ကျင့်တယ်...

ရုရှားကော်ဗက် 
Gremyashchiy Class 337 နဲ့အတူ 
ရေငုပ်သင်္ဘော
Kilo Class 363.3 နှစ်စင်း
ရန်ကုန်မြစ်ထဲရောက်လာတယ်

ကော်ဗတ်ရော ရေငုပ်သင်္ဘောရောက
ရုရှားမှာ တပ်တော်ဝင်ထားတာ
တစ်နှစ်ကျော်ခန့်သာရှိတဲ့
ခေတ်အမှီဆုံးထဲမှာပါတဲ့
နူးထိပ်ဖူးသယ်ဆောင်နိုင်မယ်လို့
ခန့်မှန်းကြတဲ့
 အမျိုးအစားတွေပါ

အရင်တပ်တော်
ဝင်ထားတုန်းက
အတ္တလန်တစ်ရေတပ်အုပ်စုမှာ
ဖြစ်ပေမယ့်
ချက်ချင်းကို 
အာရှ ပစိဖိတ်ရေတပ်အုပ်စုရဲ့
အုပ်ချုပ်မှု့အောက်ကို
လွှဲပြောင်းပေးတာလည်း
စိတ်ဝင်စားစရာကောင်းပါတယ်

အဲ့လိုပဲ US ဟာ 
အာဖကန်ကနေအဆုတ်ပြပြီး
အင်ဒိုပစိဖိတ်နဲ့ 
တောင်တရုတ်ပင်လယ်အရေးကို
အင်အားချိန်ခွင်လျှာ
 ပြောင်းတယ်

နှစ်ဖက်စလုံးက
ယခင်က
 အင်ဒိုပစိဖိတ်ဒေသမှာ
Soft Power ဖြစ်တဲ့
Politic Diplomacy ကစားနေတာကနေ
Gunboat Diplomacy ကို
ကူးပြောင်းကာ 
Hard Power အခင်းအကျင်းကို
ခင်းကျင်းလိုက်ပြီး
ဒုတိယစစ်အေးခေတ်ကို
စတင်လိုက်ကြပါပြီ၊

US ကလည်း
အင်ဒိုပစိဖိတ်မှာ 
ရေတပ် လေတပ်အခြေစိုက်စခန်းတွေ
အခိုင်အမာရဖို့ 
ထပ်ကြိုးစားမှာ
ဖြစ်သလို

ရုရှားကလည်း 
လာအိုမှာ လေတပ်အခြေစိုက်စခန်း
ရရှိထားပြီဖြစ်သလို

မြန်မာနဲ့လည်း ရေနက်ဆိပ်ကမ်း
တည်ဆောက်ဖို့ 
နှစ်ဖက်သဘော
တူညီထားပြီလို့
သတင်းထွက်နေပါတယ်

Russia Corvette 
မလာခင်မှာ
ရုရှားရေတပ်ဒုဦးစီးချုပ်ဟာ
မြန်မာပြည်ကို ကြိုရောက်နေပါတယ်

USကလည်း 
လေယာဉ်တင်သင်္ဘော ပါဝါနဲ့
ကစားမှာဖြစ်သလို
ရုရှားကလည်း 
Hypersonic Missile နည်းပညာတွေနဲ့
ကျူးဘားဒုံးပျံအရေးအခင်းတုန်းကလို
တာနီး တာလတ် တာဝေးနဲ့
တိုက်ချင်းပစ်ဒုံးပျံတွေနဲ့
USကို ထောက်ထားကစားမှာပါ၊

နိုင်ငံကြီးတွေဟာ 
၂၀ ရာစုနှောင်းပိုင်းနဲ့
၂၁ ရာစုမှာ စစ်မြေပြင်ကို
၎င်းတို့နိုင်ငံတွေမှာ 
အဖြစ်မခံတော့ဘဲ

တတိယနိုင်ငံတွေမှာ
အင်အားကန့်သတ်ကစားပွဲနဲ့
လက်နက်စမ်းသပ်ပွဲတွေကို
ရွေ့ပြောင်းကာ
ပါဝါပြိုင် လက်နက်ပြိုင်ကြပါတယ်

ခံရတဲ့ တတိယနိုင်ငံတွေကတော့
အီရတ်၊လစ်ဗျား၊ဆီးရီးယားနဲ့
အာဖကန္တို့လို 
နိုင်ငံပျက်ကြီးတွေ ဖြစ်ကျန်ခဲ့ပါတယ်၊

Logistic of Communication Line(LoC) မိုင်ပေါင်း
၄၀၀၀ ကျော် ၅၀၀၀ လောက်ရှိလို့
အုပ်ချုပ်ထောက်ပံ့မှု့ခက်ခဲတဲ့
အာရှပိဖိတ်ဒေသကို
USအနေနဲ့ hard ပါဝါတည်ဆောက်နေတာတော့
နည်းနည်း အံ့သြစရာဖြစ်လာပြီ၊

ဗီယက်နမ်နဲ့ အာဖကန်မှာ
LoC ချင်းမယှဉ်နိုင်လို့
နူးကလီယားမပါတဲ့
သမားရိုးက်စစ္ပြဲ
(Conventional War)မှာ
နှစ်ပွဲလုံး တူညီစွာ
လေယာဉ်နဲ့ အလုအယက်
ဆုတ္ခြာလာခဲ့ရဖူးတာကို
ရာစုနှစ် နှစ်ခုလုံးမှာ
ခါးသီးစွာ ကြုံခဲ့ဖူးပါပြီ

အင်ဒိုပစိဖိတ်ဒေသမှာ
တရုတ်နဂါးကြီးလည်း
ရှိနေတာမို့ စိတ်ဝင်စားစရာ
ပိုကောင်းလာပါတယ်

နိုင်ငံရေးနဲ့ စစ်ရေးမှာ
တိုက်ဆိုင်တယ်ဆိုတာ မရှိ၊
တမင်အကွက်ချ
ကြိုတင် စီမံထားတာတွေချည်းပါ၊

နော်မန်ဒီကို ကမ်းတက်ခါနီးမှာ
ပါဒီကာလေးစ် ကနေ
ကမ်းတက်မယ်ထင်အောင်US ဒုဗိုလ်ချုပ်ကြီး ပက်တန်ရဲ့
အတုအယောင်တပ်တော်(၁)ကို 
တိုက်စစ်အတွက်
ပေါင်းစပ်ညှိနှိုင်းဖို့
သွားရင်း လေယာဉ်ပျက်ကျခဲ့တဲ့
ဗြိတိသျှဗိုလ်မှူး
မာတင်ဆိုတာကို
ဂျာမန်တွေက 
တိုက်ဆိုင်လို့ ကြားဖြတ်အရေးကြီး
ထိပ်တန်းလျို့ဝှက်ဖိုင်တွေ
ရတယ်လို့ထင်ခဲ့ပါတယ်

ဒါပေမယ့် တမင်အကွက်ချ
စီမံခဲ့မှန်းကို
ကျောချခံရမှ ဓားပြမှန်းသိတာ

အခြားကြက်တွေကို
 အရင်ဆုံး
ခွပ်ခိုင်းထားပြီး
ခြေကုန်လက်ပန်းပြီဆိုမှ
ဝင်ခွပ်ရင်း ဗိုလ်စွဲတတ်တဲ့
US ရယ်

သူ့ခေတ် သူအခါက
နာမည်ကြားတာနဲ့
ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့
စစ်ဘုရင် နပိုလီယံရဲ့
တပ်တော်ကြီးရယ်
လျှပ်စီးစစ်ဆင်ရေးနဲ့ ဝင်တိုက်ခဲ့တဲ့
ဂျာမန်နာဇီတွေရဲ့
ဘာဘေရာ့ဆာ
စစ်ဆင်ရေးကြီးကို
နှစ်တပ်စလုံးကို လူအင်အား
ဆယ်ပုံ တစ်ပုံကျန်အောင်
ချေမှုန်းကာ ဗိုလ်ဝင်ခံခဲ့တဲ့
ရုရှားရယ် 

ထိပ်တိုက်ကစားမယ့်
ပွဲကတော့
ကြည့်လှမှာတော့ 
သေချာတယ်

စိတ်မကောင်းစရာက
ကစားကွင်းထဲမှာ 
ကျွန်တော်တို့ 
နိုင်ငံပါနေတာပါ

ဒါကြောင့် ကျွန်တော်တို့
ပြည်တွင်းလက်နက်ကိုင်အဖွဲ့မှန်သမျှဟာ
ကိုယ့်နိုင်ငံ
 ကိုယ့်ဒေသ
 ကိုယ့်လူမျိုး
မပျောက်ဖို့အတွက်

သတိများစွာထားရဖို့
အချိန်ရောက်နေပြီမို့
ပြည်တွင်းမှာ အချင်းချင်း
တိုက်ခိုက်နေတာကို
အမြန်ဆုံးရပ်တန့်ကာ
ပြည်တွင်း ညီညွှတ်ရေးကို
တည်ဆောက်ဖို့ 
လိုအပ်နေပါပြီ

နိုင်ငံကျဆုံးသွားခဲ့ရင်
တည်ငြိမ်တဲ့အစိုးရ 
မရှိတော့ဘူး
မရတာ့ဘူးဆိုတာ
အီရတ်၊လစ်ဗျား၊ ဆီးရီးယားနဲ့
အာဖကန်ဖြစ်စဉ်တွေက
သက်သေပြနေတာပါတယ်

မြန်မာပြည်တွင်းမှာ
ဘယ်ဖက်ကဖြစ်ဖြစ်
 ဘယ်သူဖြစ်ဖြစ်
ကျဆုံးသွားခဲ့ရင်
မြန်မာပြည်ကို 
ကျားချောင်း
 ချောင်းနေတဲ့နိုင်ငံတွေက
ဝမ်းသာအားရ 
လက်ခုပ်တီး နေမှာကိုတော့
သိထားစေချင်ပါတယ်။

Ko Ko
Credit

Related Posts:

  • ရုရှားရေတပ်အုပ်စု တနင်္သာရီ ဒေသကို 17-10-2021 ထဲကရောက်ရှိ နေ သီရိလင်္ကာ သို့ ရုရှားရေတပ် အုပ်စု 17-10-2021 ရောက်ရှိချိန် နှင့် တပြိုင်ထဲဖြစ်29-10-2021             အမေရိကန်သံရုံးက ကြိုသိလို့ တနင်္သာရီ ထားဝယ် လောင်းလုံ သရက်ချောင်ဒေသရှိ အမေရိကန်နိုင်ငံသားများ Level 4 အဆင့်သတ်မှတ်ပြီးအရေးပေါ် ထွက်ခွာရန်ညွှန်ကြားခဲ့တာ အဲဒါပါ ၊( ပုံဖော်ပြထား ပုံ ၂ )ရုရှားရေတပ်အုပ်စု … Read More
  • ဒေါက်တာမနာမ်တူးဂျာနှင့် ကျွန်တော်၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာသောအခါ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။လူစီးရထားများမိုင်းခွဲခံရသည်။ချစ်ခြင်းမေတ္တာကို အကြမ်းဖက်သူသည် ဘုရားသခင်ကို အကြမ်းဖက်သူဖြစ်၏ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးလ… Read More
  • ကရင်ပြည်နယ် လာပီယနေ့အောက်တိုဘာ ၃၀ ရက်နေ့ တွင် ကရင်ပြည်နယ် ဘားအံမြို့၌ တပ်မတော်ထောက်ခံပွဲနှင့် အကြမ်းဖက်များဖြစ်သည့် NUG. CRPH. PDF တို့အား အလိုမရှိကြောင်း လူထောင်နဲ့ချီပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြကြေားင်း သိရှိရ။Crdit … Read More
  • 🍁 #ရန်သူ​၏ရန်သူမှာ... The enemy of the enemy is.... တကယ့်မူရင်းက ဆွန်ဇူးအမေရိကန်တွေကယူသုံးပြီးသူတို့မူပိူင်လိုလိုဖြစ်လာတယ်တကယ်လဲ အသုံးတဲ့ခဲ့တဲ့ဗျူဟာပါ၊အာဖဂန်- ဆိုဗီယက် စစ်ဖြစ်တော့အမေရိကန်က အာဖဂန်ဖက်ဝင်ကူတယ်၊ဆိုဗီယက်တွေစစ်ရှုံးတယ်၊9-11 မှာ အမေရိကန်-အာဖဂန်စစ်ဖြစ်တော့ရုရှားက အာဖဂ… Read More
  • ▪️ထိုးကျွေးခံရတာက နင်တို့မှအစစ်။▪️PDF လောက်ကတော့      စစ်တပ်က မမှုတာကို NUG ကသိတယ်။     ဒါကြောင့် ငွေရှိပေမယ့် PDF ကို မထောက်ပံ့ဘူး။     မပြည့်စုံသေးမှန်းသိပေမယ့် D Day ခေါ်ချပစ်တာ     PDF တွေကိုတမင်ပေးသေထားတာ။▪️မယုံရင်ကြည့်လိုက် ထန်တလန်ပုံရိပ်တွေနဲ့     နိ… Read More