Tuesday, November 2, 2021

အခါမနှောင်းမှီ အလာကောင်းဖြစ်နိုင်ပြီ


         Bill Richardson ဆိုတာ ရခိုင်ဘဂ်လီအရေး ကော်မရှင်
အဖွဲ့ဝင်အဖြစ် ကိုဖီအာနန် လက်အောက် မှာပါဝင်ခဲ့သူဖြစ်ပါတယ် ၊၊ အဲဒီ အဖွဲ့က. နှုတ်ထွက်တယ်ဆိုပြီး Statement တစောင်ထုတ်ပြန်ခဲ့ပါတယ် ၊၊

      "ဒေါ်စုကြည် ရဲ့ ကော်မရှင်ဟာ ဖုံးကွယ်ထားတာ တွေရှိတဲ့အတွက် စိတ်ပျက်ပြီး နှုတ်ထွက်ခဲ့ရတယ်"

      လို့ ရေးပြီး ပြန်သွားတဲ့ Bill Richardson ဟာ မနေ့က မြန်မာပြည်ထဲ ဝင်လာပါတယ် ။ 

       သတင်းထောက်တွေက ဘာကိစ္စလာသလဲ မေးမြန်းရာမှာ လူသားခြင်းစာနာမှု ကိစ္စအတွက် လာတာလို့ ဖြေပါတယ် ။ 

        သတင်းထောက်တွေက ဒါဆိုရင် ဒေါ်စုကြည်နဲ့တွေ့မှာလား ၊ အဖမ်းခံရတဲ့ အမတ်တွေ နဲ့ တွေ့မှာလားလို့ ဝိုင်းမေးပေမယ့် သူမဖြေခဲ့ပါဘူး ။ 

       သူ့လို အရေးပါတဲ့ ကုလဆိုင်ရာ သံတမန်ဟောင်း တယောက် လာတဲ့အပေါ် အမေရိကန် သံရုံက ဟက်ဟက်ပက်ပက် မရှိတာလည်း ထူးခြားနေပါတယ် ။

      မနေ့က လာတဲ့ Bill Richardson ကို နစက အနေနဲ့ ပြည်ဝင်ခွင့် ပေးလိုက်ခြင်းဟာ ထူးခြားချက် ရှိမယ်လို့ ကျနော်တို့ တွက်ဆခဲ့ပါတယ် ။ သို့သော် အကောင်းအဆိုး ခန့်မှန်းဖို့တော့ ခက်ခဲပေမယ့် အကောင်းဖြစ်ဖို့ များတယ်လို့တော့ ယူဆမိပါတယ် ။ 

       ယနေ့မှာတော့ ထူးထူးခြားခြားပဲ Bill Richardson နဲ့ တပ်ချုပ်ကြီး တွေ့ဆုံကြောင်း သတင်းတက်လာပါတယ် ။ သာမန်အားဖြင့်တော့ တပ်ချုပ်ကြီးသည် အမေရိကန်တယောက်ကို လွယ်ကူစွာ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ ယုဆဖွယ် ရှိနေပါတယ် ။ 

      သို့သော် စေ့ငှစွာ တွေးဆကြည့်ပါက Bill Richardson သည် ကိုဖီအာနန် ကော်မရှင်တွင် ပါဝင်ခဲ့ပြီး မှ ကော်မရှင်သည် ရိုးသားမှု မရှိသော လှို့ဝှက်ဖုံးကွယ်မှုများ ရှိနေလို့ ဆိုပြီး နှုတ်ထွက်သွားတာနဲ့ ပြန်ချိတ်ကြည့်ပါ ။ 

           ထိုအချိန်က ကိုဖီအာနန် နဲ့ ဒေါ်စုကြည်တို့ လက်ဝါးရိုက်ပြီး တိုင်းပြည်ကို 420 လုပ်ထားတဲ့ ကိစ္စရဲ့ ဇစ်မြစ်ကို သိသွားလို့ သူ့သိက္ခာအတွက် နှုတ်ထွက်သွားသလား တွေးစရာပါပဲ ။ 

       နောက်ပြီး ယနေ့ အချိန် နိုင်ငံတကာ ရဲ့ နိုင်ငံရေးစင်မြင့်မှာ အလှုပ်အခတ် မခံနိုင်သေးတဲ့ နစက သည် ဒီလို ရန်ပြုနေတဲ့ အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိဟောင်း ကို ဘာအတွက် ပြည်ဝင်ခွင့် ပေးခဲ့ပါသလဲ ။ 

      နောက်ပြီး လက်ရှိရာထူးရာခံ မရှိတော့တဲ့ ဒီလူကို တပ်ချုပ်ကြီးလို အဆင့်က ဘာကြောင့် တွေ့ဆုံပါသလဲ ။ 

      သံတမန်ကျင့်ဝတ်အရ အထူးကိစ္စများမှ အပ သမ္မတလာရင် သမ္မတက ဧည့်ခံရလေ့ ရှိပြီး ဝန်ကြီးအဆင့်လာရင် ဝန်ကြီးအဆင့်ကပဲ ဧည့်ခံတွေ့ဆုံလေ့ ရှိပါတယ် ။ နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဒီလို လုပ်ကြပါတယ် ။ 

      ယခု တပ်ချုပ်ကြီးတွေ့ဆုံရတဲ့ ကိစ္စတွေ ဆွေးနွေးနေတာကို ထုတ်ပြန်တဲ့ သတင်းမှာ ကိုဗစ်ဆေးဝါး ကိစ္စတွေပဲ ထုတ်ပြန်တာတွေ့ရပါတယ် ။ တကယ်ဆိုရင် ကိုဗစ် အရှိန်ကျနေပြီး ဆေးဝါးလည်း များစွာ ရပြီး ဖြစ်ပါတယ် ။

     အမှန်တကယ် လိုအပ်သည်ဖြစ်စေအုံး ကျန်းမာရေး ဝန်ကြီးနဲ့သာ တွေ့ဆုံကြရမယ့် အဆင့် ဖြစ်ပါတယ် ။ 

       ဒါတွေကို စုပေါင်း သုံးသပ်ကြည့်ရမယ်ဆိုရင် Bill Richardson သည် ဒေါ်စုကြည် နဲ့ ကိုဖီအာနန်တို့ရဲ့ မရိုးသားတဲ့ ရခိုင်ပြဿနာကို အစပြန်ဖော်ပေးနိုင်တဲ့ သက်သေ လာပြောပြသလားလို့ ယူဆမိပါတယ် ။ 

       အခုတလော တပ်ချုပ်ကြီးလည်း တန်ပြန်တိုက်စစ် ဆင်နွဲနေလို့ ထူးခြားတိုက်ဆိုင်စွာ ရောက်လာတဲ့ Bill Richardson ရဲ့ ခရီးစဥ်သည် တိုင်း​​ပြည်အတွက် အခါမနှောင်းမှီ အလာကောင်းသည့် ခရီးဟုသာ ကောက်ချက်ချမိပါတယ် ဗျာ ။

         ကိုရွှေမျိုးဝင်း