Tuesday, November 23, 2021

NUG ငွေတိုက်စာချုပ်က ဝယ်သူရှိတောင် % နည်းပါးပါလိမ့်မယ် ။


(ဒါပေမဲ့) အမြောက်အမြား ရောင်းချခဲ့ရကြောင်း ၊ NUG က အဝင်ပြလိမ့်မယ် ။ NUG မှာ အခြားနည်းလမ်းနဲ့ ငွေ အဝင်က ရှိလာပြီးသားကိုး။  
KNU , CNF , KIA ရဲ့ အမွှေဇယားတွေလည်း ပိုပါလာနိုင်တယ် ။ ဒါပေမဲ့ KIA ကတော့ တရုတ် အမေရိကန် ဆရာ ၂ ပါးကြား အချို့ ဖိအားတွေနဲ့ waver ဖြစ်လာစရာရှိတယ် .. ။    

အဲ့တော့ .. Local terrorists တွေရဲ့ လုပ်ငန်းတွေက ပြီးတော့ ပြီးသေးမယ်လို့ မထင်ဘူး ။ ပုံစံတမျိုးနဲ့ ထပ်လာနိုင်တယ် ။ ထပ်လာနိုင်တဲ့ model ကိုလည်း ကြိုတော့ မြင်နေသလိုပဲ ။  
(ထည့်မရေးချင်ဘူး ၊ လမ်းပြပေးသလိုလည်း ဖြစ်မစိုးလို့) ။  

ကမ္ဘာမှာ Terrorism ၂ မျိုးပဲ ရှိတယ် ။   
နိုင်ငံကြီးတွေက သူတို့အတွက်အကျိုးရှိလို့ နောက်ကွယ်က ထောက်ပံ့တဲ့ terrorism နဲ့ သူတို့အတွက် အကျိုးမရှိလို့ လူသိရှင်ကြား ထုတ်ဖော် ပြစ်တင်တဲ့ terrorism ပဲ ။ မြန်မာ terrorism က ပထမအုပ်စုပဲ ။  

SAC ကတော့ အထနှေးပေမဲ့ phase to phase သွားနေတယ်လို့ သုံးသပ်ရတယ် ။ အထနှေးခြင်းဆိုတဲ့ ကာလမှာ အချို့သော ဘဝနဲ့ အသက်တွေ ပါနေရတာတော့ စိတ်မကောင်းစရာပဲ ။  
အားနည်းချက်တွေ ရှိနေပေမဲ့ .. သူ့မှာလည်း သူ စတာတေဂျီတော့ ရှိလိမ့်မယ် ။ အဲ့အထဲကမှ သနားတာ ..  
ဘုမသိ ဘမသိနဲ့ စစ်ကိုင်းတိုင်းထဲက တောသား တစ်အုပ်ပဲ .. ။  

Myanmar crackdown လက်ရှိ ကိုးလအတွင်း အဖွဲ့အသီးသီးရဲ့ သူတို့ရလိုက်တဲ့ advantages နဲ့ disadvantages တွေကို အကျဉ်းလေး ရေးချင်တယ် ။ အကျိုးနဲ့ အပြစ်ဆိုတာ ဓနငွေကြေးကို ဆိုလိုတာ မဟုတ်ဘူး ။ စတာတေဂျီ ပိုင်းကို ပြောတာ ။  

👉 NUG ,, ထင်သလောက် profit မထွက်ဘူး ။ လုပ်သမျှ နှဲကြီးတက်နင်းလိုက် ၊ ကားလိပ်ကြီး မီးစွဲလိုက် ဆိုသလိုမျိုး .. ။ Leadership ညံ့နေတာလည်း ပါတယ် ။ ဗဒီးဗဒါး leader တွေကို US နဲ့ အနောက်နိုင်ငံတွေကလည်း ဗုံးပေါလအော အရင်းနှီးထုတ်ပေးရမှာ ချိန်ဆနေပုံရတယ် ။   
PDF ဟာ နစက ကို conventional offensive (သမားရိုးကျထိုးစစ်ကြီးတွေ) ဘယ်တော့မှ လုပ်လာနိုင်မှာ မဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ စစ်တိုက်ဖို့ ငွေရှိတောင် offensive လုပ်နိုင်တဲ့အထိ လူမရှိလို့ ။ တောခိုလူငယ်အင်အား ၅၀၀၀ ရှိရင်တောင် major စစ်ဆင်ရေးမလုပ်နိုင်ဘူး ။ နောက် NUG ဖန်တွေ ပြောနေသလို ဘယ်နိုင်ငံနဲ့ ချိတ်ဆက်ပီ ၊ အသိအမှတ်ပြုပြီ ဘာညာဆိုတာ စိတ်အဆာပြေ ဖိုးသူတော်ဂွင်းထုတာမျိုး သက်သက်ပဲ ။ 

👉 နစက ,, ၉ လအတွင်း မဟာဗျူဟာ အကျိုးအမြတ် % တစ်ခုအနေနဲ့တော့ ထွက်တယ် ။ ရင်းခဲ့ရတာတွေတော့ အများကြီးပဲ ။ နောက်ဆုံး သူ့ကို ထောက်ခံသူ အင်အားစုတွေကိုတောင် ရင်းရတမျိုးအထိ လုပ်ခဲ့ရတယ် ။ ဒါပေမဲ့ သူလည်း ထင်သလောက် profit မရသေးဘူး ။ ဒါပေမဲ့ profit ရမဲ့ အလားအလာတွေတော့ အများကြီး ရှိလာနေပီလို့တော့ ယူဆရတယ် ။ စတာတေဂျီလည်း ပြောင်းကစားလိုက်တယ်လို့ ယူဆရတယ် ။    

👉KIA ,, သူကတော့ ၉ လအတွင်း profit အများကြီး ထွက်တယ် ။ သူ့လှုပ်ရှား ဧရိယာတွေ တိုးလာပီး စစ်ကိုင်းတိုင်းထဲက ရွှေလုပ်ကွက်နေရာတွေကလည်း ဝင်ငွေ ရလာနိုင်စရာ ရှိတယ် ။ လောလောဆယ် လက်နက်ရောင်းနေရတဲ့ ဝင်ငွေလည်း ရှိနေတယ် ။  
ဒါပေမဲ့ KIA အဖြစ်က နစက(တပ်မတော်)က ချမ်းသာပေးထားသလောက်အထိပဲ သူ့ အကျိုးအမြတ်က တာရှည်ခံမယ် ။    
ဘာလို့လဲဆိုတော့ တပ်က ၉ လအတွင်း အခုအချိန်ထိ ကချင်ပြည်နယ်ထဲမှာ စစ်ဆင်ရေးကြီးကြီးမားမား ဘာမှ မလုပ်သေးဘူး ။ လုပ်ရင်လည်း KIA မခံနိုင်ဘူး ။ နောက်လည်း မလုပ်လောက်ဘူးလို့ ယူဆရတယ် ။ အဲဒါကလည်း ငြိမ်း မူဝါဒဆိုတာကြီးနဲ့ တပ်က မဖြစ်မနေ နိုင်ငံတကာကို လုပ်ကွက်ပြရမဲ့ အခြေအနေ မျိုး ဖြစ်နေလို့ ။ နောက်ပြီး KIA ကို တရုတ် MSS ဖိအားတွေလည်း ရှိနေလောက်ပြီ ။ 

👉 KNU ,, အစပိုင်း ခေါင်းဆောင်ပိုင်း သဘောကွဲနေရာက အနောက် ဖိအားကြောင့် နစကနဲ့ သင့်မြတ်လိုသူအုပ်စုကပါ ရောပြီး အမာလိုင်း လိုက်ပေးလိုက်ရပုံရှိတယ် ။ ဒါပေမဲ့ KNU ကလည်း ဝါးအစည်းပြေနေတာ ကြာပြီ ။ သူကတော့ US CIA နဲ့ အချိတ်အဆက်အခိုင်အမာ ရှိပြီးသားမို့ သူ့ကိုသုံးပြီး CIA က ပိုကစားလာလိမ့်မယ် ။ ဒါပေမဲ့ သူလည်း အားနည်းချက်တွေ အများကြီးပဲ ။ အခိုင်အမာ ထိန်းချုပ်နယ်မြေ မရှိတာ ။ ခံစစ်အခိုင်အမာပြင်ထားတဲ့ ၁၉၉၀ ဝန်းကျင်ကလို စခန်းကြီးတွေ မရှိတာ ။ နောက်ဆုံး Major offensive ကြီးတွေ လုပ်နိုင်လောက်တဲ့အထိ လူအင်အား မရှိတာ ။ သူမှာလည်း သူ့ ဝေဒနာတွေ အများကြီးပဲ ။ လောလောဆယ်တော့ profit အရ % အတိုင်းအတာ တစ်ခုထိ အမြတ်ထွက်နေတယ် ။ ရေရှည် profit ထွက်မလားဆိုတာတော့ စောင့်ကြည့်ရမှာဘဲ ။ 

👉 CNF ,, သူကတော့ အရင်က မီးကင်းစောင့်တဲ့ကောင်ကို ပုခုံးပေါ် အပွင့်တင်ပေးပြီး လက်ထဲ Tavor ရလိုက်သလိုမျိုးပဲ ။ အခုမှ နေရာ ရလာတော့ မမြင်ဖူး မူးမြစ်ထင်သလိုမျိုး ။ ချင်းမှာလည်း နစက (တပ်မတော်) က စစ်ဆင်ရေး ကြီးကြီးမားမား ဘာမှ မလုပ်သေးဘူး ။ လုပ်မယ်လို့လည်း မယူဆဘူး ။ profit အရ CNF လည်း % ကြီးကြီးမားမား မရဘူး ။  

👉 AA ,, မဟာဗျူဟာအရ Heavy profit ရသူကတော့ AA ပဲ ။ ဒါကလည်း အထူးရှင်းပြစရာ လိုမယ် မထင်ဘူး ။ ၂၀၁၅ နဲ့ ၂၀၂၁ ကြား တပ်နဲ့ အစိုးရ မသင့်မြတ်မှုမှာ Heavy profit ထွက်သူကတော့ AA ပဲ ။ 

👉 ထိုင်း အစိုးရ ။ သူလည်းပဲ profit ကြီးကြီးမားမားထွက်တယ်လို့ မယူဆဘူး ။ မြန်မာ့ပြသနာက သူ့နယ်စပ်ကို လာရိုက်ခတ်တာကိုး ။ နောက်ပိုင်း ဗျူဟာပြောင်းသွားလိမ့်မယ်လို့ ယူဆရတယ် ။ ဝန်ကြီးချုပ် ပရာယုဒ်က အစပိုင်းတော့ မြန်မာနဲ့ အိုကေ ပါဘဲ ။ ဒဲါပေမဲ့ သူလည်း US ကျောထောက်နောက်ခံနဲ့ အာဏာသိမ်းထားတဲ့ သူဆိုတော့ CIA မူကို ငြင်းလို့မရဘူး ။ နောက် စိတ်ပြောင်းသွားမယ်လို့ ယူဆရတယ် ။ ဒါပေမဲ့ သမိုင်းကြောင်းအရတော့ မြန်မာတွေ ဝါးအစည်းပြေလေ ထိုင်း profit ထွက်လေ လို့တော့ ယူဆလို့ရတယ် ။ 

အဲ့တော့ မြန်မာ့ပြသနာက ကြာနိုင်သေးတယ် ။ နစက က ပြုတ်ကျစရာတော့ မမြင်ဘူး ။ ဒါပေမဲ့ လက်ဝှေ့လိုမျိုး ပြောရရင် တစ်ဖက်ပြိုင်ဖက်ရဲ့ ထိုးလုံးကို ပထမအကြိမ်ခံရပြီးမှ အဲ့နေရာဆီ ဝင်လာတဲ့ ထိုးလုံးကို နောက်က လိုက်ကာနေရတဲ့ ဗျူဟာကို ပြင်သင့်တယ်လို့တော့ ယူဆ မိပါကြောင်း ။ 

Credit
Kyaw Thura Swe