pdf ကိုမြေလှန်ရှင်းနေတာခင်ဗျားတို့ယုံတယ်မဟုတ်လား။
အဖမ်းမခံရင်ရှင်းပစ်တယ်၊မိရင်ထောင်ချမယ်၊။
ဒါနစကရဲ့အဓိကတာဝန်။
ပြည်သူတစ်ယောက်ချင်းကိုကာကွယ်ဘို့မဖြစ်နိုင်ဘူးဗျ။
လူဦးရေ ၅၄ သန်းကိုလုံအောင်ဘယ်လိုကာရမလဲ။
အထင်အရှားဖြစ်တဲ့pdf စခန်းတွေ ဘယ်လိုလက်စတုံးချေမှုန်းနေသလဲ၊ခင်ဗျားတို့သိပါတယ်။
မြို့တွင်းပုန်းခိုခြေကုပ်ယူနေတဲ့အကောင်တွေလည်း နေ့စဉ်နဲ့အမျှ ဖမ်းမိနေတာ တွေ့မှာပါ။
လက်နက်တွေဖမ်းမိတာကောနည်းသလားဗျ။
နစက ကလိုအပ်ချက်အရတက်လာရတာ၊အာဏာအပြီးယူတာမဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့အသိဘဲ။
စတက်ကထဲကအေးဆေးဘဲ၊ပြည်သူတွေဘာမှမပူနဲ့၊ အဘလုပ်ပြမယ်လို့လည်းပြောခဲ့တာမဟုတ်။
အသေအချာတွေးကြည့်ပါ၊သူမှမလုပ်ရင်
နောင် မြန်မာပြည်
ရှိဘို့မသေချာဘူးဆိုတာလည်း တွေးတတ်ရင်လက်ခံရမှာပါ။
ဒီအချိန်ဟာအရေးပေါ်ကာလအခြေအနေဗျ၊
လုပ်ကိုင်ဆောင်ရွက်နေဆဲအခြေအနေ။
၇ လ ၈ လနဲ့ အပြီးငြိမ်စေရမယ်လို့ပြောရဲတဲ့လူရှိလို့လား၊ရှိတယ်လို့ပြောလဲစဉ်းစားတတ်ရင်ယုံမှာမဟုတ်ဘူးဗျ။
နိုင်ငံတကာအားနဲ့စနစ်တကျ ဝိုင်းပတ်ဖျက်ဆီးခဲ့တာ၊ အခုဆိုပိုသိသာသွားပြီ။
ကိုယ့်ဆရာမကိုသတ်တယ်၊ ဘုန်းကြီးသတ်တယ်။
တက္ကစီဆရာသတ်တယ်၊ကလေးလည်းသတ်တာဘဲ၊ကျောင်းလည်းဗုံးထောင်တယ်။
အမလေးဗျာ၊ပြောရရင်အများကြီး။
ဒီလောက် စိတ်ဓါတ်တွေညံ့ဖျင်းစုပ်ပြတ်သွား
အောင်လုပ်သွားခဲ့တာတွေလည်းမြင်သာပါပြီ။
အခုလတ်တလောတော့ရှင်းလင်းနေဆဲဘဲ။
အခြေအနေတွေဟာ အရင်နဲ့မတူတော့တာကလည်းမြင်သာလွန်းတယ်။
ဒါပေမဲ့ အခုလိုလုပ်ကြံမှုတွေကလည်းကြိုးကြားကြိုးကြားရှိနေပြန်တယ်။
အဲ့တော့ အန္တရာယ်ကင်းအောင်ဘယ်လိုလုပ်ရမလဲ။
ရဲလည်းမပေးနိုင် ၊တပ်လည်းမလာနိုင်။
ဒီတော့ ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာတာဝန်ယူရမှာဘဲပေါ့၊ဒါအရှိတရား။
ကိုယ်ကလည်း နိုင်ငံတော်ကိုလုံခြုံရေးစရိပ်ရယ်လို့
ပံပိုးပေးထားတာမရှိခဲ့ဘူးမဟုတ်လား။
ကိုယ့်နေရာကိုယ်အရင်သုံးသပ်။
ဝန်းကျင်ကောင်းရဲ့လား။ ဝန်းကျင်နဲ့ကောအဆင်ပြေရဲ့လား။
ကိုယ့်အလုပ်ကဘာလဲ။ပစ်မှတ်ကြီးဖြစ်နေပြီလား။
ဝန်းကျင်က
ကိုယ့်အပေါ်ဘယ်လိုမြင်နေလဲ။
ဒါတွေသုံးသပ်ပြီး ကိုယ့်ကိစ္စကိုယ့်ဘာသာတာဝန်ယူရမှာဘဲ။
နစကလည်းသူ့အလုပ်သူလုပ်နေတယ်လေ။
အလျင်အမြန်ငြိမ်ဝပ်ပိပြားရေးကို သူကပိုပြီးအမြန်
ရောက်ချင်မှာပါ။
သူတို့ကပိုလို့မြင်တတ်တယ်ဆိုတာကိုယုံကြည်လိုက်ပါဗျာ။
ကိုယ့်ခြံကိုယ့်ဝန်းလုံအောင်ကာ၊ သွားလာနေထိုင်တာဂရုစိုက်ပေါ့။
ဒါက အရေးပါသူတွေကိုပြောနေရတာပါ။
သန်းပေါင်းများစွာသော သာမာန်ပြည်သူတွေကတော့ ဒီလောက်ကြီးအန္တရာယ်မရှိလောက်ဘူးထင်ပါတယ်။
ကဲ ကျုပ်ကိုလည်း မုန်းကြတော့မယ်။
ဒါပေမဲ့ ဒါဟာ ပကတိလုပ်ရမဲ့ အခြေအနေမှန်ပါ။
ပြည်သူကို ဘယ်လိုကာကွယ်ပေးမှာလည်း ပြောနေကြလွန်းလို့ပါ။
pdf ကုန်ရင်အေးမှာ။သူလုပ်နေတယ်။
မြင်မြင်ရာပစ်လို့ရတဲ့အခြေအနေမဟုတ်ဘူးလေ။
ကန့်သတ်ချက်အတွင်းကလုပ်ရတာမို့ စိတ်တော့ရှည်ရမယ်။
ဒါကိုမြင်တတ်ရင် အန္တရာယ်ကင်းအောင်လည်း
နေတတ်မယ်။ စိတ်လည်းချမ်းသာမယ်။
အဖြေကတော့ဒါဘဲထင်တယ်ဗျ။
သဘောကွဲလွဲမှုကိုလည်း နားလည်လက်ခံပါတယ်။
Credit