Monday, March 14, 2022

စစ်ပွဲကို မစိုးရိမ် ၊ သို့သော် ငမွေထိုးများ၏ကောက်ကျစ်စဉ်းလဲ သော ပတ်မွှေချက်ကိုတော့ပူပန်မိသည် ၊


US NSA.... !!

ယနေ့ တနလ်ာနေ့မှာ ရောမ ၌ ၊
အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး
Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး
Yang Jiechi တို့ တွေ့ဆုံပွဲရှိတယ်လို့ သိရပါ
တယ် ၊

ဘာတွေဆွေးနွေးလဲ..
ယန်းကီးတွေ ဘာတွေ အထက်စီးယူ
ပြောလဲဆိုရင်.. ❗

ရုရှားအပေါ် အကြွင်းမဲ့ပိတ်ဆို့ထားတဲ့ 
Sanction တွေကို ဖောက်ထွက်နိုင့အောင်
ဘယ်လိုနည်းနဲ့မှ မကူညီပါနဲ့ ၊
တဖက်လှည့်နဲ့လည်း မကူညီပါနဲ့ ၊

ရုရှားကို အသက်ရှုပေါက်ရအောင် မည်သည့်
နည်းလမ်းနဲ့မဆိုကူညီရင် ဆိုးကျိုး ရလဒ် 
ကြီးမားပြီး ဆုံးရှုံးမှုများပြားမယ်လို့ ဆိုခဲ့ပါ 
တယ် ၊.ဒါ ဘေဂျင်းအစိုးရကို အတိအလင်း
သးတိပေတာလို့ ပြောပါတယ် ၊

ကူညီလာရင် ဖြစ်လာမှာတွေ တခါထဲ ချပြ
မယ်ဆိုပြီး တရုတ်ဟာ ကမ္ဘာကြီးရဲ့ အပစ်
ပယ်ခံ ဘဝ နဲ့ အထီးကျန်သီးခြားဖြစ်လာ
လိမ့်မယ် ၊ တကမ္ဘာလုံးနဲ့ တယောက် ဖြစ်
လာမယ် ၊ ဘာမှ ခြေလက်တွေ လှုပ်မရ
အောင် တရုတ်ကို ဖြတ်တောက်ပိတ်ဆို့
မယ်လို့ ဗြောင်ဘဲ ခြိမ်းခြောက်ပါတယ် ၊
အထူးသဖြင့် ရုရှားဂျုံ ကိစ္စ ၊

ရုရှား ယူကရိန်းကိုတိုက်မှာ အတိအကျ နီးပါး
တရုတ်သိနှင့်ပြီးသားလို့ စွပ်စွဲပါတယ် ၊

တရုတ်ကတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်း
ဖြစ်စေဖို့ ဘဲ အလိုရှိတယ်လို့ ပြောခဲ့ပါတယ် ၊
အရှောင်အတိမ်းတွေနဲ့ စကားကို ထိန်းပြော
ခဲ့ပါတယ် ၊

သို့သော် 

ဒီလို ခြိမ်းခြောက်ခြင်းဟာ ဆန့်ကျင်ဘက်
အဖြစ် ထိုင်ဝမ်ကို သိမ်းယူစေမယ့် တွန်းအား
ဖြစ်သွားစေပါတယ် ၊

တရုတ်ဒေါသဖြစ်ပြီး ထိုင်ဝမ်ကို မသိမ်းသိမ်း
အောင် ပညာပါပါ ဆွ ပေးတဲ့ပုံစံ မျိုးမြင်ရ
ပါတယ် ၊

သဘောက တရုတ်ကော ရုရှားကော
စစ်ပွဲထဲတွန်းပို့ပြီး သူရဲကောင်းကယ်တင်ရှင်
လို အသံကောင်းဟစ်ပြီး

 Asean နဲ့
 Indo Pacific Strategy အင်ဒိုပစိဖိတ်
မဟာဗျူဟာ နဲ့ စီးပွားရေးလက်ဝါးကြီး
အုပ္ဖို့ Indo pacific Open လို့ Plan ခ်
ကြွေးကြော်ထားလို့ဖြစ်ပါတယ် ၊.

ဒီတွေ့ဆုံပွဲရဲ့ အကျိုးဆက်တွေကို မကြာမီ
မြင်ရပါလိမ့်မယ် ၊ 

တဘက်က ပြန်ကြည့်ရင် အမေရိကန်ဟာ
စစ်ပွဲထက် စီးပွားရေး လက်ဝါးကြီးအုပ်
ဖို့ အားသန်နေတာ တရုတ်က. သိသွားပါ
တယ် ၊

စစ်ပွဲထက် နိုင်ငံရေးစီးပွားရေး
အားပြိုင်ဖို့ အကွက်ရွှေ့နေကြတဲ့ပွဲကြီး
ဆိုရင်မမှားပါ ၊

အမေရိကန် တွက်ကိန်းက. တရုတ် ရုရှား
နှစ်ကောင်ထဲက တကောင်ဘဲ ကျန်စေရမယ်
ဆိုတဲ့ သူ့ သောက်ကျင့်အတိုင်း Discussion
War ကို ခင်းကျင်းနေပါကြောင်း ဖော်ပြလိုက်
ရပါတယ် ။

လေးစားစွာဖြင့်

ကိုကြီးစွန်း
လေးလေးမော့ဆက်

Related Posts:

  • စိတ်နာတယ်😠😠😠နှစ်ပေါင်းတစ်ရာလောက် ကျွန်ပြုပြီးဘိုးဘေးစဉ်ဆက် နှိပ်စက်ခဲ့တဲ့ တိုင်းတစ်ပါးသားကိုကျတော့ စိတ်နာပါတယ်အာဏာရှင်ပါလို့ ဘယ်အမေပေးကမှ စောက်သံ မထွက်ကြဘူး😠ဘယ်ထွက်မလဲ -င်ချခံခဲ့ရတာတွေကို မေ့နေပြီး ခုမှစောက်ဒေါ်လာလေး ဖောဖောသီသီသုံး… Read More
  • 🌺 #ဖြစ်နှိုင်ဖွယ်ရာမြင်ကွင်းကျွန်တော်ကြိုတင်သုံးသပ်ထားတဲ့အတိုင်းတိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အနောက်အုပ်စုကပူတင့် အစီအစဉ်ကိုသရုပ်ပြပုံနဲ့ဖေါ်ပြလာတာကိုတွေ့ရတယ်၊💥 ယူကရိမ်းကခွဲထွက်ရေးအင်အားစုရှိတဲ့       Donbass ထဲက ရုရှားတပ်တွေဝင်မယ်၊💥 က… Read More
  • RCSSက မြန်မာနောင်းဆွေဝင်းကို သတိပေးပြီ။#နဂါးမင်း … Read More
  • KNPP, PDF ၏ War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်းတပ်မတော်မှ သွားရောက်ကယ်တင်ခြင်း - အကြမ်းဖက် KNPP+PDF အဖွဲ့များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေပြီး တပ်မတော်ရဲ့တိုက်ခိုက်ချေမှုန်းမှုကြောင့် ရွာအနောက်မြောက်ဘက်က ဟိုဖိတ်ရွာသို့ ထွက်… Read More
  • 🌺 #ယူကရိမ်းအကြပ်အတည်းဆွေးနွေးယူကရိမ်းအကြပ်အတည်းကိုဖြေရှင်းဖို့ရုရှား-အမေရိကန် (၃) ကြိမ်ဆွေးနွေးခဲ့ပြီးဘာရလဒ်မှ မယ်မယ်ရရ ထွက်မလာခဲ့ပါဘူး၊ဒီတကြိမ်ဆွေးနွေးပွဲမှာတော့အမေရိကန်မပါဝင်တော့ပဲ"ရုရှား-ယူကရိမ်း-ဂျမဏီ-ပြင်သစ်"(၄) ဦးဖြစ်လာတယ်၊2014 ယူကရိမ်းအကြပ်အတည်းမှ… Read More