Tuesday, March 15, 2022

😎 #အောက်လမ်းဆရာကြီးအမေရိကန်


ကျွန်တော်မကြာခဏ ရေးတတ်တာတခုရှိတယ်
အမေရိကန်ဟာ
စစ်မျက်နှာ (၂) ခုကိုတပြိုင်နက်ထဲ
ရင်ဆိုင်နေရတယ်၊

    - ရုရှားနဲ့ စစ်ရေးနည်းပညာ
    - တရုတ်နဲ့ စီးပွားရေးမျက်နှာစာ

...........

ပုံမှာ အခြေအနေအတိုင်းသွားရင်
ရုရှားကိုရော၊ တရုတ်ကိုရော
(၄-၅) နှစ်အတွင်း သရဖူလွှဲပေရလိမ့်မယ်၊
Growth rate မှာမယှဉ်နိုင်ဘူး၊

ဒီတော့
အထူးအခြေအနေတခုကို
ဖန်တီးပြီး၊ လောင်းကြေးထပ်လိုက်တာပဲ၊
ပြောရရင်... အမေရိကန်တွေ
အသုံးပြုလေ့ရှိတဲ့ "လက်ဦးမှု " ဆိုတဲ့
Pre-emption နဲ့ ပွဲကိုစလိုက်တာ၊
အလိုလိုသေမဲ့အစား၊ ကံကောင်းရင်
ရုရှားရော တရုတ်ပါ အားနည်းသွားနိုင်တယ်၊

ယူကရိမ်းကို ကြားခံစစ်၊ ခံစစ်သဘောထားပြီး
အပြင်က တိုက်စစ်နဲ့ ကစားနေပါတယ်၊
Sanction သဘောကိုကြည့်ရင်
EU နိုင်ငံ (၃၀) ကအရှုံးကို မျှဝေကြရပြီး
ရုရှားက အားလုံးအရှုံးကို ခံရတယ်၊
ဗျူဟာ သဘောကိုမြင်ကြပါလိမ့်မယ်၊

သိန်း (၄၀) လောက်ရှိသူကို
EU တနိုင်ငံခြင်း (၁) သိန်းစီအနာခံလိုက်ရင်
ပူတင်ဖက်က သိန်း (၃၀) ပြုတ်တဲ့သဘောမျိုး။
ဒါက ဥပမာအနေနဲ့ပေးတာ၊

............

တရုတ်ကိုလဲ
အပါခေါ်နေတာလား
Tricks လုပ်နေတာလားဆိုတာ
မသဲကွဲသေးဘူး၊
မကြာခင်အချိန်မှာတော့
သုံးသပ်ချက်တခု ချနိုင်ပါလိမ့်မယ်
စောင့်ကြည့်စရာ နဲနဲ ကျန်နေသေးလို့ပါ၊

ရောမမှာ
အမေရိကန်-တရုတ် တွေ့ကြတုန်းက
ပြောခဲ့တဲ့စကားတွေနဲ့ ရုရှားက တရုတ်ဆီက
စစ်ရေးအကူအညီတောင်းနေတယ်ဆိုတဲ့
စကားတွေဟာ အမေရိကန်ဖက်က
လုပ်ကြံဖန်တီးပြီး ဖြန့်ကားနေတာပါလို့
တရုတ်ဖက်က စွပ်စွဲလိုက်ပါတယ်၊

#BaMaung (15.3.22) 😎

Related Posts: