Friday, March 18, 2022

ရင်းနှီးမြှပ်နှံမှု နဲ့ နည်းပညာ


          နိုင်ငံတိုင်းမှာ ကျင့်သုံးလေ့ရှိတဲ့ အဓိက စီးပွားရေးစနစ် ၃ မျိုးပဲ ရှိပါတယ် ။ 

- ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်

- စျေးကွက်စီးပွားရေးစနစ်

- ရောပြွမ်းစီးပွားရေး စနစ်

         ဒီနေ့ အောင်မြင်နေတဲ့ တိုင်းပြည်တွေမှာ ရောပြွမ်းစီးပွားရေးစနစ် ကျင့်သုံးနေတာ တွေ့ရပါတယ် ။ ဒီနေရာမှာ တရုတ် ဗီယက်နမ် တို့က ဗဟိုစီမံကိန်းချ စနစ်ဘက်သို့ အနည်းငယ် အလေးပေးပြီး တည်ဆောက်ကြတယ် ။ 

          ရောပြွမ်းစီးပွားရေး စနစ်ကို ယနေ့ မြန်မာနိုင်ငံမှာလည်း ကျင့်သုံးလျှက်ရှိပါတယ် ။ ဒီစနစ်အရ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ မတတ်နိုင်တဲ့ ရင်းနှီးမြှပ်နှံမှု နဲ့ နည်းပညာမြင့် လုပ်ငန်းကြီးတွေ ဆိုရင် အစိုးရက ဆောင်ရွက်ကြရပါတယ် ။ 

        ဒါကြောင့် ရောပြွမ်းစီးပွားရေး စနစ်မှာ အစိုးရရဲ့ ကုန်ထုတ်လုပ်မှု အချိုးဟာလည်း မသေးငယ်တဲ့ ပမာဏအထိ တွေ့ရပါတယ် ။

    အဲလိုအနေအထားမှာ အစိုးရဝန်ကြီးဌာနများရဲ့

- တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့ကြခြင်း ၊

- အရည်အချင်း ညံ့ဖျင်းလွန်းခြင်း ၊

- လာဘ်လာဘအတွက် ကိုယ်ကျိုးရှာကြခြင်း ၊ 

- ယင်း ပြစ်မှုများ ၊ အားနည်းချက်များအတွက် ဝန်ကြီးအဆင့်ထိ အရေးယူမှု မပြုလုပ်ပဲ ဥပေက္ခာပြုထားကာ တာဝန်အကြီးဆုံးရယူထားသည့် တိုင်းပြည့်ခေါင်းဆောင် နဲ့ အရေးကြီး ခေါင်ဆောင်အားလုံး မသိဟန်ဆောင်ကာ ဖုံးဖိထားပြီး ပြည်သူအား ပူးပေါင်း လိမ်ညာနေကြခြင်း ၊ 

        အဲလို တိုင်းပြည်အကျိုးထက် မိမိအကျိုး ၊ မိမိအဖွဲ့အစည်းအကျိုး ၊ မိမိအစိုးရ အကျိုးသာ ကြည့်ခဲ့သော အုပ်ချုပ်သူများကြောင့် ယနေ့ မြန်မာပြည်ရဲ့ ရောပြွမ်းစီးပွားရေးဟာ ဝန်ကြီးဌာနများနဲ့ လူယုတ်မာစီးပွားရေးသမားများရဲ့ ပူးပေါင်းလိမ်ညာ ဂုတ်သွေးစုတ်ခံရကာ ဒါးမနောက်ပိတ်ခွေး ဖြစ်ခဲ့ကြရခြင်းဆိုတာ ပြတ်ပြတ်ထင်ထင် ရှုမြင်တတ်ဖို့ လိုပါပြီ ။ 

      ယခင် နအဖ အစိုးရလက်ထက်ကတည်းက စက်ရုံအသစ်စျေးနဲ့ ဝယ်ယူစာရင်းပြပြီး အဟောင်းအစုတ် ဆေးသုတ်ယူလာတာမျိုးတွေ များစွာ ရှိခဲ့ပါတယ် ။ 

       ဝန်ကြီးဌာနတွေ ဘယ်လောက် အမျှော်အမြင်နည်းခဲ့ပြီး ပညာမဲ့ခဲ့ကြသလဲ ကြည့်ပါ ။ သဘာဓာတ်ငွေ့ များစွာ ထွက်တဲ့ အချိန် ပြည်ပက ရင်းနှီးမြှပ်နှံသူခေါ်ပြီး အခွန် နဲ့ ခွဲတမ်းလေး ယူဖို့ပဲ တွေးတတ်တယ် ။ ငါတို့ အဆင့်မြင့် ကိုယ်ပိုင် သဘာဝဓာတ်ငွေ့အရည်ဖြစ်အောင် လုပ်တဲ့ နောက်ဆုံးပေါ် စက်ရုံထောင်ပြီး ရောင်းစားမယ်လို့ မတွေးခဲ့ဘူး မလုပ်ခဲ့ဘူး တိုင်းပြည်ဘက်ဂျက်ပဲ ရနိုင်သလောက်တွေးပြီး ဝိုင်းခိုးကြတယ် ။   

        ပြည်ပအားကိုးနေရတဲ့ ရေနံ ကိုယ့်ဘာသာ တိုင်းပြည်ထဲ လိုက်ရှာဖို့ စိတ်မကူးဖူး ၊ လာရှာတဲ့ ပြည်ပနိုင်ငံက ရှာဖွေခ နဲ့ ခွဲတမ်းဝေစုလေးပဲ မျှော်ပြီး လုပ်စားတတ်ကြတယ် ။ နည်းပညာ သင်ယူဖို့ ၊ ခေတ်မှီရှာဖွေရေး ကရိယာတွေ ဝယ်ယူရင်းနှီးဖို့ ဘယ်တော့မှ မလုပ်ခဲ့ကြဘူး ။ 

     ကုန်ကုန်ပြောရရင် ရေနံချက် စက်ရုံ အဆင့်မြှင့်ပြီး 92 / 95 ထုတ်လို့ ရနေတာတောင် စောက်ဖြစ်ရှိအောင် မလုပ်ခဲ့ဘူး ။ တန်ချိန် သိန်းချီတဲ့ ရေနံတင်သဘော်တွေကပ်ဖို့ ဆိပ်ခံမရှိလို့ ကိုယ့်လက်သည်းခွံလောက် ရှိတဲ့ စင်္ကါပူကနေ တဆင့် ပြန်ကဲ့ဝယ်နေရတယ် ။ ဘယ်မအေလိုးမှ ဆိပ်ခံကြီး တည်ဆောက်ဖို့ စိတ်မကူးကြဘူး အဆင့်ဆင့်သယ်ယူစရိတ်ထောင်းပြီး မွဲသထက် မွဲအောင်ပဲ လုပ်ခဲ့ကြတယ် ။ 

       နှစ်စဥ်ပြင်ပနေ အဆင့်မြင့် စက္ကူတွေ တန် ထောင်သောင်းချီ ဝယ်နေရတယ် ။ ကုန်ကြမ်းဒီလောက်ပေါနေတာ ဒေါ်လာ သန်း ၂၀၀ တန် နောက်ဆုံးပေါ် စက္ကူစက်ရုံ ဝယ်ပြီး ပြည်တွင်းမှာ အဆင့်မှီမှီ ထုတ်ပေးဖို့ ဝန်ကြီးဌာနတွေ စိတ်ကူးမရှိဘူး ။ လက်သင့်ရာ တင်ဒါခေါ်လိုက် ၊ လေလံပစ်လိုက်နဲ့ အကြံအဖန်လုပ်ပြီး ပြည်သူ့ဘဏ္ဍာခိုးဖို့ပဲ လုပ်တတ်ကြတယ် ။ 

      ပြည်ပက စားဆီ မဝယ်ရအောင် ဦးသန်းရွှေက စီမံကိန်းချပြီး စားအုန်းဆီပင် စိုက်ဖို့ မြေတွေ ဧက သိန်းချီ ချပေးတယ် ။ မအေလိုး ခရိုနီတွေက မြေယူပြီး ဗန်းပြပဲ စိုက်တယ် ၊ နောက်တက်လာတဲ့ အစိုးရ အဆက်ဆက် ပြန်မစစ်ဆေးဘူး လုပ်ချင်ရာလုပ် လာဘ်ထိုးရင် အဆင်ပြေတယ် ။ အခုထိ စားဆီ မထွက်တာ ဘယ်မမေလိုးမှ အဲဒီမူလစီမံကိန်း အသက်ဝင်အောင် မကြိုးစားကြဘူး ။ 

          ဦးသန်းရွှေက ပြည်ပအစားထိုး လူသုံးကုန်တွေ ထုတ်လုပ်ဖို့ စက်မှုဇုံတွေ ထူထောင်ခဲ့တယ် ။ မြေကွက်တွေ စျေးပေါပေါနဲ့ ယူပြီးအလုပ်မလုပ်ပဲ တကယ်လုပ်မယ့် လူတွေကို အဆမတန်စျေးတင်ရောင်းတယ် ။ မြေကွက်တွေ ဒီအတိုင်းထားတယ် ။ စက်ရုံမဆောက်ရင် ပြန်သိမ်းဖို့ စည်းကမ်းချက်ထဲ ထည့်ထားပေမယ် ဦးသိန်းစိန်အစိုးရကော ဒေါ်စုကြည်အစိုးရရော လာဘ်စားကြပြီး မြေတကွက်မှ ပြန်မသိမ်းခဲ့ကြဘူး ။ ဘယ်လိုလုပ် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်လာမလဲ ။ 

         စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ ဆိုပြီး တဧက ၁၀၀၀ိ / နဲ့ သစ်တောမြေတွေ ချပေးတယ် ။ သစ်ခုတ်ရောင်းစားပြီး ပြန်လာကြတယ် ဗန်းပြ ​ကြက်ဆူ နဲ့ လမ်းဘေးမှာ ပိန်လိန်နေတဲ့ ကျွန်းနည်းနည်း စိုက်ပြတယ် ။ အဲလို လုပ်ခဲ့တဲ့ ကုမ္ပဏီတွေ အများကြီး ဘယ်သူမှ အရေးမယူဘူး ။ ဖူလုံပါလိမ့်မယ် ရိက္ခာတွေ ။ 

        ရှေ့က ကောင်းတဲ့အတွေးအမြင်နဲ့ တည်ဆောက်ခဲ့ကြတယ် ၊ နောက်ကလူတွေက လာဘ်စားပြီး ဆက်မလုပ်ဖူး ။ 

       ဝန်ကြီးဌာနတွေ ရေရှည်အတွက် ခေတ်မှီစက်ကရိယာတွေ ၊ နည်းပညာတွေကို ရင်းနှီးမြှပ်နှံဖို့ လိုနေပါပြီ ။ ဘက်ဂျက်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှု နဲ့ အကျိုးအမြတ်အား ယုတ္တိဗေဒ ရှိရှိ တင်ပြရင် ကျလာပါလိမ့်မယ် ။ 

         ဆီအုံး အပါအဝင် စိုက်ပျိုးရေးအတွက် ဗန်းပြမြေယူထားခြင်းအား ပြန်လည်စီစစ်ပြီး ခါတော်မှီစိုက်ပျိုးခြင်းအား လက်မခံပဲ သမာသမတ်ကျကျ စီစစ်၍ မြေများပြန်လည်သိမ်းယူပြီး အမှန်တကယ် စိုက်ပျိုးနိုင်မယ့် ဒေသခံပြည်သူများအား ပေးဝေပါက စားနပ်ရိက္ခာအတွက် အထောက်အပံ့ဖြစ်စေပါလိမ့်မယ် ။ 

        ရူးကြောင်ကြောင်နဲ့ စျေးကွက်စီးပွားရေးစနစ်ကွ ဘာညာ နဲ့ အော်မနေနဲ့အုံးနော် မြန်မာပြည်က စနစ်ကို ရောပြွမ်းစီးပွားရေးစနစ်လို့ ခေါ်တယ် ။ စက်ရုံအကြီးစားတွေကို နိုင်ငံတော်က ရင်းနှီးမြှပ်နှံထားတာ မြင်အောင်ကြည့်ကြပါ ။ 

       ကိုရွှေမျိုးဝင်း

။ ။ အနာဂါတ်အတွက် ရေးတဲ့ စာကို လက်ရှိအခြေအနေနဲ့ ပိုင်းဖြတ်သုံးသပ်နေရင်ဖြင့် ဆိုလိုရင်းနဲ့ ဝေးကွာသွားပါလိမ့်မယ် ။

(ဒီလို အမတ် ဒီလို ဝန်ကြီးတွေ နဲ့ တည်ဆောက်နေတိုင်းပြည် ဘယ်တော့မှ မတိုးတက်နိုင်ဘူး ရဲရဲတင်းတင်းနဲ့ မြေလှန်ပစ်ရဲတဲ့ ခေါင်းဆောင်ရှိဖို့ အရေးကြီးဆုံးပဲ)