Monday, March 14, 2022

ဒွန်ဘတ်စ်သို့ပြည်ပစေတနာ့ဝန်ထမ်းများစေလွှတ်ရေး ပူတင်ခွင့်ပြု (Putin approves sending foreign volunteers to Donbass)


မော်စကို၊ မတ် ၁၂ ရက် 

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှစေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည်ကြေးစားစစ်သားများ စုစည်းအသုံးပြုခြင်းနှင့် ၎င်းတို့အား ယူကရိန်းသို့ စေလွှတ်နေခြင်းမှာ ဖုံးကွယ်ထား၍မရကြောင်း ပူတင်က ရုရှားလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

“လွတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါဝင်လိုခြင်းကြောင့်” Lugansk and Donetsk သို့ လာရောက်လိုသည့် “နိုင်ငံအသီးသီးရှိ စေတနာ့ဝန်ထမ်းအမျိုးမျိုးထံမှ လျှောက်ထားမှု အမြောက်အများ” လက်ခံရှိခဲ့‌ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပူတင်အား ပြောကြားခဲ့သည်။ 

“အရေအတွက်အများဆုံးကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကပါ။လျှောက်ထားမှုပေါင်း ၁၆,၀၀၀ ကျော်ရှိပါတယ်” ဟု Shoigu အစီရင်ခံခဲ့သည်။ 

“အကယ်၍ သင်ဟာ အထူးသဖြင့် ငွေကြေးအတွက်မဟုတ်ဘဲ အခြေခံစေတနာ့ဝန်ထမ်းလုပ်လိုတဲ့သူတွေကို တွေ့မြင်ချင်တယ်ဆိုရင် ဒွန်ဘတ်စ်ကိုလာခဲ့ပြီး အဲဒီကပြည်သူတွေကို ကူညီလိုက်ပါ။ လမ်းခုလတ်မှာပဲ သူတို့နဲ့တွေ့ဆုံနိုင်မှာဖြစ်ပြီး စစ်မက်ဇုန်ကနေ သူတို့ရွှေ့ပြောင်းပေးဖို့အထောက်အကူဖြစ်စေမှာပါ” ၎င်း၏ အစီရင်ခံစာကို ကြားနာပြီးနောက် ပူတင်က ပြောခဲ့သည်။ 

ထိုပြင် ယူကရိကန်းနိုင်ငံရှိ ရုရှားစစ်တပ်မှ သိမ်းဆည်းရမိသော အနောက်နိုင်ငံထုတ် လက်နက်များအား ဒွန်ဘတ်စ်ရှိ တပ်ဖွဲ့များထံ လွှဲပြောင်းပေးရေး Shoigu ၏ရှေ့ပြေးအစီအစဉ်ကိုလည်း ပြန်လည်ပြောကြားခဲ့သည်။  

Source...(Xinhua) 

Minn Lwin

Related Posts:

  • နီပိန်း​တွေတော်သင့်ပြီ     လွန်ခဲ့တဲ့ ၁နှစ်ကျော် အမေရိကန်မှာ လူမဲဂျော့ဖလိုက် လူဖြူရဲတွေကြောင့် သေတော့ ပြည်သူတွေ လမ်းပေါ်ထွက်ကြ ဆူပူသောင်းကြမ်း ကုန်တိုက်တွေဖောက် ပစ္စည်းလု မီးတွေရှို့လုပ် ကြပါတယ်။ ပစ္စည်းလုတာမှ အဝတ်အထည် အကောင်းစားတွေ၊ HD TV တွေလုတာန… Read More
  • * * * ပရဟိတအလုပ်ဆိုတာ          နာမည်ကြီးသူတိုင်းလည်း မလုပ်ဘူး။          ပိုက်ဆံရှိသူတိုင်းလည်း မလှူဘူး။          ခွန်အားရှိသူတိုင်းလည်း မကူညီဘူး။          အချိန်အားသူတိုင်းလည်း စိတ်မဝင်စားဘူး။              * * *   ပျော်ရွှင်ငြိမ်းချမ်းစေချင်တဲ့ မ… Read More
  • မန္တလေးတွင် NLD အကြမ်းဖက်အုပ်စုမှ ဓားပြဝင်တိုက်မန္တလေး၊ ဇူလိုင် ၂၄(MHTnews)မန္တလေးမြို လမ်း ၄၀၊ ၆၃ ၆၄ ကြားရှိ နေအိမ်တစ်အိမ်အား ယနေ့(ဇူလိုင် ၂၄ ရက်)နေ့လည်ပိုင်းက NLD အကြမ်းဖက်အုပ်စုမှ လူ ၅ ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်းသိရသည်။အဆိုပါ NLD ဓားပြများအား အနီးရှိပြည်သူများမှ ဝိုင်း… Read More
  • ဒီလောက်ဒုက္ခရောက်နေချိန် လူလိုသိကြပါဘုရားဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါဗုဒ္ဓဘုရားဆိုတာ အိန္ဒိယတိုက်ငယ်ထဲကမင်းသားတစ်ပါးသာမာန်လူပုဂ္ဂိုလ်တစ်ယောက်ပဲမို့အရမ်းအလေးအနက်ထားပြီးကိုးကွယ်စရာမလိုပါဘူးတဲ့တရားဂုဏ်ကို ဖျက်ဖို့ကြံစည်တဲ့အခါသတင်းစာရဲ့ မျက်နှာဖုံးထောင့်နားကဗုဒ္ဓအဆ… Read More
  • မစားရတဲ့အမဲ သဲနဲ့ပက်ကြသူများအကြောင်း#ကိုအောင်မင်းhttps://www.mediafire.com/download/tk5zmabjtci246h… Read More