Sunday, March 27, 2022

အမေရိကန်နှင့် နေတိုးအဖွဲ့အနေဖြင့် မည်သူ့ကိုမျှ ဩဇာအာဏာပြခွင့်မရှိသလို တရားစီရင်ခွင့်လည်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဆို


ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံနှင့်နေတိုးအဖွဲ့အနေဖြင့် ဆားဘီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံများရှိ ပြည်သူများအပေါ်ကျူးလွန်ခဲ့သော ၎င်းတို့၏ ရာဇဝတ်မှုများအား ပြန်မသုံးသပ်သရွေ့ မည်သူ့ကိုမျှ ဩဇာအာဏာပြခွင့်မရှိသလို တရားစီရင်ခွင့်လည်းမရှိကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က မတ် ၂၅ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက 
 “၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုပြီး အချုပ်အခြာအာဏာပိုင် ယူဂိုဆလပ်ဗီးယားဖက်ဒရယ် ပြည်ထောင်စုကို ရက်ပေါင်း ၇၈ ရက်တိုင်တိုင် အဆက်မပြတ်ဗုံးကြဲခဲ့တာက နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းတွေနဲ့ ဆက်စပ်တဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ကြီးမားစွာချိုးဖောက်တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၂,၀၀၀ ကြိမ်မှာ ပေါက်ကွဲအားပြင်းတဲ့ဗုံး တန်ချိန် ၁၀,၀၀၀ ကျော် နဲ့ ဒုံးကျည် အစင်းရေပေါင်း ၃,၀၀၀ ကျော်ကို ကျန်းမာရေးအဆောက်အဦတွေကနေ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ လူနေအဆောက်အဦတွေနဲ့ကျောင်းတွေအထိပါမချန် နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားသတင်းထောက် ၃ ဦးအပါအဝင် အပြစ်မဲ့အရပ်သား ထောင်ပေါင်းများစွာသေဆုံးခဲ့ကြပါတယ်၊ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေတိုး အဖွဲ့ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေတားမြစ်ထားတဲ့ အလွန်အန္တရာယ်များတဲ့ ယူရေနီယမ် ဗုံးတွေကိုတောင် အသုံးပြုခဲ့ကြတာကြောင့် ဆာဘီးယားပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ ဆာဘီးယားနိုင်ငံတစ်ဝန်း ကာလရှည် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားစေခဲ့ပါတယ်။ ဆာဘီးယားပြည်သူတွေ သာမက တရုတ်နိုင်ငံသားတွေရော တစ်ကမ္ဘာလုံးကပါ နေတိုးအဖွဲ့ရဲ့ ကျူးကျော်ရန်စမှုကို မေ့ပျောက်သွားနိုင်လိမ့်မှာမဟုတ်ပါဘူး။ ယူဂိုဆလပ်ဗီးယားဖက်ဒရယ်ပြည်ထောင်စု ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ၂၃ နှစ် ပြည့်ချိန်မှာ နေတိုးအဖွဲ့က ညီလာခံတစ်ခုကို သက်သောင့်သက်သာ ကျင်းပနေကြပါတယ်။ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေအနေနဲ့ ယူကရိန်းပဋိပက္ခရဲ့ အစစ်အမှန်အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်ရောမေးခွန်းထုတ်မိလားဆိုတာကို မိမိအနေနဲ့ သိပ်ကို စိတ်ဝင်စားမိပါတယ်။ အမေရိကန်နှင့်နေတိုးအနေနဲ့ ဘယ်ဟာကို တာဝန်ယူမှုတာဝန်ခံမှုလို့ ယူဆပါသလဲ အမေရိကန်နဲ့နေတိုးအဖွဲ့အနေနဲ့ သူတို့ရဲ့ ဆားဘီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံ နဲ့ ဆီးရီးယားနိုင်ငံတွေက ပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်မသုံးသပ်သရွေ့ ဘယ်သူ့ကိုမှဩဇာအာဏာပြခွင့်မရှိသလို တရားစီရင်ခွင့်လည်းမရှိပါဘူး။ စစ်အေးတိုက်ပွဲ အစိတ်အပိုင်းတစ်ခုအဖြစ် နေတိုးအဖွဲ့မှာ စစ်ပွဲဖြစ်ဖို့ကလွဲလို့အခြားရည်ရွယ်ချက်တွေမရှိပါဘူး သူတို့ဟာ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို လုံးဝ ဆောင်ကြဉ်းပေးခဲ့တာမဟုတ်ဘူး နောင်မှာလည်း ဘယ်တော့မှလည်းလုပ်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အစစ်အမှန်ချစ်မြတ်နိုးသူအားလုံးဟာ အဆင့်မြင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နေခဲ့ကြပြီး နေတိုးရဲ့ စဉ်ဆက်မပြတ်ချဲ့ထွင်မှုတွေကို သေချာပေါက် ဆန့်ကျင်ကြမှာဖြစ်ပါတယ်။” ဟုဆိုသည်။

(Xinhua)

Related Posts:

  • ဆီစျေးကြီး၍ ဆေးစျေးချိုပါစေ               ဒီကနေ့ ဖတ်လိုက်မိတဲ့ ပို့စ် တခုကို ထပ်ဆင့်ရေးသားဖို့ လိုအပ်နေလို့ ရေးလိုက်ရပါတယ် ။        မြန်မာနိုင်ငံထဲကို 2012-13 လောက်မှာ တရုတ်တယောက် ရောက်လာ… Read More
  • သိထားသင့်တဲ့ အကြောင်း.. NLD တို့ ဇောင်းထ အာဏာရချိန်တုန်းက ၁၉၉၀ ရွေးကောက်ပွဲရလာဒ် နဲ့ ပတ်သက်ပြီး နီပိတ်တွေကို အထောက်အထားနဲ့ ငြင်းခဲ့မိတဲ့ ပို့စ် အဟောင်းလေးပါ ။ မိတ်ဆွေ Mya Myo Thitsar ACC မှ ပြန်တင်ထားလာတာ တွေ့မိလို့ မဖတ်ဖူးသူ မိတ်ဆွေသစ်များအတွက် … Read More
  • ခန့်မှန်း နိုင်ငံရေး         မနေ့က ဒေါ်စုကြည်အား အမိန့်မချဖြစ်သည့် အပေါ် ဝေဖန်နေကြရာမှာ လေလှိုင်း တရားသူကြီး များစွာကိုလည်း တွေ့ရပါတယ် ။ တဖန် ည ၈ နာရီ သတင်းမှာ ရဟတ်ယာဥ် ဝယ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ နှစ်တန် ပုဒ်မ ထပ… Read More
  • ဘာတွေ ပူပန်နေကြတာလည်း         ခရီးထွက်ပြီး ပြန်ရောက်တော့ ပင်ပန်းတာနဲ့ အိပ်ကောင်းနေတုန်း ငမျိုး ရေ ငမျိုး ဆိုတဲ့ အာပြဲသံကြီး နဲ့ အိမ်ရှေ့က အော်နေတဲ့ ကိုစိုးကြောင့် လန့် နိုးပြီး ကပျာကရာ မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ… Read More
  • မပြတ်သားရဲတဲ့ ကုလ နဲ့ NUG ရဲ့ ပန်ဒိုရာ box      ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေး အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့            ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်က… Read More