Tuesday, March 15, 2022

စစ်သတင်းအမှန်နဲ့ စစ်ရေး သုံးသပ်ချက်လေးတွေနဲ့ စလိုက်ကြရအောင်လား ခင်ဗျာ


             ခုတစ်လော သိပ် HOT ဖြစ်နေတဲ့ ကော့က
ရိတ်က တိုက်ပွဲသတင်းနဲ့ စလိုက်ကြရအောင်ပါ
ကော့ကရိတ်နဲ့ ဘီးလင်းကို KNLA နဲ့ KKO ခွဲထွက်
ကျော်သက် တို့ပူးပေါင်းပြီး KNLA 1/5 ပူးပေါင်းပြီး ဝင်မတွယ်ခင် ၃ ရက်လောက်ထဲက ခြေလျင် စစ်သည် ဗိုလ်စောအနေနဲ့ သတိပေး တဲ့
POST တင်ပေးခဲ့ပါတယ်
              မနေ့ ညနေပိုင်းထဲက ငပွေးတွေဟာ ကော့
ကရိတ်မြို့ကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဝင်ရောက်လာတာပါ
ကော့ကရိတ် ဂေါက်ကွင်းဘက်မှ တစ်ဖွဲ့ နဲ့ ကားလမ်းအတိုင်း စူပါကန်စတန် Ambulance ကား၂
စီး ဆိုင်ကယ်တွေနဲ့ ဟန်ချက်ညီ ဝင်ရေ ာက်လာတာဟာ ညဦးပိုင်း ၉ နာရီကို န နာရီ H Hour
အဖြစ်သတ်မှတ်ပြီးဝင်ရောက်လာတာပါ
              ကားနဲ့ ဆိုင်ကယ်တွေနဲ့ ဝင်လာတဲ့ အဖွဲ့ကို
လမ်းပြသူကတော့ ကော့ကရိတ် ထွေ/အုပ်ရုံးက
ဒုဦးစီးမှုး ကောင်းထက်ဇော် ဦးစီး ပီဒက်အဖွဲ့က
လမ်းပြပေးတာပါ ဒီကောင်တွေက ချီးထုတ်တွေပါ ထွေ/အုပ်ဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို CDM လုပ်ဖို့နဲ့ အခွင့်ထူးတွေ ဘယ်လိုခံစားရ
မယ်ဆိုတာပြောပြီး စည်းရုံးခဲ့တဲ့ကောင်ပေါ့
                ငပွေးနဲ့ မြို့ခံ PDF အင်အား ရာကြီးပိုင်း ရှိပါတယ် ဂေါက်ကွင်းဘက်က ဝင်လာတဲ့ ငပွေး စစ်ကြောင်းက ခလရ ၉၇ ကို မာလား
ပျော့လား သွားစမ်းတာ ခလရ ၉၇ က အမုန်း
ပြန်ကြွေးတော့ တပ်လန်သွားတာပေါ့
                 မြို့ထဲဝင်လာတဲ့ သူတို့ အခေါ် ကွန်မန်ဒို
အဖွဲ့ ကတော့ ကော့ကရိတ်မြို့အဝင် ချောင်းတောင်တံတားကျော်ပြီး နောက်ဆုံး ရပ်ကွက် ၇
ပန်းခြံနားတဝိုက်အထိ ထိတွေ့မှုများ ဖြစ်ခဲ့တာပါ
                 တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲနဲ့ သွား
ပေါက်တော့ လှိုင်းဂယက်တွေတော့ ထကုန်တာ သဘာဝ ဘဲလေ သူဆော် ကိုယ်ဆော် ဆော်လိုက်ကြတာ ည ၉ နာရီမှ ၁၀ နာရီ ကျော်အထိပါဘဲ
ဒါဏ်ရာရတဲ့ ကောင်တွေကို ပြန်တင်ပြီး ပြန်ထွက်ပြေးသွားရလေရဲ့ဗျာ ပြန်လည်စုဖွဲ့ပြီး တကျော့ပြန် ထိုးစစ်ဆင်နိုင်ပါသေးတယ် စစ်ရေးသတိရှိပါခင်ဗျာ
                 KKO ခွဲထွက် ကျော်သက် သောက်ရှက်ကွဲတဲ့ ပွဲ ဆိုလည်း မမှားဘူးပေါ့    
KNLA 4 တပ်မဟာ ၄ ထီးခီးခွင်ကတော့ ၁၃ ရက်နေ့က နေ့လည်ပိုင်း ထားဝယ် အခြေစိုက် ခလရ 
နောက်ပိတ် ၇ တပ်ရင်းကို နယ်ဒါးမြရဲ့ အဖွဲ့က
ခြုံခို Ambush လုပ်တယ်
               ထီးခီး သွားတဲ့လမ်း ဝါးတောရွာ နဲ့ မနီးမဝေးမှာ အရပ်ကားနဲ့ ချီတက်လာတဲ့ တပ်မတော် စစ်ကြောင်းကို ဝိုင်းသမတာပါ တပ်ရင်းမှုးအပါအဝင် အရာရှိ စစ်သည် ၈ ဦးသေ
တယ် ဘာညာ Fake News ကို မယုံကြပါနဲ့
               ဖြစ်စဥ္မှာ တပ်က အရာရှိ အိုင်အိုနဲ့ စစ်သည် ၃ဦး ကျတယ် လက်နက်တွေ ပါသွား
တာက သူတို့ ဖေါ်ပြသလို အများကြီး မဟုတ်ပါဘူး ဒါကို နားလည်ဖို့ လိုပါတယ် ရန်သူဟာ
တစိတ်ကို တစ်အိပ် လုပ်တတ်ပါတယ်
             နောင်ချို ခွင် ဆိတ်ဖူးခွင် ကျောက်ဂူ ရေလည်တောင်ဘက် ဆိုတာ နောင်ချိုနဲ့ ၅ မိုင်
လောက်ဘဲဝေးတာပါ အင်အားက ရာကြီးပိုင်း
ထောင်ဂဏန်းရှိတယ်လို့ နောက်ဆုံးသတင်းရတယ်
ရဟတ်ယာဉ် နဲ့ သမလိုက်တာ ခြေလျင် လှုပ်ရှား
စစ်ကြောင်း လနက တွေရဲ့ ပစ်အားနဲ့ စစ်ကစား
လိုက်တာ မနေ့ ညနေက အလောင်း ၅၀ ကျော်
နဲ့ လက်နက်မျိုးစုံ ၂၀ ရလိုက်တာ ဘယ်သူငြင်း
မလဲဗျာ
               ဒီကောင်တွေက ဆိတ်ဖူးခွင် ဆိုတာ အရင်က TNLA မရောက်ပါဘူး ဒေသ ပျောက်ကျား SSPP/SSA လှုပ်ရှားတာပါ ၁၃ ရက်နေ့ထဲက နောင်ချိုကို သမ ဖို့ စုစည်းလာတဲ့ အင်
အားက မထင်ထားဘူးဗျ
              MNDAA ရယ် SSPP/SSA ရယ် TNLA
ရယ် အင်အားပေါင်းပြီး လာသမတာပါ
အလောင်းတွေကို ကျင်းအကြီးကြီး တူးပြီး စုပေါင်း
မြေမြှုပ်ပေးခဲ့ရတာပါ နောင်ချို ဒေသခံတွေသာ 
မေးကြည့်တော့ဗျာ ခုလို အမှန်သတင်းတင်ရင်
ဝိုင်း ဟောင်ဖို့ဘဲ တတ်တဲ့ ခင်ဗျားတို့ သောက်ကျင့်ကို ကြိုက်ကို မကြိုက်တာ   
             FAKE News မမှန်သတင်းတွေ ဖြန့် ပြည်သူလူထု ထိတ်လန့်အောင် လုပ်နေကြတာ ပျော် မနေနဲ့ ခေါင်းကြီးတို့ ငါ့အသက် ၆၀ တန်း
အဖိုးကြီးက ကရင်လူမျိုးနော် မမှန်ရင် ထောက်ပြကြစမ်းပါ
               PP ကို အမှန်တင်ထားပြီး သတ္တိရှိလို့
PUBLIC ဖွင့်ပြီး တင်တဲ့ စစ်သတင်း တိုင်းအတွက်
တာဝန်ယူတယ် ထစ်ကနဲရှိ ဝိုင်းပြီး ဝုန်း မယ်
ဆိုတာကြီးဘဲ လုပ်မနေကြနဲ့ဟ
               တပ်မတော်မှာ နှစ် ၃၀ နီးပါး ခြေလျင်
ခြေမြန်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်း
ဆောင်ခဲ့တဲ့ စစ်သား ရှင်းလား မိုက်ရိုင်းတဲ့
Comment တွေအတွက် So Sorry ပါဘဲ
              ဒီမိုကရေစီ ခေတ်ကာလမှာ လွတ်လပ်စွာ
ကွဲလွဲပိုင်ခွင့် ရှိတာဘဲလေ ခင်ဗျားတို့က ခင်ဗျား
တို့ ကြိုက်တဲ့ စရိုက်တူ အဖွဲ့အစည်း အသင်းအဖွဲ့ကို ထောက်ခံတာ ခင်ဗျားတို့ သမိုင်းဘဲ
            ကျုပ် မမိုက်ရိုင်းဘူး သည်းခံ နားလည်ပေးတယ် နီပိတ်တွေထဲမှာ ယဉ်ကျေးတဲ့ အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ လေးစားပါတယ်
ခင်ဗျားတို့ Comment တွေ ဖတ်ပြီး စိတ်မဆိုးတဲ့
အပြင် ထိုင် ရယ်နေလိုက်တော့တယ်ဗျာ
              သတင်း အမှန်သိရဖို့က NET ခေါ် ကွန်ယက် လိုပါတယ် သတင်း တစ်ပုဒ်ရဲ့ ယုံကြည်
ရမှု အဆင့်အတန်းတွေကို ချိန်ဆရပါတယ်  
အနဲဆုံး ပြည့်စုံတဲ့ သတင်းတစ်ပုဒ်မှာ အခြေခံလို
အပ်ချက်တွေဖြစ်တဲ့ What When Who Which
Where ဆိုတာ လောက်က မပါ မဖြစ်ပါရပါတယ်
             Source ဆိုတဲ့ သတင်း အရင်းအမြစ်က
ဘယ်လောက်ယုံကြည်ရသလဲ Confirm လုပ်ရ
တာကလည်း အကြိမ်ကြိမ်ပါ ဘက်ပေါင်းစုံက
နေ ထိုးနှက် တိုက်ခိုက်လာမဲ့ အူကြောင်ကျား တွေ
ရဲ့ ထင်မြင် သုံးသပ်ချက်တွေကို ဖြေရှင်းနိုင်
အောင် စီမံထား ပါတယ်
             ကိုယ်တင်တဲ့ Post ကိုလည်း တာဝန်ယူမှု
တာဝန်ခံမှုရှိရပါ့မယ် မီဒီယာကောင်စီမှာ သ
တင်းထောက်တစ်ယောက်ရဲ့ လိုက်နာရမဲ့ ကျင့်ဝတ်
နဲ့ သတင်းဌာန ရဲ့ ထုတ်ပြန်တဲ့ သတင်းအပေါ်လူပြိန်းကြိုက် ထုတ်လွင့်ပြီး ပြည်ပ သြဇာခံ ငွေယူ
နေရင်တော့ တစ်နေ့ အရေးယူခံရပါမယ်
                Post ရှည်သွားတာ ခွင့်လွှတ်ပါခင်ဗျာ
ကဲ စစ်သတင်းတွေ ဆက်စောင့် ကြည့်ကြတာပေါ့ဗျာ ကြည်း ရေ လေ တပ်မတော်သားများအားလုံး တိုက်ပွဲတိုင်း အောင်မြင်ပါစေ ရဲဘော်
တို့ ဆင်နွှဲနေတဲ့ တရားသောစစ် မုချ အောင်ရမည်
ဆရာသမားများနဲ့ သူငယ်ချင်းများအားလုံးကိုလေး
စားရိုသေစွာဖြင့် ခြေလျင်စစ်သည် ဗိုလ်စော
၂၀၂၂ မတ် ၁၅ ၁၀၄၅